အပိုင်း(၁)
永住 - EiJuu - အမြဲနေထိုင်ခြင်း
永住許可 - EiJuuKyoKa - အမြဲနေထိုင်ခွင့်ပြုခြင်း
永住者 - EiJuuSha - အမြဲနေထိုင်သူ
ဂျပန်မှာအမြဲတမ်းနေထိုင်ခွင့် အဲဂျူး 永住 eijuuဆိုတာ
ကာလအကန့်သတ်မရှိ အမြဲတမ်းနေထိုင်ခွင့်ကိုဆိုလိုပါတယ်။
ယင်းတွင်
(က)အမြဲတမ်းနေထိုင်ခွင့်
ပထမအချက်အနေဖြင့်ကတော့ လျှောက်ထားရန် ဥပဒေအရလိုအပ်ချက်များကတော့
(၁)အကျင့်စာရိတ္တကောင်းမွန်ခြင်း
ဥပဒေနှင့်အညီကျင့်ကြံနေထိုင်ပြီးလူ့ဘောင်ဝန်းကျင်ကိုလည်းအနှောင့်ယှက်မပြုဖူးပဲ
ကောင်းမွန်စွာနေထိုင်နေခြင်း။
(၂)တကိုယ်ရေရပ်တည်နေထိုင်ရေးအတွက် လုံလောက်သောအရင်းအနှီးနှင့်စွမ်းရည်ရှိခြင်း
နေ့စဉ်လူနေမှုဘ၀မှာအများပြည်သူသို့ဝန်မဖြစ်စေပဲ၊ ယင်းအရင်းနှီးနှင့်စွမ်းရည်အား
တည်မှီပြီး အနာဂတ်တွင် စိတ်ချရသောနေထိုင်နိုင်စွမ်းရည်ရှိသည်ကို ကြိုတင်မှန်းဆနိုင်ခြင်း။
(၃)ထိုသူ၏အမြဲတမ်းနေထိုင်ခြင်းသည်ဂျပန်နိုင်ငံ၏အကျိုးကိုရှိစေသည် ကိုက်ညီသည်ဟု
သတ်မှတ်ခြင်းခံရခြင်း။
(က)အခြေခံသတ်မှတ်ချက်အဖြစ်၁၀နှစ်အထက်ဂျပန်တွင်တောက်လျှောက်နေထိုင်ခြင်း။
ယင်းကာလအတွင်းအလုပ်အကိုင်သို့နေထိုင်ခွင့်ဖြင့်၅နှစ်ကျော်တောက်လျှောက်နေထိုင်ခြင်းကို
လိုအပ်သည်။
(ခ)ဒဏ်ငွေနှင့်ပြစ်ဒဏ်ကျခံဖူးသူမဖြစ်ခြင်း။ အခွန်ငွေများကိုပျက်ကွက်ခြင်းမရှိပေးခြေနေခြင်း။
(ဂ)လက်ရှိကိုင်ဆောင်ထားသောနေထိုင်ခွင့်နှင့်ပတ်သတ်ပြီးလူဝင်မှုကြီးကြပ်ရေးနှင့်ခိုလှုံခွင့်
အသိမှတ်ပြုရေး၏သီးခြားဖော်ပြချက်အပိုဒ်၂တွင်သတ်မှတ်ထားသည့်
အရှည်ကြာဆုံးနေထိုင်ခွင့်ကာလဟူသော ခွင့်ပြုချက်ဖြင့်နေထိုင်နေခြင်း။
(ဃ)အများပြည်သူအားထိခိုက်ဖျက်ဆီးစေခြင်းစသည့်အန္တရာယ်မရှိခြင်း
(*)အထူးခြွင်းချက်အနေဖြင့်
ဂျပန်လူမျိုး၊အမြဲနေထိုင်ခွင့်ရှိသူ သို့ အထူးအမြဲနေထိုင်ခွင့်ရှိသူ စသူတို့၏ အိမ်ထောင်ဘက်
သို့ ခလေးဖြစ်သောအခါ အထက်ဖော်ပြပါ အချက် (၁)နှင့် (၂)မလိုအပ်ပါဘူး။ တဖန်
ခိုလှုံခွင့်ရထားသူဆိုလျှင်တော့ အမှတ် (၂)ကိုက်ညီဖို့ရာမလိုအပ်ကြောင်းပါ။
ဒုတိယအချက်အနေဖြင့်ကတော့ လျှောက်ထားသူအနေဖြင့်ရှိရမည့်နေထိုင်မှုကာလ
(၁)ဂျပန်လူမျိုး၊အမြဲနေထိုင်ခွင့်ရှိသူ သို့ အထူးအမြဲနေထိုင်ခွင့်ရှိသူ စသူတို့၏ အိမ်ထောင်ဘက်
ဖြစ်သောအခါ အမှန်တကယ်ပေါင်းသင်းနေထိုင်ခြင်းဟာ၃နှစ်ကျော်ပြီး ၁နှစ်ကျော်ဂျပန်တွင်
တောက်လျှောက်နေထိုင်နေခြင်း။ ယင်း၏သွေးသားဖြစ်ပါက ၁နှစ်ကျော်ဂျပန်တွင်တောက်လျှောက်
နေထိုင်နေခြင်း။
(၂)အခြေချနေထိုင်ခွင့်ဖြင့်၅နှစ်ကျော်တောက်လျှောက်ဂျပန်တွင်နေထိုင်နေခြင်း။
(၃)ခိုလှုံခွင့်ရသူများ(ဒုက္ခသည်)အနေဖြင့်သတ်မှတ်ခံရပြီးနောက် ၅နှစ်ကျော်တောက်လျှောက်
ဂျပန်တွင်နေထိုင်နေခြင်း။
(၄)နိုင်ငံရပ်ခြားအဖွဲ့စည်းဆိုင်ရာ၊လူ့ဘောင်၊စီးပွားရေး၊ယဉ်ကျေးမှုဆိုင်ရာများနှင့်စပ်လျှဉ်းပြီး
မိမိတို့နိုင်ငံအားအကျိုးပြူသည်ဟု အသိမှတ်ပြုခံရသူဖြစ်ပြီး ၅နှစ်ကျော်ဂျပန်တွင်နေထိုင်နေခြင်း။
မူရင်းစာမျက်နှာ
လျှောက်ထားပုံ(သိရမည့်၊ပြင်ဆင်ရမည့်အချက်များ)
| 1 永住許可申請書(အမြဲတမ်းနေထိုင်ခွင့်လျှောက်လွှာ)【PDF】 【EXCEL】 2 (1)(အာမခံထောက်ခံစာ၊ဂျပန်ဘာသာ)身元保証書(日本語版)【PDF】 (2)(အာမခံထောက်ခံစာ၊အင်္ဂလိပ်ဘာသာ) 身元保証書(英語版)【PDF】 (注1)日本工業規格A列4番の用紙に印刷してお使いになれます。 အေဖိုးစာရွက်ဆိုဒ်သုံးပါရန်။ ・「その1」,「その2」の2枚1組 ယင်း၁နှင့်၂အား၂ရွက်ပေါင်းကာ တစ်စုံ။ |
(ခ)အထူးအမြဲတမ်းနေထိုင်ခွင့် (ရရှိထားသူများဆိုသည်မှာ)
ယင်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း၊ ၁၉၄၅၊ ၉လပိုင်း၊ ၂ရက်နေ့မတိုင်မီမှစပြီး
ဂျပန်မှာတောက်လျှောက်နေထိုင်(ကျန်ရစ်)ပြီး
ဂျပန်နိုင်ငံသားမဟုတ်သော ကိုရီးယား၊ထိုင်ဝမ်အစရှိသောနိုင်ငံခြားသားများနှင့်ယင်းတို့၏
ဂျပန်နိုင်ငံတွင်းမွေးဖွးသည့်သားစဉ်မြေးဆက်အား ပေးအပ်သောနေထိုင်ခွင့်ဖြစ်ပါတယ်။
wikiမှာ ဒီလိုဖော်ပြထားပါတယ်။
၂၀၁၂ခုနှစ် ၁လပိုင်းတွင် အနည်းငယ် ထပ်မံဖြည့်စွက်ပါသည်။
10:01 AM
ကျော်နှင်းဆီလွင်
Posted in


11 comments:
ဗဟုသုတမျှဝေလို့ကျေးဇူးတင်ပါတယ် ဗဟုသုတအဖြစ်မှတ်သားသွားပါတယ်
thanks for sharing.
I wanna know about adopted child who r non-Japanese.
:)
I am still unfine.
I cannot drink milk till now. I can drink half. :(
i cannot eat rice.
i can eat other things but not too much.
little by little with so many times.I think not stomach.
Just feeling bad after eating. thanks for encouraging.
really thanks.
i
永住 ရထားတဲ့ myanmar နဲ့ လက်ထက်ထားပါတယ်။ အခု မှီခို VISA ပါ ။ 永住者 VISA ပြောင်းချင်ပါတယ် ။ ဘယ်နှနှစ်နေရင် ပြောင်းလို့ရပါသလဲ ? 10 yr or 3 yr ??သေချာမသိလို့ပါ ။ သိရင်ပြောပြပေးပါလား....
ရှာပေးပါ့မယ်
ခဏစောင့်ပါရှင်
はい、待ってます。。。
အလုပ်တွေများပြီး မေ့နေတာခွင့်လွှတ်ပါ
ဒီနေ့ရုံးလည်းပိတ်တော့ ရှာကြည့်လိုက်ပါတယ်ရှင်
ဒီလင့်ခ်မှာသွားဖတ်ပါတယ်
http://www.moj.go.jp/nyuukokukanri/kouhou/nyukan_nyukan50.html
အပေါ်ကရေးထားတဲ့ဆောင်းပါးထဲကလိုပဲ
ဒုတိယအချက်အနေဖြင့်ကတော့ဆယ်နှစ်နေထိုင်မှုနှင့်စပ်လျှဉ်းသည့်အထူးသာဓက
(၁)ဂျပန်လူမျိုး၊အမြဲနေထိုင်ခွင့်ရှိသူ သို့ အထူးအမြဲနေထိုင်ခွင့်ရှိသူ စသူတို့၏ အိမ်ထောင်ဘက်ဖြစ်သောအခါ
အမှန်တကယ်ပေါင်းသင်းနေထိုင်ခြင်းဟာ၃နှစ်ကျော်ပြီး ၁နှစ်ကျော်ဂျပန်တွင်
တောက်လျှောက်နေထိုင်နေခြင်း။ ယင်း၏သွေးသားဖြစ်ပါက ၁နှစ်ကျော်ဂျပန်တွင်တောက်လျှောက်
နေထိုင်နေခြင်း။
ရှင်းအောင်ဆိုရလျှင် ၃နှစ်ကျော်ပေါင်းသင်းလက်ထပ်ထားတဲ့သက်တမ်းရှိရပါမယ်။
တနှစ်ဂျပန်မှာတောက်လျှောက်နေထိုင်ထားတဲ့သက်တမ်းပါ အပါဝင်ဖြစ်ရပါမယ်။
မြန်မာပြည်မှာလက်ထပ်ပြီး အတူ၂နှစ်နေလာရင် ဒီလိုက်လာ တနှစ်ကြာရင်လျှောက်လို့
ရပါတယ်။ ဒီမှာလက်ထပ်တယ်ဆိုရင်တော့ ၁နှစ်ပြည့်လဲ ပေါင်းသင်းမှုသက်တမ်း၃နှစ်မရှိရင်လျှောက်လို့မရသေးပါဘူး။
လိုတာရှိရင်ထပ်မေးနော်
ဟုက်ကဲ့ အစ်မ.... ကျေးဇူးတင်ပါတယ်နော်။ ဂျပန်လိုလည်း သေချာ မဖတ်တတ်တော့၊ ဟိုလူကဟိုလိုပြော၊ ဒီလူကဒီလိုပြောနဲ့၊ ..... အခုမှဘဲသေချာနားလည်သွားတော့တယ်။(၆)လပိုင်းကျရင်လည်း zairyuu card အကြောင်းလေးကို အစ်မ အားရင်ပြောပြပါအုံးနော်။ အစ်မရဲ့blog က အများကြီးအထောက်အကူပြုပါတယ်။
ကြားရတာပျော်ပါတယ်။
zairyuu card အကြောင်းလေးဆိုတာ ဘယ်လိုမျိုးအကြောင်းရာ ကို သိချင်တာလဲဟင်
နိုင်ငံခြားသားတွေရောက်လာရင် ရပ်ကွက်ရုံးသွားလုပ်ရင် နိုင်ငံခြားသားကဒ်ထုတ်ပေးတယ်လေ။
:)))
သိပြီ သိပြီ အသစ်ပြောင်းမဲ့ပုံစံကိုပြောတာထင်တယ်
:))
ရေးမယ်နော်
hote
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ