♪♪.ကျော်နှင်းဆီလွင်.♪♪

Mar 30, 2011

ဝက်သားကင်မ်ချီကြော်

 
ဂျပန်လိုအခေါ်ဝေါ်ကတော့ 豚キムチ ဘူတခိမုချိ လို့ခေါ်ပြီး
ဂျပန်အစားစာတွေထဲမှာတော့ ခပ်ရှားရှား၊ အနည်းငယ်အရသာလေးပါတယ်။
အလွယ်တကူလည်းချက်ရလွယ်ပါတယ်။

ဝက်သားပြားအလွှာ
ခိမိချိ (Kinchi)  မုန်ညှင်းချဉ်အစပ်
ဆားအနည်းငယ်
အသားမှုန့်အနည်းငယ်
ကြက်သွန်ဖြူ ၂မွှာခန့်
သကြားအနည်းငယ်

၁။သကြား၊ငံပြာရည်အနည်းငယ်နှင့်ဝက်သားပြားကိုနယ်ထားပါတယ်။
၂။ဦးဆုံး အိုးထဲဆီအနည်းငယ်ထည့် ကြက်သွန်ဖြူကိုထု သို့ ပါးပါးလှီးပြီး ဆီသတ်ပါတယ်။
၃။ပြီးတော့ နယ်ထားတဲ့ဝက်သားပြားကိုဖြန့်ထည့်ပြီး ၂မိနစ်လောက်ကျက်ရုံလှိမ့်ပါတယ်။
၎။ပြီးတော့ခိမုချီထည့်(အရည်မပါပဲ၊ အဖတ်သာရွေးထည့်ပါရန်)ကာ မီးပြင်းပြင်းနှင့်၃မိနစ်
ခန့်ကြော်ပြီး ချကာ သုံးဆောင်ရုံပါ။

ကျမကတော့ခိမုချီနည်းနေတာနဲ့ဂေါ်ဖီအနည်းငယ်ထည့်ကြော်လိုက်ပါသည်။
ဂျပန်များကတော့ ၀က်သားနှင့်ခိမုချီသာတွဲကြော်လေ့ရှိပါသည်။

သတိပြုရန်
ဝက်သားကြာကြာကြော်လျှင်မာတတ်ပါသည်။
ခိမုချီကအနှစ်ထည့်လျှင် ရေဓါတ်များလျှင်အသားမာသွားတတ်ပါသည။်

အားလုံးပဲ စားမြိန်ဖွယ်ဖြစ်ပါစေ။


2 comments:

Unknown said...

ဟင်းချက်တာတော့ စိတ်ဝင်စားတယ် ထူးထူးဆန်းဆန်းလေးတွေပေါ့
ကျေးဇူးတင်ပါတယ်နော်

ကျော်နှင်းဆီလွင် said...

နောက်လဲလာလည်နော်
:))

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews