တရုတ်သိုင်းကားထဲကလိုပြောရရင် ဂိုဏ်းချုပ်လို့ဆိုမလား
ဂျပန်ပြည်မှာဂိုဏ်းချူပ်တွေပေါပါတယ်။ မြန်မာပြည်မှလာပါသည်။
အဟားဟား သင်လန့်သွားပါသလား။
ဂျပန်ဆိုတာတော်ရုံမြန်မာအလွယ်တကူမလာနိုင်တဲ့နေရာ၊ဗီဇာခက်တဲ့နေရာရယ်လို့
နာမည်ကျော်ပေသည်ကိုး။ မြန်မာအများစုကလဲ ဂျပန်သွားသည်ဟုဆိုလျှင် မိုးကျရွှေကိုယ်လို
ယူဆတတ်ပေသည်ကိုး။ အများစုက ဂျပန်သွားချင်ကြပေသည်။
ဒါကြောင့်ထိပ်သီးမြန်မာများ (အီ)ဂျပန်တွေစုဝေးကြပေသည်။
မျက်နှာထားတွေချီသည်များ၏။ သွေးနားထင်ရောက်သည်များ၏။
ဗီဇာအနေထား ဘာဗီဇာဖြင့်နေသလဲဆိုတာပေါ်မူတည်ကာ မာန်မာနတွေထောင်လွှားကြ၏။
ဂုဏ်ဒြပ်ဆိုသည်ကားကြိုးစားမှုပေါ်မူတည်ကာဖြစ်ထွန်းလာသည့်အရာမို့လူအများအလေးပြု
တတ်သည်မှာအစဉ်လာဖြစ်ပေငြား ဂုဏ်နှင့်မောက်မာခြင်းကိုမခွဲခြားတတ်လေသလား
(အီ)သည်ကိုကြည့်ကာတရားရမိပါ၏။
မပြည့်သောအိုးတွေဘောင်ဘင်ခတ်လေသလော။
ယင်းအထဲတွင်အတော်ပြည့်ဝသော၊ လူတန်းစားမခွဲခြားတတ်သော၊ မျှတကြင်နာတတ်သော
မြန်မာအချို့ (အချို့)ကိုလဲတွေ့သဖြင့် အလွန်လေးစားကြည်ညိုမိပါသည်။
အထူးသဖြင့်ကိုယ်တွေ့လည်းအလွန်များသည်မို့ရယ်ရပါသည်။
လူကသေးသေးလေးမို့အသက်သိရင်တောင်ဘာဖြစ်လဲသူငယ်ချင်းပေါ့အပြောခံရတာများလို့
အသဲယားပါသည်။ အမအခေါ်ခံချင်လို့မဟုတ်ပါ။ ဂါရ၀တရားမရှိသူနှင့်ကြုံသည်ကို ဆုံရပါသဖြင့်။
ပြီးမှဗီဇာအခြေနေမေးကာ လေးစားပေးသဖြင့် စိတ်ကုန်ရပါသည်။
ကိုယ်များတော့ရိုင်းမှာစိုးလို့အားလုံးကို မနေသဖြင့် အလေးမသမားဖြစ်ပါတော့မည်။
ဂါရ၀တရားဆိုတာပဲမေ့လျော့ကုန်ကြသလား။
ကိုယ့်အတွက်တော့ လမ်းဘေးမှာငွေတောင်းနေတဲ့အဘွားကြီးတွေ့လည်း အဘွားဟုခေါ်သူမို့
မြန်မာမှန်ရင် ကြီးသူကိုလေးစား ငယ်သူကိုညှာတာဆိုတဲ့စိတ်ကလေးတော့မမေ့စေချင်ပါ။
အမြဲစိတ်ထဲရှိခဲ့သောအကြောင်းရာများအားပေါင်းစုကာ ယနေ့ဘာရယ်မဟုတ်ရေးဖြစ်ပါသည်။
လွန်တာရှိရင်ဝန္တာမိပါ။
Oct 15, 2009
ဂျပန်ထိပ်သီးခေါင်းဆောင်များ
11:44 PM
ကျော်နှင်းဆီလွင်
Total Pageviews
URL Address
Categories
- ကုန်ပစ္စည်းအညွှန်း (8)
- ကျန်းမာရေးနှင့်ဆေးဝါး (3)
- ဂျပန်ဘာသာ (8)
- ဂျပန်ဘာသာသတင်းများ (7)
- ဂျပန်မှာ (93)
- ဂျပန်သတင်း (22)
- ဂျပန်အစားစာ (12)
- ဂျပန်ဈေးဝယ်အညွှန်း (11)
- မြန်မာအစားစာ (7)
- ဘာသာပြန်သတင်း၊ဆောင်းပါးများ (2)
- ရုပ်ရှင်အညွှန်း (6)
- သတင်းစကား (3)
- သိသမျှကြုံသမျှ (31)
- သီချင်း (4)
- ဟင်းခတ်အမွှေးကြိုင် (3)
- ဟင်းအိုး (25)
- အတိုအစလေးများ (53)
- အခြားအစားစာ (4)
- အိမ်ရှင်မတို့သိမှတ်ဖွယ် (8)
- ဥပဒေရေးရာ (7)
- ဈေးဝယ်အညွှန်း (1)
- ဖျော်ဖြေရေး (7)


5 comments:
တခွန်းထဲပါပဲ.. အဲဒါ မြန်မာ...
တခါတလေတော့စဉ်းစားမိတယ်... မြန်မာပြည်မှာ ဗုဒ္ဓဘာသာထွန်းကားပီး ဒီဘာသာဝင်တွေ ဖြစ်ရဲ့သားနဲ့
ဘာဖြစ်လို့ များ ဒီလိုစိတ်တွေ ထားရှိရသလဲပါပဲ။
ကူညီဖို့ ထက် အချင်းချင်းဖျံကျဖို့ ပိုများတယ်
အားပေးဖို့ထက် ထိုးချဖို့က ပိုများတယ်
.... ဟူးး
ဒါတောင် ..တို့တွေက ဒီမှာ မြန်မာ သိပ်မရှိဘူး။
ရှိပေမဲ့လဲ သိပ်မတွဲဖြစ်ဘူး ကီးလဲမကိုက်လို့..
မရေ..
ဟုတ်တယ်...ဒီမှာလည်း မြန်မာတွေ ဒီလိုပါပဲ
အမေစု ဟုတ်ဖူးလေ မမရဲ့
မြူးသျှရီနော်
မရေ
ထိပ်သီးများဆိုလို့ ထိပ်မှာအသီးကြီးနဲ့လူတွေလားဆိုပြီး
လာပြေးဖတ်တာ။
အရေးအသားကောင်းတယ် မရေ။
အပေါ်ကမမိုမိဂျိကလည်းတခွန်းတည်းပြောသွားလို့သာ။
နှစ်ခွန်းသာဆိုမလွယ်ဘူး။
ဘာလို့လည်းဆိုတော့သွေးထွက်အောင်မှန်နေလို့ပါအစ်မ
တော်တို့ရေ။
မမိုရေ နာလန်ထူလာပြီထင်တယ်
လေသံနည်းနည်းမာလာပြီ :D
ခုညီမလဲနည်းနည်းယိုင်ချင်တယ်
အမဆီကကူးတာထင်တယ် ခွီး
မြူးရေပြင်လိုက်တယ်နော် ခွင့်လွှတ်ပေးပါ
:D
ခွန်ရေ ကြုံဖူးသလား အဲလိုတွေ
အဟားဟား
:D
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ