♪♪.ကျော်နှင်းဆီလွင်.♪♪

Oct 15, 2011

ပရုတ်လုံး

မြန်မာပြည်မှာတော့ အ၀တ်တွေ၊ စောင်တွေ စတာတွေကို ဗီရိုထဲသိမ်းဆည်းတဲ့အခါ
ဘယ်နေရာမှာမဆို အလွယ်တကူဝယ်သုံးနိုင်တာ ပရုတ်လုံးရယ်ပါ။ ဂျပန်ရောက်တဲ့
အခါမှာတော့ ပရုတ်လုံးလိုက်ရှာတာမတွေ့ပါဘူး။ ယမ်း၁၀၀ဆိုင်တွေမှာတော့ ရေအိမ်
သုံး ပရုတ်ခဲလေးတွေသာရှိပါတယ်။

ခုတော့ဂျပန်မှာ ဆောင်းဦးရာသီဝင်လို့ တဖြည်းဖြည်းအအေးပိုလာပြီး ၁၂လပိုင်းခန့်မှ
စလို့ အင်မတန်အေးတဲ့ဆောင်းရာသီထဲဝင်မှာမို့ ထုံးစံအတိုင်း အပူအအေးကွာဟမှု
ကွာဟမှုကြီးမားတဲ့နိုင်ငံမို့ နွေရာသီသုံး အ၀တ်စားတွေ၊ စောင်တွေ စတင်သိမ်းဆည်း
ရတော့မှာပါ။ ဒါကြောင့် ဂျပန်နိုင်ငံမှာသုံးကြတဲ့ ပိုးမွှားကာကွယ်ပြီး၊ အနံ့သက်ပျောက်
အမွှေးနံ့ထုပ်ကလေးတွေကို ညွှန်းလိုပါတယ်ရှင်။

ဆဲယူးလိုစတိုးဆိုင်မျိုးမှာပင် အလွယ်တကူ ၀ယ်ယူလို့ရပါတယ်။ ဈေးနှုန်းသိလိုသူတွေ
ရှိလျှင်သိရအောင် Amazonကလင့်တွေပါတပါတည်း ဖော်ပြသွားပါမယ်။

အ၀တ်ဗီရိုတွေထဲအ၀တ်တွေချိတ်ထား၇င်း အမွှေးနံ့ထုပ်လေးတွေပါရောချိတ်နိုင်အောင်
ချိတ်တာကလေးပါတဲ့クローゼット用(Closetသုံး)နှင့်ခေါက်ထားသောအ၀တ်ထည်
များ၊ စောင်များကြားတွင် ရောထည့်ရတဲ့သာမန်အထုပ်လေးတွေဖြစ်တဲ့ 引き出し用
・衣類箱用(အံဆွဲနှင့်အ၀တ်ထည်ထည့်ဗီရိုများသုံး)ဆိုတာအပြင် အခြားအမျိုးအစား
ပေါင်း မြောက်များစွာလည်းရှိပါတယ်။

ညွှန်းလိုသောတံဆိပ်ကတော့ ピレパラ(アース)(PiRePaRa・AaSu)ဖြစ်ပါတယ်။

ကျမအိမ်မှာသုံးတာကတော့အ၀တ်တွေစောင်တွေထဲထည့်ပြီး၊ရောသိမ်းနိုင်တဲ့အထုပ်
လေး၄၈ထုပ်ပါဝင်တဲ့ 引き出し用ဖြစ်ပြီး အမွှေးနံ့ပါဝင်ပါတယ။်

Amazon မှာဈေးနှုန်းသွားကြည့်လို့ရပါတယ်။


ယခုလိုပန်းရောင်အထုပ်လေးတွေဖြစ်ပြီး ခရမ်းရောင်ပြောင်းသွားတဲ့အခါ အသစ်လဲပေးရ
မယ်လို့ဆိုပါတယ်။


နောက်တခုကတော့ချိတ်ထားတဲ့အ၀တ်တွေနှင့်ရောထည့်ချိတ်တာမျိုးပါ။
အားလုံးပဲအဆင်ပြေပျော်ရွှင်ပါစေရှင်


8 comments:

Cameron said...

အဲလိုပရုတ်လုံးထုပ်လေးတွေ အ၀တ်ဗီဒိုထဲထည့်ချိပ်ရတာ ကြိုက်တယ် ဗီဒိုလေးဖွင့်လိုက်ရင် မွှေးပျံ့နေတာလေးသဘောကျတယ်...။

ကျော်နှင်းဆီလွင် said...

ဟုတ်တယ်နော်
နည်းနည်းလောက်သိမ်းထားရင်ပဲ အ၀တ်တွေကဟောင်းနံ့ထွက်တာဆိုတော့
အမွှေးနံ့လေးရှိတာသိပ်ကောင်းတယ်
:)))

ချော(အစိမ်းရောင်လွင်ပြင်) said...

အမြဲတမ်းဝတ်တဲ့ အဝတ်ဗီရိုထဲမှာ အမွှေထုပ်လေးတော့ရှိတယ် ။ အဝတ်လေးဆွဲယူလိုက်ရင် မွှေးနေတာကို သဘောကျတယ်။
မဝတ်ဘဲသိမ်းထားတဲ့ အဝတ်တွေကိုတော့ ပရုပ်လုံးထည့်ပြီးသိမ်းတယ်
ပရုပ်လုံးနံ့ကလည်း မှိုနံ့ထက်တော့ နှစ်သက်ဖို့ ကောင်းပါတယ်နော်

Anonymous said...

ပရုပ်လုံးထုတ်လေးက ချစ်စရာကောင်းတယ်။ အင်္ကျီလေးတွေ အနံ့မွှေးနေတာကိုကြိုက်တယ်။ ပရုပ်လုံးနံ့ကိုလည်း ကြိုက်ပါတယ်။ အနံ့အိတ်လေးတွေ ထည့်ထားတော့ အနံ့ဆိုးတွေ မကပ်ရောက်နိုင်တော့ဘူးပေါ့။


ခင်တဲ့
မေသိမ့်

Kyaw Hnin Se Lwin said...

ဟုတ်တယ်မမေသိမ့်ရေ
ဝတ်ရတာစိတ်ကြည်တာပေါ့နော်
:))

Kyaw Hnin Se Lwin said...

ဟုတ်တယ်မချောနဲ့မမေသိမ့်ရေ
ဝတ်ရတာစိတ်ကြည်တာပေါ့နော်
:))

မဒမ်ကိုး said...

အိမ်မှာမေမေသုံးနေတော့သိပ်မသိသာဘူး
ဒီရောက်မှပရုပ်လုံးသုံးမိတာ ရောင်စုံတွေက အကျီတွေပေကုန်ရေား(
အဲဒီနောက် အမွှေးအိတ်ပဲထည့်ဖြစ်တော့တယ်
ခင်မင်လေးစားလျှက်

ကျော်နှင်းဆီလွင် said...

(မ)မဒမ်ပြောမှပဲ ပရုတ်လုံးကရောင်စုံလဲရှိသေးတာကိုး :D
နိုင်ငံချင်းမတူတော့ ခေတ်တွေကွာ ပစ္စည်းတွေလဲကွာ
တခါတလေ မြန်မာနိုင်ငံကနဲ့တထပ်တည်းတူတာလိုက်ရှာရင်းမတွေ့ရင်း
ဒီမှာသုံးတဲ့ပစ္စည်းကိုသိရတဲ့အခါ
ကိုယ့်ဘာသာရယ်ချင်မိတယ်

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews