ဒို့ပြည်သူပါတီ(自民党)ဟာနှစ်စဉ်နှစ်တိုင်းမဲအပြတ်သတ်နှင့်အနိုင်ရဆက်တိုက်ဗိုလ်စွဲလာတာမို့
အရင်နှစ်တွေရဲ့ရွေးကောက်ပွဲတွေဟာအမြဲငြိမ်သက်စွာနဲ့ပြီးဆုံးခဲ့ပေမဲ့
ပါတီထိပ်တန်းအမတ်တွေရဲ့ဆက်ကာဆက်ကာဆိုသလိုပေါ်ပေါက်လာတဲ့အရှုပ်တော်ပုံတွေကြား
တဖက်ကပြိုင်ဘက်ပါတီပြည်သူသာအဓိကပါတီ(民主党)ဟာလည်းစတင်ဖွဲ့စည်းပြီး၅နှစ်တာခန့်
အတောအတွင်းအင်မတန်ပဲအင်အားကောင်းလာတာမို့
အကြိတ်အနယ်နဲ့စိတ်ဝင်စားစရာကောင်းတဲ့ဒီနှစ်ရွေးကောက်ပွဲဟာ
ပြိုင်ဘက်ပါတီပြည်သူသာအဓိကပါတီ(民主党)မှအနိုင်ရအောင်ပွဲခံသွားပြီး
မနေ့ကပဲပြီးဆုံးသွားပါတယ်
ဂျပန်ရဲ့ရွေးကောက်ပွဲသမိုင်းကိုပြောင်းပြန်လှန်လိုက်တယ်လို့တောင်ဆိုလို့ရမဲ့ဒီပွဲဟာ
ဂျပန်ရဲ့အပြောင်းလဲတစ်ခုလို့ဆိုရင်လည်းမမှားပါဘူး
အမေရိကားမှာမစ်စတာအိုဘားမားအနိုင်ရအောင်ပွဲခံသွားပြီး အမေရိကားသမိုင်းတခေတ်ဆန်းသွားသလို
ဆင်တူတဲ့အလှည့်အပြောင်းမျိုးနဲ့ ဂျပန်ဟာ ဘယ်လိုစနစ်တွေကျင့်သုံးပြီး ဘယ်လိုတခေတ်ဆန်းလာမလဲ
ဆိုတာလဲ စိတ်ဝင်စားစွာဖြင့် စောင့်စားကြည့်ရှုသွားချင်ပါတယ်။
Aug 31, 2009
ပြီးဆုံးသွားပြီဖြစ်တဲ့ဂျပန်ရွေးကောက်ပွဲ
7:30 PM
ကျော်နှင်းဆီလွင်
Total Pageviews
URL Address
Categories
- ကုန်ပစ္စည်းအညွှန်း (8)
- ကျန်းမာရေးနှင့်ဆေးဝါး (3)
- ဂျပန်ဘာသာ (8)
- ဂျပန်ဘာသာသတင်းများ (7)
- ဂျပန်မှာ (93)
- ဂျပန်သတင်း (22)
- ဂျပန်အစားစာ (12)
- ဂျပန်ဈေးဝယ်အညွှန်း (11)
- မြန်မာအစားစာ (7)
- ဘာသာပြန်သတင်း၊ဆောင်းပါးများ (2)
- ရုပ်ရှင်အညွှန်း (6)
- သတင်းစကား (3)
- သိသမျှကြုံသမျှ (31)
- သီချင်း (4)
- ဟင်းခတ်အမွှေးကြိုင် (3)
- ဟင်းအိုး (25)
- အတိုအစလေးများ (53)
- အခြားအစားစာ (4)
- အိမ်ရှင်မတို့သိမှတ်ဖွယ် (8)
- ဥပဒေရေးရာ (7)
- ဈေးဝယ်အညွှန်း (1)
- ဖျော်ဖြေရေး (7)
Posted in


0 comments:
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ