ဟိုးအရင်ကမြန်မာပြည်မှာရှိတုံး ဂျပန်လိုရေးထားတဲ့ပို့စ်အဟောင်းလေးတခု သွားဖတ်မိတယ်
အလုပ်တာဝန်နဲ့ရွှေဂုံတိုင်မှာရှိတဲ့ ဂျပန်ကျောင်းထိုင်ဘုန်းတော်ကြီးတပါးနဲ့သွားတွေ့ခဲ့တုံးကပါ။
အဲလိုနဲ့ဘုန်းဘုန်းပြောခဲ့တဲ့စကားလေးကိုသွားသတိရမိတယ်။
စိတ်နှလုံးဆိုတာ ရေလိုပါပဲ။
ထည့်တဲ့ခွက်(အရာတထ္တု)ဆိုတာ မိမိကဖန်တီးတာပါ။
သေးငယ်တဲ့ရေခွက်ကလေးထဲ ထည့်ထားတဲ့ရေထဲကို မည်းနက်နောက်ကျိတဲ့မင်တစက်ထည့်လိုက်ရင်
ရေတခွက်လုံးမည်းနက်နောက်ကျိသွားမှာပေါ့။
သို့ငြား ပင်လယ်ကြီးလိုကျယ်တဲ့ ရေတွေထဲ မင်တစက်ထည့်ရင် မည်းနက်နောက်ကျိခြင်းမရှိသလိုပါပဲ
မိမိကဘယ်လိုထည့်စရာနဲ့ခံယူမလဲဆိုတာပေါ် မူတည်ပါသတဲ့။
လောကမှာစိတ်တိုင်းမကျတာတွေအများကြီး...အများကြီးပေါ့
သွေးသားရင်းချာတောင် ခဏခဏ စိတ်ချင်းမတိုက်ဆိုင်ကြသေးတာ
လူတွေကို မိမိစိတ်နဲ့အခန့်မသင့်လို့စိတ်ဆိုးရရင် ဆုံးမှာမဟုတ်ပေဘူး
ပြီးတော့တဖက်လူကမကောင်းဘူးဆိုရင်တောင် မည်းနက်တဲ့မင်တစက်လို မိမိအပေါ်ပြုမူလာရင်တောင်
မိမိက ပင်လယ်ကြီးလို ခံယူဖို့ ကြိုးစားရမှာပေါ့လို့တွေးမိတယ်။
လူဆိုတာ မှားလေ့ရှိတတ်တဲ့သတ္တ၀ါတွေပဲ
ကိုယ်လည်းအကြိမ်ကြိမ်မှားခဲ့ဖူးတာတွေရှိတယ်
ခုထိလည်း တခါတလေ မှားနေတတ်တုံးပဲ
ဒါကြောင့် အခြားလူတွေ တခါတလေမှားတတ်တာကိုလည်း ခွင့်လွှတ်နိုင်ဖို့အရေးကြီးတယ်။
လူသားတွေအချင်းချင်း ချစ်ခင်ရိုင်းပင်းကူညီပြီး
ကောင်းကျိုးတွေသယ်ပိုးသွားကြရင် ဒီကမ္ဘာကြီးပိုလှလာမှာပါ။
တွေးမိတယ်။ ကိုယ်ဟာလည်း လိုသေးတယ် အများကြီးလို့။
ကြိုးစားရဦးမယ်။ စိတ်အတွင်းထဲထိ လှပသန့်ရှင်းအေးချမ်းဖို့....
:)
အိုင်ဖုန်း ဂျူရို နှင့် နည်းပညာ တစေ့တစောင်း
-
အိုင်ဖုန်း ဂျူရို ကပေးသော
နည်းပညာ
တဖက်က ကြည့်ရင် တခြား အမှတ်တံဆိပ် တွေ က ခေါက်ဖုန်း ထုတ်တာကြာပြီ၊
တကယ်တော့ သူထုတ်တာ နည်းပညာ ပိတ်ပင်တဲ့ဟာ ကို ထိုးဖ...
2 weeks ago
1:45 PM
ကျော်နှင်းဆီလွင်
Posted in


1 comments:
အရမ်းကောင်းတဲ့စာသားလေးတွေမို့  အမရဲ့  သီးသန့် စာအုပ်ထဲ အစမှအဆုံးထိ ရေးမှတ်ထားလိုက်ပါတယ်
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ