ဒီရက်ပိုင်းဘာတွေရှုပ်မှန်းမသိရှုပ်ယှက်ခက်နေရော။
ဒီကြားထဲမြန်မာဖုန့်ကိုဘုမသိဘမသိယူနီကုဒ်ပြောင်းလိုက်မိတည်းက
ရွာတွေလည်လိုက်တာ မြန်မာစာတောင်သဲသဲကွဲကွဲမမြင်ရတဲ့ဘဝ
ကိုယ်ကနားမလည်တာမို့ဖြစ်မှာပါ
အဲလိုနဲ့မနေ့ကတော့အပန်းဖြေ၊ဘာအလုပ်မှလဲမရှိတာမို့
ဈေးဝယ်ပစ်ပါတယ်
အတော်ရင်းနှီးတဲ့သူငယ်ချင်းအမနဲ့ပါ
သူကနှစ်ပေါင်းများစွာနေလာခဲ့သူမို့ဂျပန်ကိုအတော်နှံ့စပ်တယ်ဆိုရပါမယ်
အဲလိုနဲ့အိခဲဘုခုရိုးဘူတာအောက်က ဆန်းရှိုင်းမှာနှစ်ယောက်သား
မိုးလင်းတည်းကကော်ဖီသောက်ပြီးတည်းက ပတ်လိုက်တာ
နည်းနည်း၊နည်းနည်းနဲ့နည်းနည်းတော့ဝယ်ဖြစ်သွားပါတယ်
:D
ပြီးတော့နေ့လည်၂နာရီက၄နာရီအတွင်းဟီရိုရှီးမား၊မိယာဂျိမကယောင်းမက
ငါးပို့ပေးတာပါဆယ်လက်ခံယူရမှာမို့ ဈေးပတ်ပြီး
တရုတ်ဆိုင်မှာ နှစ်ယောက်သား ခေါက်ဆွဲပြုတ် (လာမန်)နဲ့ဖက်ထုပ်ကြော်(ဂရောဇာ)စားပြီး
ဘူတာမှာလမ်းခွဲ ၊ဒါတောင်စကားမျှင်ကမပြတ်နိုင်သေးပါဘူး ပြီးတာနဲ့အိမ်ကိုအသေပြေး
၂နာရီခွဲမှရောက်ပါတယ်
၎နာရီလောက်မှာမလာတော့ဘူးလို့ထင်တဲ့ငါးပုံးကြီးကရောက်လာပါတယ်
ငါးကတပေကျော်ခန့်မို့မျက်လုံးပြူးသွားပါတယ်
သူ့ဆီကလာပြီလားဆိုတဲ့ဖုံးဝင်လာပြီးရေခဲသေတ္တာထဲထည့်နော်တဲ့ :D
သေချာမှာရှာတယ်
ကိုယ်ကပေါက်ကရလုပ်လွန်းလို့
ပြန်လာမှသူကိုယ်တိုင်ငါးကိုင်မယ်တဲ့လေ
ကိုယ်ရဲ့ကျွမ်းကျင်မှုကိုအထင်သေးလိုက်လေခြင်း
ဒါပေမဲ့မောနေတော့သက်သာတယ်ဆိုပြီးအင်းလို့သဘောတူလိုက်တယ်
ညကျတော့ ဆာရှီမီလုပ်စားတယ်
လတ်ဆတ်တာမို့ငါးကမာမာတင်းတင်းနဲ့အတော်ချိုပါတယ်
စကားမစပ် ရောက်စကဆာရှိမိမစားနိုင်ပါဘူး ညှီလို့
ဒါပေမဲ့ဆာရှီမီဆိုတာ ၀ါဆာဘိလို့ခေါ်တဲ့ ငရုတ်စပ်အစိမ်းနှစ်နဲ့အရင်တို့
ပြီးမှငံပြာရည်နဲ့တို့စားမှ အညှီနံ့ပျောက်တာသတိထားမိပါတယ်
ငါးပေါ်မူတည်ပြီးတချို့ငါးကျတော့ ၀ါဆာဘိအစားဂျင်းနှစ်နဲ့အရင်တို့စားပါတယ်
ဒီတိုင်းငံပြာရည်နဲ့ပဲတို့စားရင်တော့ညှီနံ့မပျောက်ပါဘူး
Aug 19, 2009
ရှုပ်ယှက်ခက်တဲ့နေ့များ
10:10 AM
ကျော်နှင်းဆီလွင်
Total Pageviews
URL Address
Categories
- ကုန်ပစ္စည်းအညွှန်း (8)
- ကျန်းမာရေးနှင့်ဆေးဝါး (3)
- ဂျပန်ဘာသာ (8)
- ဂျပန်ဘာသာသတင်းများ (7)
- ဂျပန်မှာ (93)
- ဂျပန်သတင်း (22)
- ဂျပန်အစားစာ (12)
- ဂျပန်ဈေးဝယ်အညွှန်း (11)
- မြန်မာအစားစာ (7)
- ဘာသာပြန်သတင်း၊ဆောင်းပါးများ (2)
- ရုပ်ရှင်အညွှန်း (6)
- သတင်းစကား (3)
- သိသမျှကြုံသမျှ (31)
- သီချင်း (4)
- ဟင်းခတ်အမွှေးကြိုင် (3)
- ဟင်းအိုး (25)
- အတိုအစလေးများ (53)
- အခြားအစားစာ (4)
- အိမ်ရှင်မတို့သိမှတ်ဖွယ် (8)
- ဥပဒေရေးရာ (7)
- ဈေးဝယ်အညွှန်း (1)
- ဖျော်ဖြေရေး (7)
Posted in


1 comments:
:)
sunshine city is gd for shooping.
and also harajuku,and Ueno is good for shopping.
I like it.
In Ueno, ther has branded outlet shop.
I love to buy in there.
:)
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ