ကမ္ဘာ့စီးပွားပျက်ကပ်နောက်ဆက်တွဲရိုက်ခတ်တဲ့ဂယက်လှိုင်းလုံးတွေနဲ့အတူ ဂျပန်ရဲ့လူဝင်မှု
ကြီးကြပ်ရေးနှင့်နိုင်ငံခြားသားများနှင့်ဆိုင်သောဥပဒေများပါ တင်းကြပ်လာတာမို့ တရားမ၀င်နေထိုင်သူ
အတော်များများပြည်တော်ပြန်ရရုံတင်မဟုတ်ဘဲ ကျောင်း၊ အလုပ် စသည့် တရားဝင်ဗီဇာဖြင့် နေထိုင်သူများပါ အနေကြပ်လာခဲ့တာပါ။ အထက်ကစည်းမျဉ်းတင်းကျပ်လာတာမို့ ဆိုင်အများစုဟာ
ကျောင်းသားဆိုလျှင်တရက်၎နာရီထက်ပိုပေးမလုပ်ရဲလာတာတွေ တွေ့လာရပါတယ်။ အလည်ဗီဇာနဲ့လာပြီး ရောက်ရင်အလုပ်လုပ်လေ့ရှိသူတွေဆို ပြန်ခါနီးထိ အလုပ်မရတာမျိုးတွေ ရှိလာပါတယ်။
နောက်တခုကတော့ဂျပန်မှာကျောင်းတက်ပြီး ကျောင်းတက်နေစဉ်ကာလမှာ အလုပ်တဖက်၊စာတဖက်မို့
စာမကျေညက်ပဲ လက်တွေ့လုပ်ငန်းခွင်ဝင်နိုင်လောက်သော အရည်ချင်းမမွေးနိုင်တာမို့ တရားဝင်အလုပ်လဲ မရှာတွေ့နိုင်၊ လက်မှတ်ရရုံဖြင့်ကျောင်းပြီးသွားသူတွေလုပ်လေ့ရှိတာက အလုပ်ဗီဇာဝယ်တာပါ။ တနည်း
ဆိုရလျှင် ကုမဏီတခုမှာဝန်ထမ်းဖြစ်ကြောင်း ဗီဇာလျှောက်တာပါ။ ဒီလိုဗီဇာမျိုးဟာလည်း စုံစမ်းတွေ့ရှိသွား ရင် ဗီဇာရုပ်သိမ်းခံရတာမျိုးမို့ အားမပေးချင်ပါဘူး။
နောက်တမျိုးကတော့ ဂျပန်လူမျိုးနဲ့ဟန်ဆောင်လက်ထပ်ပြီး လက်ထပ်ဗီဇာလျှောက်ခြင်းပါ။ ဒါကိုလည်း
လတ်တလောမှာ လူဝင်မှုကြီးကြပ်ရေးဌာနက ၆လအတူမနေကြောင်းစုံစမ်းတွေ့ရှိရင် ဗီဇာရုပ်သိမ်းပါတယ်။
ဒါကြောင့် ကျောင်းသားဆိုလျှင်လည်း ကျောင်းကို သေချာတက်ပြီး မိမိလည်းစိတ်ဝင်စား ဂျပန်မှာအလုပ်လဲ
ခန့်အပ်ခံရဖို့ရာခိုင်နှုန်းများသော ဘာသာရပ်ကိုရွေးချယ်ပြီး တကယ်တတ်မြောက်အောင် သင်ကြားကြိုးစား
စေချင်ပါတယ်။ ဒီလိုဖြစ်ဖို့ရာ ဂျပန်ရဲ့ပညာရေးစနစ်နဲ့ မြန်မာလူမျိုးတွေအကြား ဟနေတဲ့အချက် အခက်ခဲ
ဟာ ဂျပန်ဘာသာပါပဲ။ ဒီမှာကျောင်းပြီးပြီး အလုပ်ဝင်နိုင်ဖို့ဆိုတာ ဂျပန်စာမရလို့မဖြစ်ပါဘူး။ စင်္ကာပူလို
နိုင်ငံမျိုးကျောင်းသွားတက်ပြီးစာကျက်တာ သင်ရိုးညွှန်းတမ်းက အင်္ဂလိပ်စာမို့ မြန်မာတွေအတွက် အခက်ခဲ
သိပ်ရှိမယ်လို့မထင်ပါဘူး။ သူငယ်တန်းထဲကမြင်ဖူးလာတဲ့အင်္ဂလိပ်စာမို့ပါ။ ဂျပန်စာကတော့ ၂နှစ်လောက် အတွင်း ကျားကုတ်ကျားခဲသင်ကြားရတာမို့ ဂျပန်စာဖြင့်ရေးသားသော ပညာရပ်ဆိုင်ရာ သင်ရိုးတွေဟာ
ခက်တာအမှန်ပါ။ ဒါ့အပြင် ကျောင်းလခ၊ နေထိုင်စားသောက်စရိတ်၊ ကျန်းမာရေးခွန် အကုန်ကျတွေများ တာမို့ ဂျပန်လာကျောင်းတက်သူတွေ အလုပ်မလုပ်လျှင် အလျှင်မမီနိုင်ကြပါဘူး။ ဒါကြောင့် ဂျပန်ရောက်မှ
ဂျပန်စာလုပ်မယ်လို့စဉ်းစားလာသူမှန်ရင် အခက်ကြုံပင်ပမ်းမှာမလွဲပါဘူး။ ဂျပန်စာကို မြန်မာပြည်မှာတည်းက
ဖြစ်နိုင်ရင် စာမေးပွဲ အဆင့်၁၊ အနည်းဆုံးအဆင့်၂ကိုတော့ အောင်အောင်လုပ်လာဖို့လိုကြောင်း အကြံ
ပေးလိုပါတယ်။
ဂျပန်မှာ ကျောင်းသားတွေဟာအပင်ပမ်းဆုံးလို့ဆိုရပါမယ်။ စာတဖက် အလုပ်တဖက်နဲ့ အိမ်ကိုငွေပို့ချင်သူ
ဆိုလျှင် ပိုလို့တောင် အပူတွေများပါလိမ့်မယ်။ ကျောင်းသားကတော့ အိမ်ငွေပို့ဖို့ဆိုတာသိပ်မလွယ်ပါဘူး။
(နောက်ရက်မှာတော့အချိန်ပိုင်းအလုပ်တွေအကြောင်းဆက်ပါဦးမည်)
Sep 20, 2009
လတ်တလောဂျပန်နိုင်ငံအခြေအနေ (၂)
10:23 PM
ကျော်နှင်းဆီလွင်
Total Pageviews
URL Address
Categories
- ကုန်ပစ္စည်းအညွှန်း (8)
- ကျန်းမာရေးနှင့်ဆေးဝါး (3)
- ဂျပန်ဘာသာ (8)
- ဂျပန်ဘာသာသတင်းများ (7)
- ဂျပန်မှာ (93)
- ဂျပန်သတင်း (22)
- ဂျပန်အစားစာ (12)
- ဂျပန်ဈေးဝယ်အညွှန်း (11)
- မြန်မာအစားစာ (7)
- ဘာသာပြန်သတင်း၊ဆောင်းပါးများ (2)
- ရုပ်ရှင်အညွှန်း (6)
- သတင်းစကား (3)
- သိသမျှကြုံသမျှ (31)
- သီချင်း (4)
- ဟင်းခတ်အမွှေးကြိုင် (3)
- ဟင်းအိုး (25)
- အတိုအစလေးများ (53)
- အခြားအစားစာ (4)
- အိမ်ရှင်မတို့သိမှတ်ဖွယ် (8)
- ဥပဒေရေးရာ (7)
- ဈေးဝယ်အညွှန်း (1)
- ဖျော်ဖြေရေး (7)
Posted in


0 comments:
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ