ကျမတို့ပြည်နဲ့ဓလေ့ကွာဟတာလေးတွေရှိတော့ တခါတလေရယ်ရခက်၊ ငိုရခက်နဲ့ကြုံရတာ
လေးတွေရယ်ပါ။
ကျမတို့ပြည်မှာတော့ ဟင်းချက်လျှင် ဂျင်း၊ကြက်သွန်ဖြူ၊ကြက်သွန်နီနမ်းချင်းထည့်လို့စားကြ
တာမဟုတ်လား။ဒီမှာတော့ဂျပန်လူမျိုးတွေစဟာအနံ့အသက်နဲ့ပတ်သက်လျှင်သိပ်သတိထား
ကြပါတယ်။ ဂျပန်ဟင်းတွေဟာလည်းအခြေခံအားဖြင့်ကြက်သွန်ဖြူသုံးလေ့သိပ်မရှိပါဘူး။
ကြက်သွန်ဖြူအစိမ်းကိုကြိတ်ထားသောအနှစ်သို့ ကြက်သွန်ဖြူကိုဘယ်နေရာမှာတွေ့ရလေ့ရှိ
လဲဆိုတော့ အချို့ဂျပန်ခေါက်ဆွဲဆိုင်တွေမှာပါ။ ဒါတောင်ဆိုင်တိုင်းမရှိပါဘူး။ ပြီးတော့ဂျပန်
သူငယ်ချင်းတိုင်းပြောလေ့ရှိတာက ပိတ်ရက်မတိုင်ခင်မှစားမယ်ဆိုတဲ့စကားပါ။
ကြက်သွန်ဖြူအနံ့ကို ဂျပန်တွေအတော်များများက သတိထားထိန်းစားလေ့ရှိတာမို့ ကြက်သွန်
ဖြူအနံ့ထွက်ရင်လည်း ကျမတို့တွေထက် ပိုအာရုံခံစားမိတယ် ထင်ပါတယ်။
ကျမက အစပိုင်းတော့သိပ်မသိပါဘူး။ ကျမကအသီးရွက်ကြော်တဲ့အခါ ကြက်သွန်ဖြူအမွှာကြီး
၃ခုလောက်ထည့်လေ့ရှိတာမို့ အမျိုးသားကနောက်ရက်အနံ့ထွက်မယ်နော်လို့ပြောလေ့ရှိပေ
မဲ့ ကျမကသိပ်သတိမပြုမိတတ်ပါဘူး။တခါတလေ၊ငပိစိမ်းစားတို့ကြက်သွန်ဖြူတို့ကိုစိတ်ကြိုက်
စားပလိုက်ပြီး ရေမွှေးကလေးဖြန်းလို့ ကိုယ့်ဟာကိုယ်တော့လုံနေသလိုပေါ့။
ရုံးမှာသိပ်ခင်တဲ့လုပ်ဖော်ကိုင်ဖက်အမကြီးရှိပါတယ်။ ဘာမဆိုသူနဲ့ကျမကခင်ခင်မင်မင်၊ပြောစ
ရာရှိလည်းပြောနေကျရယ်ပါ။ တရက်တော့သူကပြောတယ်၊ ကြက်သွန်ဖြူစားလာတယ်မဟုတ်
လားတဲ့။ သူကရယ်ရင်းနောက်တာပေမဲ့ကျမကလန့်သွားတယ်။
ဒီတခါဆိုဆင်ခြင်မှပဲလို့။
ကျမတို့ပြည်မှာတော့တပြည်လုံးစားနေကြတော့သတိလည်းမထားမိပါဘူးရှင်။
ဂျပန်မှာတော့ကြက်သွန်ဖြူစားရင်ရှော့ခ်ရှိတယ်ရှင့်။
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်
9:45 PM
ကျော်နှင်းဆီလွင်

Posted in


6 comments:
ကြက်သွန်ဖြူကိုကြိုက်ပေမယ့်
တစ်ရံတစ်ခါဘဲစားဖြစ်ပါတယ်..။
သူကလည်းစားပြီးရင်စပ်လာတတ်တယ်နော်
အတော်ခံရခက်တယ်ရှင့်..း)
တင်လိုက်တဲ့ ကွန်မန့်လေးပျောက်သွားလို့ ထပ်မန့်လိုက်တယ် ကျော်ရေ။
ကြက်သွန်ဖြူဟာအနံ့ပြင်းပေမယ့် လူနဲ့တည့်တယ် ဆေးဖက်ဝင်တယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
စပ်တာလေးကပဲမမေ့နိုင်တာဖြစ်မယ်နော် :D
ဟုတ်တယ်တီတင့်ရဲ့ ဆေးဖက်ဝင်ဆိုတော့ သမီးလဲသိပ်ကြိုက်တာ
ကြက်သွန်ဖြူကို အဲလို ခြစ်ပီးသို.မဟုတ် အစိမ်းကို အပြင်သွားမယ်ဆို မစားဘူး။သင်တန်းသွားရမယ်ဆိုရင် မစားဘူး။ဘေးက သူငယ်ချင်းကို အားနာလို.။
ကြက်သွန်ဖြူရဲ.ကောင်းကျိုးတွေအများကြီးပဲဆိုတော. စားဖို.အထူးလိုအပ်တယ်ဆိုတာသိနေတာ. ဟင်းချက်ရင်များများထည်.ချက်လိုက်တယ်။
ဒါဆို အနံ့ပျောက်ရော။ :)
အဟိ ရေးနေရင်းနဲ.တွေးမိတာ ခုချိန်မြန်မာပြည်မှာ ဒညင်းသီးတွေပေါ်နေတာ။
ဒညင်းသီးနဲ.ဂျပန်နဲ.တွဲမြင်လိုက်တာ။ :P
ဆေးဘက်ဝင်တဲ့ကြက်သွန်ဖြူ အရည် ကိုဒီမှာဝယ်လို့ ရတယ်။ ကိုသောမတ်စ်တယောက်
တလောက ၀ယ်သောက်လေရဲ့ ။ တအိမ်လုံးနံနေရော။ အနံ့ က အသက်ရှူထုတ်တိုင်း
ထွက်နေတာကို၊ ကျမကိုယ်တိုင်စားတုန်းက ကိုယ့် အနံ့ ကိုယ်မရလို့ သာနေမှာ။
အခုတော့ သူ့ ကို ဆက်မသောက်ဖို့ ပြောထားရတယ်။ :)
မွန်ရေ တို့လဲဟင်းချက်ရင်များများထည့်ရမှ
ကြက်သွန်ဖြူက ဆေးဖက်လည်းဝင် ဒညင်းသီးလဲအလွန်ကြိုက် :P
မရှင်လေးရေ ကိုသောမတ်စ်ကတော့စံပဲ ရယ်လိုက်ရတာ :D
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ