ငယ်ငယ်က အဖေက အလှည့်ကျအိမ်သာဆေးခိုင်းလို့ မဆေးမဖြစ်ဆေးရပါတယ်။
နှာခေါင်းကြီးပိတ်ပြီး။
နည်းနည်းကြီးလာတော့ အိမ်သာဆေးခြင်းဟာကောင်းတဲ့အလုပ်ဖြစ်တယ်လို့
မိမိရဲ့အညစ်ကြေးတွေလည်းစင်ကြယ်သွားပါစေ ဆိုတဲ့စိတ်နဲ့ မှန်မှန်ဆေးပါတယ်။
အဲဒီအကျင့်ကစွဲသွားတာ (မြန်မာပြည်)စားသောက်ဆိုင်သွားလို့ ညစ်ပတ်နေရင်တောင်
တ၀ုန်းဝုန်းနဲ့ရေပတ်ဆေးလိုက်ရမှ ကျေနပ်ပါတယ်။
မျက်နှာမှာဝက်ခြံဘယ်နှစ်ဖုပေါက်ဖူးလဲဆိုတာ ဘ၀တသက်မှာရေတွက်လို့ရအောင်ကို
နည်းပါးပါတယ်။ ဒါဟာ စေတနာနဲ့အိမ်သာဆေးတာလုပ်လို့ပြောရင် သူကရယ်ပါတယ်။
ဒါဟာ မျိုးရိုးဗီဇပါတဲ့။
ကြားဖူးတဲ့ပုံပြင်ထဲမှာဥမ္မာဒန္ဒီကတော့အရင်ဘ၀က စေတနာအလွဲနဲ့ရုပ်ဆိုးရသတဲ့။
မင်းကုသဆိုလဲ အလားတူ ကျောက်ပေါက်မာတွေ များရသတဲ့။
ကိုယ်ယုံကြည်တာကတော့ လူတွေဟာစိတ်စေတနာပေါ်မူတည်ပြီး လူတယောက်တည်းရဲ့
ရုပ်ကတောင်အမျိုးမျိုးပြောင်းလဲလာတတ်ပါတယ်။ ရုပ်ဆိုးတာ ချောတာမဟုတ်ပဲ
မျက်နှာရဲ့အကြည်ဓါတ်နှင့် မျက်နှာထား၊ နှစ်လိုဖွယ်ကောင်းမကောင်းကိုဆိုလိုတာပါ။
ဒါကြောင့်စိတ်ထဲဘာမှသိပ်ထည့်မထားတာကောင်းပါတယ်။
လောကီသားမို့ စိတ်ဆိုးချိန်လဲဆိုးပစ်လိုက် ပြီးရင် အားလုံးမေ့ပစ်လိုက်တာကောင်းပါတယ်။
ဒါဟာ သူများအတွက်မဟုတ်ပါဘူး။ မိမိအတွက်ပါ။
ကိုယ်ကတော့မေ့ပစ်ပါတယ်။ ဒါပေမဲ့ တခါခံရရင်တသက်မှတ်သူမို့ ၂ကြိမ်မပတ်သတ်ပဲ
ဥပေက္ခာပြုပစ်လိုက်တာမျိုးပါ။ ဘ၀ထဲမှာမရှိသူ တယောက်လိုကိုသတ်မှတ်ပစ်တာပါ။
ဒီလိုနဲ့ဒီသံသရာထဲမှာဘယ်လောက်ထိမျောပါလည်ပတ်နေဦးမှာပါလိမ့်။
ရောင်စုံ ကြက်တောင်ပံကြော်
-
ဒီနေ့ ဒင်ဒင်ကတော့ ရောင်စုံ ကြက်တောင်ပံကြော် နဲ့ ပဲကြာဆံ အချို
ကြော်လေးပါ။ကြက်တောင်ပံကြော် လေးက တစ်ခါမှ အဲ့လိုကြော် မစားဖူးဘူး။ အနံ့လေး
မွှေးပြီး အရမ်းစား...
1 week ago
9:17 AM
ကျော်နှင်းဆီလွင်
Posted in


4 comments:
မရေ
သိပ်မှန်တဲ့အကြောင်းအရာလေးပါဘဲ။
တချို့ကသိပ်ချောနေပေမယ့်
စိတ်ကခက်ထန်နေရင် ကြည့်လို့မကောင်းဘူး။
တချို့ကတော့ ရုပ်ဆိုးပေမယ့်
ိစိတ်ထဲမှာ ကြည်လင်သန့်ရှင်းနေရင်
အလိုလိုကိုကြည့်ရတာအေးချမ်းတာပါ မရေ။
အဲဒါကြောင့် ခွန်က ရုပ်ဆိုးတော့
စိတ်လှပြီး စိတ်ကြည်အောင်ဘဲ
ကြိုးစားနေတာ (^ ^)
ခွန်ရေ
လည်လည်လာသွားသလား
စိတ်ကြည်နေရင်ဘယ်အရာထက်မဆို
လှတာမို့ခွန်လဲအတော်လှမှာ
:D
အမလဲငယ်ငယ်ကဆိုအိမ်မှာပိန်ပိန်ရုပ်အဆိုးဆုံးနဲ့
အရောင်မှိုင်းတဲ့အကျီ င်္တွေပဲဝတ်လို့
အမေဆူတာအမြဲခံရပြီး
ယောကျာင်္းလေးလိုကောင်မလေးဖြစ်ခဲ့တာ။
ခုလဲသိပ်မထူးပါဘူး
:D
ထောလည်း အိမ်မှာဆေးနေကြ ကလေးဆို ကိုယ်ပဲရှိတာကိုး လူကြီးတွေကိုမလုပ်စေချင်လို့ အိမ်သာဆိုလည်း သန့်နေမှ သဘောကျတာကိုး လူတစ်ယောက်ကိုစိတ်ဆိုးနေရတဲ့ဘ၀ တော်တော်စိတ်ပင်ပန်းပါတယ် အဲ့လူတစ်ယောက် တအားစိတ်ဆိုးရင် ထောစကားဘယ်တော့မှမပြောတော့ဘူး ခွန်းကြီးခွန်းငယ် မပြောတတ်ဘူး ဥပေက္ခာပြုလိုက်ပါတယ် မမဇာခြည်ပြောသလိုမျိုး .... မမဇာခြည်ရေ ပိုစ်အသစ်မတင်ဘူးဆိုပြိး စိတ်မဆိုးပါနဲ့ ထောမှာ ဘလော့ခ်မရှိတော့ဘူးလေ ဘယ်အသစ်တင်ရမှာလဲလို့ အဟင့် ပြောရင်းနဲ့တောင် ငိုချင်လာပြီ ၀မ်းနည်းလိုက်တာ
AMA...share paya zay naw:)
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ