ဟာရဂျုကု Harajukuကိုသွားပါတယ်(Jinjaနတ်ကျောင်း)ကိုသွားပါတယ်။
လမ်းမှာပွဲတော်လုပ်နေတာတွေ့တော့ဝင်နွှဲပြီး

ဆက်သွားတော့ကားပြိုင်ပွဲနဲ့သွားတိုးရော၊နောက်ဆုံးကားတာအထွက်မှာကမန်းကတန်းရိုက်
ပြီးတော့ဂျင်းဂျာကိုအသွားလမ်းကတောတောင်ကြီးထဲဖြတ်သွားရသလို
လမ်းတလျှောက်ကျောက်ခဲလေးတွေညီနေအောင်ခင်းထားတာတွေ့တော့
အိုးအနုစိတ်နိုင်လွန်း၊ စိတ်ရှည်လိုက်ကြတာ အဲလိုနဲ့ဓါတ်ပုံရိုက်

ပြီးတော့အရက်အိုးစင်ကြီးတွေ့တော့လန့်သွားတယ်
ကြီးလိုက်တဲ့အိုးတွေ အများကြီး နတ်ဆက်ဖို့အတွက်တဲ့
နတ်ကျောင်းအ၀ရောက်တော့ထုံးစံအတိုင်း(ကမာကူရနဲ့အတော်များများမှာရှိပါတယ်)
လက်ဆေးတဲ့နေရာ နှင့်သူတို့ရဲ့ရိုးရာလေးကိုအမှတ်တရ ဓါတ်ပုံရိုက်ပါတယ်
မကန်တော့ခင် သန့်ရှင်းစင်ကြယ်အောင်ဆိုပဲ
ညာလက်နဲ့စခပ် ဘယ်လက်ကိုအရင်ဆေး ပြီးရင်ဘယ်ဘက်ပြောင်း ညာလက်ကိုဆေး
ပြီးတော့တစိမ့်စိမ့်ကျနေတဲ့ဝါးခေါင်းလေးထဲကရေကိုခံပြီးပလုပ်ကျင်းရပါတယ်
ဒါကတော့ နတ်ကျောင်းမှာ အဓိဌာန်နဲ့မိမိဆန္ဒတွေရေးသားပြီး တချို့ကလဲဆုတောင်းပြည့် သို့
အောင်မြင်သွားလို့ လာပြီး ချိတ်ထားတဲ့ စာချပ်လေးတွေပါ
ပြီးတော့မင်္ဂလာဆောင်နဲ့တိုးတော့ရိုက်လိုက်ပါသေးတယ်
ပြီးတော့မောမောနဲ့အဲဒီညလည်းခပ်လွယ်လွယ်နဘဲပေါ့
:)
ရောင်စုံ ကြက်တောင်ပံကြော်
-
ဒီနေ့ ဒင်ဒင်ကတော့ ရောင်စုံ ကြက်တောင်ပံကြော် နဲ့ ပဲကြာဆံ အချို
ကြော်လေးပါ။ကြက်တောင်ပံကြော် လေးက တစ်ခါမှ အဲ့လိုကြော် မစားဖူးဘူး။ အနံ့လေး
မွှေးပြီး အရမ်းစား...
1 week ago
10:45 AM
ကျော်နှင်းဆီလွင်
Posted in


4 comments:
မရေ
မင်္ဂလာပါ။
ပိတ်ရက်လျှောက်လည်နေတာလားအစ်မ။
ခွန်ကတော့ ဘယ်မှမသွားဖြစ်ဘူး။
jinjaက yasukuni jinjaကိုရောက်ခဲ့တာလားဟင်။
ခွန်ရေ
Meiji Jingu ပါ။
ခွန်တို့ကောတုတ်ထိုးလုပ်မစားကြသေးဘူးလား
စားဖြစ်ရင်ဘလော့ဂ်ပေါ်တင်နော်
:D
အဲ့မှာ jinja ရှိတာသိဘူး။ဒါပေမဲ့ ကျနော်က jinja ထက် ji တွေသွားရတာ ပိုကြိုက်တယ်
jinja က နတ်ကျောင်းလေ။
မကန်တော့ချင်ဘူး။
ဟိုတိုခဲဆမ ပဲရှိခိုးချင်လို့။
မိုမင်းကြီးရေ
:D
jiကဘာများလဲဟင်။သင်ပေးဦးနော်။ oteraကိုပြောတာလား။
အမကတော့အဘွားနဲ့ကြီးပြင်းလာခဲ့ဖူးတော့
အိမ်မှာလဲအဘွားရဲ့ဘုရားခန်းနဲ့နတ်ခန်းက
တခန်းသီးသန့်ထားရအောင်ပါပဲ
ဘာမှန်းမသိတတ်ခင်ငယ်ငယ်တည်းကကန်တော့လာခဲ့ပြီး
လူမှာလည်း မိမိထက်ဂုဏ်ကြီး၊၀ါကြီးသူတွေက
မိမိကိုစောင့်ရှောက်ပေးသလို
ဘုရားရှင်ဟောသလိုနတ်ဘုံဆိုတာလည်း
ရှိတာမို့ ကန်တော့လေ့ မေတ္တာပို့လေ့
ရှိပါတယ်။
တချို့ကျတော့လဲနတ်မကြိုက်ဘူးနော်
အဓိကကလူသားတွေကြားအယူဝါဒအစွဲနှင့်
ပဋိပက္ခတွေမဖြစ်ဖို့ပဲလိုတာပါပဲနော်။
အားလုံးဟာကိုယ့်ယုံကြည်ရာနှင့်လွတ်လပ်စွာရှင်သန်နေတာအကောင်းဆုံးပါပဲ။
ဘုရားဟောတရားမှာကိုကအစွဲဖျောက်ရမယ်
ဆိုတာပါပေမဲ့ အမတို့ပုထုဇဉ်တွေလူသားတွေဟာ
တချို့သေးသေးလေးတွေသေချာလိုက်နာပြီး
အဲဒါကိုမေ့နေတယ်ဆိုတာထက် သိပ်မလုပ်နိုင်ဘူးဆိုမလားပဲနော်။
အမှန်အတိုင်းဝန်ခံရရင် အမလဲကြိမ်ဖန်များစွာ တွေးမိ တရားရမိပေမဲ့ ကြိမ်ဖန်များစွာ ဖောက်ဖျက်တတ်မိတာပါပဲ
လူသားပေကိုး
အရွယ်ရလာတော့ဘာသာကြီး၎ပါးလုံးကို
လေးစားပါတယ်။
အမယူဆတာတော့ဘယ်ဘာသာကမှမကောင်းတာမလုပ်နဲ့လို့မညွှန်ကြားပေမဲ့
လူသားတွေရဲ့တွေးခေါ်ခံယူလိုက်ပုံနည်းနည်းကွာသွားတာနဲ့ အများကြီးပြောင်းသွားတတ်တယ်ဆိုမလားပဲ
:)
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ