ဂျပန်တွေဟာအလုပ်ကို အဖွဲ့(အုပ်စုလိုက်ပူးပေါင်း)စနစ်နဲ့လုပ်ကြတာဖြစ်ပါတယ်။ ဒါကြောင့်လဲ ဂျပန်ကော်ပိုရေးရှင်းစနစ်ကြီးဟာ နာမည်ကျော်ခဲ့တာပေါ့။
အချိန်ပိုင်းအလုပ်အတော်များများမှာ တချို့ဟာ အလုပ်ဝင်ချိန်၊ထွက်ချိန်မှာ သန့်ရှင်းရေး၊ အိမ်သာစစ်ခြင်း၊
အမှိုက်ကောက်ခြင်း ၊ အမှိုက်ပစ်ခြင်း၊ အိမ်သာဆေးခြင်း စတဲ့ အလုပ်ရဲ့ အထွေထွေအောက်ခြေသိမ်းတွေ
ကအစ အလှည့်ကျလုပ်ကြတာဖြစ်ပါတယ်။
ဒါကြောင့်အချိန်ပိုင်းအလုပ်လုပ်မယ်ဆိုရင် အနည်းနဲ့အများတော့ အဲလိုမျိုးတွေ မပါမဖြစ်ပါမှာမို့
ခံနိုင်ရည် ရှိဖို့လိုပါတယ်။
ဂျပန်မှာအချိန်ပိုင်းလုပ်တဲ့အခါ စီနီယာသည်သာ နံပါတ်၁ ဆိုတာမျိုးတွေ့ရပါတယ်။ ကံမကောင်းလို့
မိမိရဲ့စီနီယာက စိတ်ထားမကောင်းသူမျိုးဆိုရင် အမျိုးမျိုးအခိုင်းခံရတာမျိုးတွေ ရှိတတ်ပါတယ်။
ဂျပန်လိုနိုင်ငံမျိုးမှာက နိုင်ငံမျိုးစုံကလူမျိုးစုံ လာရောက်မှီတင်းနေကြတာမို့ အမျိုးမျိုးသောလူစားတွေ
ကြုံရမှာဖြစ်ပါတယ်။
သူများကိုလည်းမစော်ကားဖို့နဲ့ စော်ကားတာလည်းမခံဖို့ တိုက်တွန်းချင်ပါတယ်။ ဒါကြောင့် အလုပ်ကို
ကျွမ်းကျင်နိုင်နင်းအောင် လုပ်ပြသင့်ပြီး၊ တခုခုနည်းလမ်းမမှန်တာရှိရင်လဲ ဆိုင်က မန်နေဂျာထံ
ပြတ်သားယဉ်ကျေးစွာနဲ့တင်ပြနိုင်ရပါမယ်။ အလုပ်ကိုကျွမ်းကျင်တဲ့သူကို ဂျပန်မန်နေဂျာများဟာ
အလေးထားလေ့ရှိပါတယ်။
ဒါကြောင့်အလုပ်ကျွမ်းကျင်မှုနှင့်ဘာသာစကားတတ်ကျွမ်းမှုဟာ အရေးကြီးပါတယ်
ကိုယ်ကတော့ အချိန်ပိုင်းအလုပ်မှာအဆင်မပြေတာတွေရှိခဲ့ရင်
ဘယ်တော့မှ နောက်ကွယ်မှာ အချင်းချင်းပြောတာမျိုးတို့ လုပ်လေ့မရှိပါဘူး။ အချိန်ကုန်ပြီး ပြသနာကို
လည်း မဖြေရှင်းနိုင်ပါ။ တကြိမ်နှစ်ကြိမ်ခန့်စောင့်ကြည့်ပြီး မန်နေဂျာထံတိုက်ရိုက်ဆွေးနွေးပါတယ်။
အဲဒီအခါမှာ အလုပ်ကိုသေချာလုပ်သူဖြစ်တာမို့ အလုပ်ထွက်သွားတာမျိုးအဖြစ်မခံနိုင်တာရော နည်းလမ်း
မှန် တောင်းဆိုတာမျိုးဖြစ်တဲ့အခါ သေချာ ပြသနာကိုပြေလည်အောင်ဖြေရှင်းပေးတတ်ပါတယ်။ ဒီထက်
အကျိုးရှိတာတခုကတော့ တခုခုနည်းလမ်းမမှန်ရင် ယဉ်ကျေးပြတ်သားစွာ ဖွင့်ပြောတတ်သူမှန်းသိသွား
တဲ့အခါ အဲလိုမျိုးနောက်တခါမဖြစ်ရအောင် မန်နေဂျာတွေကိုယ်တိုင်က သတိထားပြီးတာဝန်ခွဲပေးလေ့
ရှိတာမို့ အလုပ်ဝန်လဲပေါ့ပါတယ်။
နောက်တစ်ခုက ဂျပန်တွေဟာ အိုင်းမိုင်းန ခိုတိုဘ လို့ခေါ်တဲ့ အဖြူမည်းမသဲကွဲတာမျိုး အလွန်ပြောလေ့
ရှိတတ်ပါတယ်။ အဲဒါကို ဘာလဲမသိဘူးလို့ မှန်းရခက်တဲ့လုပ်ရခက်တဲ့အခါ မိမိရဲ့ဆုံးဖြတ်ချက်သာအတည်
ဖြစ်သွားတတ်တာမျိုးပါ။ အဲလိုနေရာမျိုးမှာ ကိုယ်လုပ်သင့်တာကိုပဲ အားမနာပဲ ဆုံးဖြတ်ပြီးလုပ်သင့်ပါတယ်။
လုပ်ပေးလိုက်ပါမယ်လေဆိုတ မြန်မာပြည်မှာပဲထားခဲ့သင့်ပါတယ်။လုပ်သင့်တာကိုကျေပွန်အောင်လုပ်ပြီး
မလုပ်သင့်တာကို လုံးဝမလုပ်ပါနဲ့ လို့ အကြံပေးချင်ပါတယ်။
နောက်ဆုံးအရေးကြီးဆုံးတခုက အမျိုးသမီးတွေကိုပြောပြချင်တာပါ။
မိမိရဲ့ပုံစံ၊ တုံ့ပြန်မှုပေါ်မူတည်ပြီး ပေါက်ကရတွေအပြောခံရတာ ဟိုထိသည်ထိ ဆိုတာမျိုးတွေလဲ
ကြားဖူးနားဝရှိပါတယ်။ ဒါကိုရှောင်ရှားဖို့ ဂျပန်စကားကျွမ်းကျင်ဖို့လိုတယ်လို့ ထင်ပါတယ်။
ကြုံဖူးတာက လုပ်ဖူးတဲ့ဆိုင်က ဆိုင်ခေါင်းက စကားပြောရင် ဟိုဟာလုပ်လိုက်ဦးလေဆိုပြီး လက်ကို
လာပုတ်ပြီးပြောဖူးပါတယ်။ အဲဒီအခါ ကိုယ်က ယဉ်ကျေးမှုနဲ့ကိုင်ပေါက်ပါတယ်။ ဂျပန်ယဉ်ကျေးမှုမှာ
လက်ပုတ်ရင်မရိုင်းဘူးလားဟင်။ ငါတို့မြန်မာ့ယဉ်ကျေးမှုမှာတော့ လက်ပုတ်တာ အဆင့်မရှိတဲ့
ယောကျာင်္းတွေမှလုပ်တယ် လို့ သတ်မှတ်ကြတာ။ ပြောလိုက်တော့ သူမလုပ်တော့ပါဘူး။ ဒါကြောင့်
အစ က အရေးကြီးပါတယ်။ အစ ကို သည်းမခံရင် နောင်ဆိုတာမရှိပါဘူး။ ရှိရင်တော့ အလုပ်ထွက်ရုံပဲပေါ့။
:D
လူမျိုးတိုင်းမှာကောင်းသူရော မကောင်းသူရော ရောထွေးနေတတ်တာမျိုးပါ။ ဒါကြောင့် ဘာပဲကြုံကြုံ
ကိုယ်ကတော့ လူမျိုးဆိုတာနဲ့မဆုံးဖြတ်ပါဘူး။ နောက်တခုက မိမိက ကံကောင်းတယ် ဆိုးတယ်ဆိုတာ
မိမိပေါ်လဲမူတည်ပါတယ်။ ဘာဖြစ်ဖြစ်သည်းခံနေရင်တော့ အိမ်မှာ နေ့တိုင်းငိုနေရမှာပါ။ တထစ်ရှိတိုင်း
ရန်ဖြစ်ပြီး အလုပ်ထွက်ပြန်တော့လည်း အထွေထွေ စရိတ်တွေအတွက် အခက်ကြုံရဦးမှာပါ။ ဖြေရှင်းတတ်
ဖို့ပဲလိုပါတယ်။
မြစ်တစင်းမှာလှေလှော်ခရီးနှင်နေသလိုပေါ့ မြစ်ကကွေ့ရင်မိမိကလဲအလိုက်သင့်လေးလိုက်ကွေ့သွားတတ်
ဖို့လိုပါတယ်။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
နောက်ကြုံမှပဲ ဂျပန်ရဲ့ပျော်စရာကောင်းတဲ့ လူနေမှုဘ၀အကြောင်းပြောပြပါဦးမယ်။
ရောင်စုံ ကြက်တောင်ပံကြော်
-
ဒီနေ့ ဒင်ဒင်ကတော့ ရောင်စုံ ကြက်တောင်ပံကြော် နဲ့ ပဲကြာဆံ အချို
ကြော်လေးပါ။ကြက်တောင်ပံကြော် လေးက တစ်ခါမှ အဲ့လိုကြော် မစားဖူးဘူး။ အနံ့လေး
မွှေးပြီး အရမ်းစား...
1 week ago
8:53 AM
ကျော်နှင်းဆီလွင်
Posted in


5 comments:
ဖတ်ရတာနဲ့တင် မောတယ်။ သူ့လုပ်စာဘဲ ထိုင်စားရင် ကောင်းမယ်ထင်တယ် အဟီး :D
ခေါင်းဆောင်က သမာသမတ်ကျမှလည်း အလုပ်လုပ်လို့ ကောင်းမှာ။
ဒီမှာက နည်းမှန်လမ်းမှန် ပြန်ပြောလို့ရတာမို့ တော်သေးတယ်ပြောရမှာပေါ့လေ။
ဟုတ်တယ် မဇာခြည်..
မကြောက်မရွံ မှန်မှန်ကန်ကန်နဲ့ ပြန်ပြောနိုင်ပါမှ ပါ။
အဲဒါ အလုပ်ထဲမှာတင်မဟုတ်ပါဘူး..
ကျောင်းသားလောကမှာလဲ ရှိပါတယ်။ နောက်များမှ အလျဉ်းသင့်လျှင် ရေးပေးပါမယ်။
နည်းမှန်လမ်းမှန် ပြောတတ်ရင်တော့ အကောင်းဆုံးပါပဲ။
မဇာခြည်ရေးတာတွေ တော်တော်များများဖတ်ဖြစ်တယ်။ လင့်ထားခွင့်ပေးပါနော်..။
မြရွက်ဝေသောသူငယ်ချင်းသို့
ဟုတ်ပါ့ ထိုင်သာစား အဟုတ်
အဲဒါပဲအေးတယ် ဒါမျိုးက ကံပါမှ
ကိုယ်ကတော့ထိုင်နေရတာကို အပင်ပမ်းဆုံးလို့ထင်တော့
ကိုယ့်ဒုက္ခကိုယ်ရှာနေသလားပဲ
အဟားဟား
ကံကလဲဘယ်တော့များမှထိုင်ခွင့်ပေးပါလိမ့်
:D
မိုမိဂျိရေ
လင့်ခ်ပေးတာကျေးဇူးပါ
ဒါပေမဲ့မိုမိဂျိရဲ့ဘလော့ဂ်ကို ၀င်မရဘူး
ဖြစ်နေလို့ ပြန်ကြည့်ပေးပါဦး
ရေးစရာတွေလည်းရေးပါ ဒါမှ
ဘက်စုံက ဗဟုသုတလေးတွေသိရမှာ
:)
မဇာခြည် ..အဲ့နေ့က ပြင်နေလို့ဖြစ်မှာပါ..
လင့်တွေက နောက်မှလိုက်ချိတ်ရမယ် ..ကြိုက်တာတွေက များနေပီ..။
စကားမစပ်..။ ဂျပန်စာ level 2/3 ဆိုပီး နှိပ်တာ စုံလဲစုံဘူး..နော်..။ ရရင်ဖတ်ချင်သား
ဒီနှစ်ပြန်ဖြေမလားလို့ စဉ်းစားနေတာ..။
ဂျပန်စာ level 3 ပဲ လျှော့လျှော့ပေါ့ပေါ့ ဖြေမလားလို့ပါ..။ ခန်းဂျိက မနိုင်ဘူး။
မိုမိဂျိရေ ညီမနာမည်ပေါ်နှိပ်တာမပေါ်ဘူး အမ ဂူးဂဲလ်မှာရှာပြီးဖတ်ရတယ်။ ညီမ နာမည်မှာချိတ်တဲ့လင့်ခ်မှားနေသလားပဲ။ အမ ခန်းဂျီးတွေလဲပြန်စလုပ်ပေးနေတယ် နေ့ဝက်လောက်အချိန်ကုန်သွားတယ် ဆက်တင်တွေပါပြင်ရလို့လေ မကြာခင်စာမေးပွဲကရှိသေးတယ် နောက်အပတ်လောက်ကစပြီးအရှိန်မြှင့်ပေးမယ်နော်
^o^
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ