ကျမ အခုလို ကုမ္ပဏီမှာအလုပ်မရခင်က ကျမအချိန်ပိုင်းအလုပ်လုပ်တဲ့အခါလစာအ၀င်ကိုအမြဲသုံးတဲ့ဘဏ်ကဒ်ရဲ့ဘဏ်မှာကျမက ခရက်ဒစ်ကဒ် သူမသိပဲ သွားလျှောက်လာပါတယ်။ သူကကျမကို
ခရက်ဒစ်ကဒ်လုပ်တာ အားမပေးခဲ့ပါဘူး။ ကျမကလက်ဖွာလို့ပါ။ မယ်မယ်ရရလည်းမဟုတ်ပဲ တ
တောက်တောက်နဲ့ တလစာသတ်မှတ်မုန့်ဖိုးက အမြဲစောကုန်လေ့ရှိသလို စိတ်ကူးပေါက်ရင်ရုတ်
တရက် ကောက်ဝယ်တာမျိုးလည်းလုပ်တတ်လို့ပါ။ သည်တော့ ကျမကိုသူစိတ်မချတော့ သုံးလို
တဲ့အခါ သူ့ကဒ်သုံးလို့ဆိုခဲ့ပါတယ်။ ဒါပေမဲ့ အင်တာနက်ကနေ၀ယ်တဲ့အခါ ကဒ်မရှိရင် လူ
စောင့်ပြီး ငွေချေရတာတို့၊ ဈေးပိုကြီးတတ်တာတို့အပြင် နေရာတကာ သူ့ကိုပြောပြီးဝယ်ရတာ
မျိုး မလွတ်လပ်တော့ သူမသိအောင်ကျမကလျှောက်လာခဲ့တာပါ။ အချိန်ပိုင်းအလုပ်လုပ်သူလဲ
ဖြစ်၊ ဘဏ်လဲဖြစ်တော့ ရမှမဟုတ်ဘူးလို့သူကခြိမ်းခြောက်ငြား၊ သူ့ဝင်ငွေတို့ဘာတို့ပါဘဏ်က
ကြည့်ပြီးဆုံးဖြတ်ပုံပေါ်တော့ ကျမရလာပါတယ်။ ကျမကိုယ်ပိုင်ကဒ်နဲ့ကျမသုံးတာကြာလာပြီး
ကျမကသိပ်ဟော့ဟော့ရမ်းရမ်းလဲမသုံးတော့ သူလဲစိတ်မချမဖြစ်တော့ပါဘူး။
အဲလိုနဲ့ မာရုအိမှာ မေ့အတွက် အိတ်ကလေးတလုံးသွားဝယ်တော့ ကဒ်လုပ်လျှင် ယမ်း၂ထောင်
သက်သာမယ် ဆိုတော့ ကျမကထပ်လုပ်လာပါတယ်။ သူကတော့ကဒ်တွေများပြီး ပျောက်ရင်ပြု
ရင်ရှုပ်ဦးမယ် ဆိုပြီးပွစိပွစိလုပ်ပါတယ်။ အဲလိုနဲ့ ဆောင်းအကူး ကုတ်တွေဈေးချတော့ကျမကမာ
ရုအိမှာ ကုတ်အကျီ င်္တထည်ဝယ်တော့ သူပါလိုက်ကြည့်ပေးရင်း မာရုအိကလုပ်ခဲ့တဲ့ espo ကို
သုံးလျှင် ၁၀ရာခိုင်နှုန်းထပ်လျှော့တာမို့ ထုတ်သုံးတော့ ဆိုင်ကအရောင်းစာရေးလေးက သူ့မှာ
ရောရှိသလား၊မရှိလျှင်မိသားစုကဒ်လုပ်လျှင် နောက်ထပ်ဆယ်ရာခိုင်နှုန်းထပ်လျှော့မယ်ဆိုတော့
သူလည်းလုပ်လိုက်ပါတယ်။ ကျမတို့မိသားစုကအဲလိုရယ်ရပါတယ်။ အဲလိုနှင့် ယမ်း၂သောင်းခွဲ
ခန့်တန်တဲ့ကုတ်ကို မူလလျှော့တဲ့၅၀ရာခိုင်နှုန်းရယ်၊ ကဒ်အတွက် ၂ယောက်စာ ၂၀ရာခိုင်နှုန်း
ရယ်နဲ့ ကျမ ယမ်းတသောင်းလောက်နဲ့ ၀ယ်လို့ရလာပါတယ်။ ယင်းespoကဒ်ကvisaအပြင်ရွေး
စရာမရှိတာမို့ ကျမမှာ ဘဏ်ကဒ်လဲvisaမို့ မလိုချင်ပါပဲ သောင်တင်လာပါတယ်။
ကျမကmasterတကဒ်လောက်တော့လုပ်ချင်တယ်လို့တခါတရံပြောတတ်ပါတယ်။ နိုင်ငံရပ်ခြား
ခရီးတွေဘာတွေသွားတဲ့အခါ ၂မျိုးလောက်ရှိထားတာကောင်းတယ်ထင်လို့ပါ။ အဲလိုနဲ့ဒီတခါ
တော့သူကိုယ်တိုင် ဘာကဒ်ကောင်းလဲရှာပေးပါတယ်။ ဒီနေရာမှာ ကဒ်အမျိုးအစားတွေ ၀န်
ဆောင်မှုတွေနဲ့တွဲပြီးဖော်ပြပေးထားတာမို့သုံးသပ်ရ၊ရွေးချယ်ရလွယ်ပါလိမ့်မယ်။ အဲလိုနဲ့ဂျပန်
က နာမည်ကျော်ဈေးဝယ်ဆိုဒ်ကြီးတခုဖြစ်တဲ့ Rakutenကဒ်ကိုသူကညွှန်းပါတယ်။ သူကအမြဲ
ဝယ်လေ့ရှိတော့ ပွိုင့်လဲ၂ဆရမယ်တို့ဘာတို့ သဘောကျပါတယ်။ သို့ငြား ဖတ်ရင်းပြုရင်း
နိုင်ငံရပ်ခြားခရီးသွားတဲ့အခါ အထုပ်ပိုးကိုအခမဲ့ပို့ပေးတဲ့ဝန်ဆောင်မှု၊ လေဆိပ်ကlounge
တွေကိုသုံးနိုင်တာ၊ ဈေးဝယ်လျှင် ယမ်းသောင်းတရာခန့်ထိသုံးလို့ရတာတွေသဘောကျပြီး
နှစ်စဉ်ကြေးယမ်းတစ်သောင်းငါးရာပေးရတဲ့Gold Cardကို သူ့နာမည်နဲ့သူလုပ်လိုက်ပါတယ်။
လျှောက်ပြီးတရက်အကြာသူ့ဆီဖုံးဝင်လာပြီးနောက်ရက်ချက်ချင်းပဲကဒ်ပို့လိုက်ကြောင်းစာပို့
လာပါတယ်။ ကျမလဲအားကျမခံရိုးရိုးကဒ် နှစ်စဉ်ကြေးအခမဲ့ကိုလျှောက်ပါတယ်။ သောကြာနေ့
ညလျှောက်ပြီး စနေရုံးတက်တော့ရုံးကအမကိုဖုံးလာရင်ပြောပေးနော် ကဒ်လျှောက်ထားတယ်
လို့ဆိုငြား နှစ်ယောက်သား စနေဆိုတော့လာမှာဟုတ်ဘူး တနလာင်္မှလာမယ်ထင်တယ်နော်
လို့ပြောပြီး၊ကျမလဲအလုပ်တွေရှုပ်ပြီးပြန်လာခဲ့ပါတယ်။ တနင်္ဂနွေမနက်မှာတော့ကဒ်ကိုပို့လိုက်
ကြောင်း၊ ၂ရက်၃ရက်စောင့်ပါလို့စာဝင်လာပါတယ်။ သိပ်မြန်တာမို့ကျမသဘောကျသွားပါ
တယ်။
ခုတလော campaign လည်းလုပ်နေတာမို့လုပ်ချင်သူတွေရှိလျှင်လုပ်ရအောင်ပါ။ ရက်ကတော့
19.7.2012 (10:00am)~23.7.2012(9:59am)အထိပါ။ ပုံမှန်ဆို ယမ်း၂ထောင်ခန့်တန်သော
ပွိုင့်သာလျှင်ရပေမဲ့ rakutenမှာအသင်းဝင်ပြီးကဒ်လုပ်၊ ပြီးလျှင် ၈လပိုင်3း1ရက်နေ့အထိဈေး
တကြိမ်ဝယ်လျှင် ယမ်း၅၀၀၀ခန့်တန်ဖိုးရှိတဲ့ပွိုင့်ရမယ်ဆိုပါတယ်။
ဒီနေရာကနေ ဖတ်ရှုနိုင်၊ လျှောက်ထားနိုင်ပါတယ်။
နှစ်စဉ်ကြေးအခမဲ့(campaign page) အခမဲ့(ပုံမှန်)နှင့် နှစ်စဉ်ကြေး တသောင်းငါးရာကဒ်
လျှောက်ရမဲ့စာမျက်နှာပါ။
ဟိုးတခါတုံးက ကျမသူငယ်ချင်းက အခြားသူငယ်ချင်းတဦးကဒ်လုပ်ချင်လို့မေးဖူးတာမို့သိသူတွေ
ကသိပြီးဖြစ်ပေမဲ့၊သိလိုသူတွေသိရအောင်ကျမသိသလောက်လေးပြောရရင်ဖြင့်။
-ဘဏ်တွေမှာလုပ်တဲ့ကဒ်တွေဟာ ပိုခက်ခဲပါတယ်။ ပိုတင်းကျပ်တာမို့ပါ။ အထူးသဖြင့် ufjဘဏ်
ပါ။ smbc(sumitomo) ကတော့ လုပ်ရသိပ်မခက်ဘူးထင်ပါတယ်။
-ဈေးဝယ်စင်တာကြီးတွေ ဥပမာ Maruiက Espo Card ၊ Rakutenလိုကဒ်တွေက လွယ်လေ့ရှိပါ
တယ်။ အသင်းဝင်ပြီးသားသူ၊ ယင်းနာမည်ဖြင့်ဈေးဝယ်ဖူးသူတွေဆိုပိုလွယ်ပါတယ်။
-နောက်တခုက ကိုယ့်မှာရှိပြီးသားကဒ်တွေကို သေချာစီမံခန့်ခွဲပါ။ ဘဏ်တခုတည်းအကောင့်
နဲ့လုပ်တာကောင်းပါတယ်။ တလတခါငွေပေးချေချိန်တိုင်းမှာ အမှားယွင်းမရှိအောင် ပေးချေပါ။
ကဒ်တမျိုးရဲ့ပိုင်ရှင်ရဲ့မှတ်တမ်းအားလုံးကို တခြားကဒ်ကုမ္ပဏီတိုင်းက ကြည့်ရှူစစ်ဆေးလို့ရတာ
မို့ပါ။
-အဓိကက၀င်ငွေရှိသူဖြစ်ဖို့နှင့်ယင်းကိုသေချာပြဖို့၊၀င်ငွေအမောင့်ကိုသေချာရေးဖို့ပါ။
ဒီမှာကတော့ကဒ်ကုမ္ပဏီတွေကသိပ်ပေါပြီး အပြိုင်အဆိုင်မို့ ကဒ်လုပ်လျှင်ယမ်း၂ထောင်လက်
ဆောင်ဟာ ပုံမှန်ဝန်ဆောင်မှုလိုဖြစ်နေတာပါ။ ဥပမာ Rakutenလိုဈေးရောင်းစင်တာကြီးကဘာ
ကြောင့်ကဒ်တွေထုတ်လဲ၊ များများထုတ်ပေးချင်လဲဆိုလျှင် သူ့ကဒ်ကိုင်သူများလေ သူ့ဆီမှာ
ဈေးဝယ်သူတွေတိုးပွားလာလေမို့ပါပဲ။
-နောက်တခုက ဗီဇာသက်တမ်းလဲပါမယ်ထင်ပါတယ်။ ကာလရှည်(နှစ်)ဖြင့်နေထိုင်သူဖြစ်လေ
လျှောက်ရလွယ်ပါတယ်။
-လျှောက်ပြီးနောက်ရက်မှာအလုပ်နှင့်မိမိဆီကိုဖုံးလာလေ့ရှိပါတယ်။(အနည်းဆုံးအလုပ်ကိုပါ)
ဒါကြောင့်အလုပ်မှာကြိုပြောထားတာကောင်းပါတယ်။ ကျမအထင်ကျမအလုပ်ရှုပ်ချိန်ကုမ္ပဏီ
ကို တခြားဝန်ထမ်းတဦးဖုံးကိုင်ချိန်လာသွားတာဖြစ်မယ်ထင်ပါတယ်။
ကဒ်ကအင်တာနက်ကနေဈေးဝယ်လို့ရတဲ့နေရာမှာသိပ်အဆင်ပြေပေမဲ့ နေရာတိုင်းသုံးလျှင်
ငွေသားသုံးတာထက် ငွေပိုသုံးမိလေ့ရှိတာမို့ မလိုတဲ့နေရာသိပ်မသုံးတာကောင်းပါတယ်။
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်
ရောင်စုံ ကြက်တောင်ပံကြော်
-
ဒီနေ့ ဒင်ဒင်ကတော့ ရောင်စုံ ကြက်တောင်ပံကြော် နဲ့ ပဲကြာဆံ အချို
ကြော်လေးပါ။ကြက်တောင်ပံကြော် လေးက တစ်ခါမှ အဲ့လိုကြော် မစားဖူးဘူး။ အနံ့လေး
မွှေးပြီး အရမ်းစား...
1 week ago
7:38 PM
ကျော်နှင်းဆီလွင်
Posted in


0 comments:
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ