မနေ့ကဂျပန်စာအဆင့်၁စာမေးပွဲအောင်ရှုံးစာရင်းစာရွက်လေးစာတိုက်ကရောက်လာပါတယ်
ဖြေတဲ့နေ့နောက်ရက်မှာပဲအင်တာနက်မှာမေးခွန်းတွေအဖြေတွေရှာပြီး၊အမှတ်တွက်ထားပြီးသားမို့
အောင်ရုံအောင်မယ်မှန်းထားတာတောင် ဖွင့်ဖတ်ခါနီး စိတ်လှုပ်ရှားနေပါသေးတယ်
ိကိုယ်တွက်ထားတဲ့အမှတ်ထက်၁မှတ်လျော့ပြီးပွတ်ကာသီကာအောင်တော်မူသွားပါတယ်
သူ့ရဲ့အောင်မှတ်က အမှတ်၁၀၀မှာ ၇၀နှုန်းသတ်မှတ်ထားတာမို့ပါ။ ပေါင်း ၂၈၀မှတ်ပါ။
အဆင့်၂မှာတောင်မှ အောင်မှတ်က ၁၀၀မှာ ၆၀နှုန်းသတ်မှတ်ထားပြီး ၄ဘာသာပေါင်း၂၄၀မှတ်ရရင်
အောင်တာမို့ ၂၀၀၅ခုနှစ်အဆင့်၂စာမေးပွဲဖြေတုံးကဆို အိုး အလှလေးအေးဆေးပြင်ပြီးမှ သွားဖြေခဲ့တာ
ပါ။ အောင်စာရင်းထွက်တော့လဲအောင်ဖို့ကမျက်စိမှိတ်သေချာပြီး အမှတ်ကောင်းပါ့မလားပဲ
စိတ်ပူခဲ့ရတာမျိုးပါ။
လယ်ဘယ်၁ကခက်တယ်လို့လူတွေကြားရေပန်းစားတာဘာကြောင့်လဲဆိုတာ
ဖြေကြည့်မှပိုသိလိုက်ပါတယ်။ အောင်မှတ်သတ်မှတ်နှုန်းမြင့်လို့ပါ။
တကယ်တမ်းစာပိုများတာ လယ်ဘယ် ၂ပါ။ သို့ပြား လယ်ဘယ် ၂ကို မနှစ်ကစပြီး
လယ်ဘယ်၃နှင့် လယ်ဘယ်၂ဆိုပြီး၂ပိုင်းပြန်ခွဲလိုက်ပြီး ပေါင်း စာမေးပွဲအဆင့် ၅ခုအဖြစ်
သတ်မှတ်လိုက်တာမို့ ခုဆိုရင် လယ်ဘယ်၁က စာအများဆုံးလို့ဆိုနိုင်ပါပေလိမ့်မယ်
တကယ်တော့ ၂၀၀၅ခုနှစ် လယ်ဘယ်၂အောင်ပြီး ဂျပန်သွားပြီး မြန်မာပြည်ပြန်လာချိန်မှာ
အင်္ဂလိပ်စာနှင့် ကွန်ပျူတာဘက်ပဲ ဦးလှည့်ခဲ့တာပါ။
စကာင်္ပူဘက် အလုပ်ကိုင်ရှာရေးကို ဦးတည်ခဲ့တာပါ။
လယ်ဘယ်၁ကို အောင်ချင်စိတ် ဖြေချင်စိတ်မရှိသလို လုပ်လဲမလုပ်ခဲ့ပါဘူး
၂၀၀၈ခုနှစ် ၉လပိုင်းမှာ သူက အတင်းဖြေစေချင်တာမို့ ၁၂လပိုင်းစာမေးပွဲ ကျမယ်မှန်းသိသိနဲ့
ဝင်ဖြေပါတယ်။ စာလုပ်ဖြစ်သွားအောင်ပါ။ သူကကိုယ်လိုတဲ့စာအုပ်တွေအားလုံးကို
(ကိုယ်ကဒါလေးကောင်းလားမသိဘူးလို့လက်နဲ့ကိုင်လိုက်ရင်တောင်) လက်ဆောင်ဝယ်ပေးပါတယ်။
:D
ကိုယ့်ရဲ့ခံယူချက်က ဘာမှမလုပ်တာထက်စာရင် ကျပေမဲ့ နည်းနည်းလုပ်ဖြစ်သွားတာက ပိုမြတ်တယ်
ဆိုတာမျိုးနဲ့ပေါ့။ ထင်တဲ့အတိုင်း သဒ္ဒါအကုန်ပြတ်သွားပါတယ်
ဒါကြောင့်လဲ ၁၂လပိုင်းစာမေးပွဲပြီးတည်းကမကြည့်ဖြစ်တဲ့ သဒ္ဒါကို ၇လပိုင်းစာမေးပွဲမှာ စာမေးပွဲခန်းထဲ
မ၀င်ခင် ကြား ၃၀မိနစ်နားချိန်အပြေးလွှားဖတ်ရင်းနဲ့ပဲ အမှတ်ယူနိုင်ခဲ့တာပါ။
အခက်ဆုံးအပိုင်းက ခန်းဂျိလို့ကိုယ်ကတော့ယူဆပါတယ်။
အောင်တော်မူကနေ ရှည်တော်မူသွားတာမို့ တော်တော်မူလိုက်ပါပြီ
^O^
ရောင်စုံ ကြက်တောင်ပံကြော်
-
ဒီနေ့ ဒင်ဒင်ကတော့ ရောင်စုံ ကြက်တောင်ပံကြော် နဲ့ ပဲကြာဆံ အချို
ကြော်လေးပါ။ကြက်တောင်ပံကြော် လေးက တစ်ခါမှ အဲ့လိုကြော် မစားဖူးဘူး။ အနံ့လေး
မွှေးပြီး အရမ်းစား...
1 week ago
8:24 AM
ကျော်နှင်းဆီလွင်
Posted in


3 comments:
ဂျပန်မှာဂျပန်စာလယ်ဘယ်ကို ဘယ်မှာဖြေရလဲ အမ...ကျွန်မကဂျပန်စာကို HIWA မှာတက်နေတယ်အမ...မြိုက Sapporo မှာ အမရဲ့ mail လေးနဲ့ဆက်သွယ်လို့ရမလား
ကျွန်မရဲ့မေးလ်က kmoeswe@gmail.com ပါအမ...ကျေးဇူးအများကြီးတင်ပါတယ်အမ...
おめでとう
(*⌒ー⌒)ο∠☆:
本当に上手ですね。
あたしも頑張ってみようかなぁ。。
htikesweရေ မေးလ်ပို့ထားတာအပြင် ဘလော့ဂ်မှာပါထပ်ရေးထားတာမို့အားရင်ဖတ်ကြည့်ဦးနော် ^o^
:)
မြရွက်တဝေေ၀သို့
ありがと~~ね
やって見たらどういう結果出てきても損にはならないからね。
いつもクラスの中1番だった脳をまた研いでよ~~~ね
ところで昨日面接行ったら日本語が怪しいと言われたんで外国人だからしかたないね。
:D
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ