ကျေးဇူးသိပ်တင်ပါတယ်。。。。
ပြုစုပျိုးထောင် မွေးခဲ့ကျွေးခဲ့တဲ့အဖေနဲ့အမေ
ပြီးတော့ငယ်ငယ်ကတကျက်ကျက်နဲ့
အပျိုဖော်ဝင်လာတော့သိပ်ချစ်တတ်၊ရိုင်းပင်စည်းလုံးလာတဲ့တို့ညီအမတွေ
ပြီးတော့အလွန်အင်အားတောင့်တင်းတဲ့ဝမ်းကွဲညီအကိုမောင်နှမတွေ
ပြီးတော့ကိုယ့်အပေါ်ချစ်ခင်ယုံကြည် ဆုံးမသွန်သင် ကူညီပေးလေ့ရှိတဲ့ အဒေါ်တွေဦးလေးတွေ
အမြဲတမ်းအပြန်လှန်အားပေးနှစ်သိမ့်သွန်သင်ပေးခဲ့တဲ့သူငယ်ချင်း၊ မိတ်ဆွေ၊ ဆရာသမားတွေ
ပြီးတော့ ဘ၀ရဲ့မမျှော်လင့်တဲ့ ဆုံးရှုံးနစ်နာ၊ မအောင်မြင်မှုတွေ
အဲဒါတွေမရှိရင်ဘ၀ကြီးက ရိုးရှင်းနေမှာ
နာကျင်ခဲ့ရတာတွေရှိလို့၊ ဆုံးရှုံးတာကိုခံစားကြေကွဲခဲ့ရတာတွေရှိလို့
မတရားတာတွေ ကြုံဖူး၊ ခါးသီးဖူးလို့ ကိုယ်ကတခြားသူတွေအပေါ်မှာထားတဲ့စိတ်အပေါ်
ကိုယ်ချင်းစာတရားကိုမွေးဖွားစေလို့ပါ
ဒါကြောင့်မကောင်းမှုမလုပ်မိဖို့၊ ကောင်းတာလုပ်ဖို့ အသိတရားမွေးဖွားစေလို့ပါ
ပြီးတော့ကိုယ့်အပေါ်ဒုက္ခပေးခဲ့ဖူးတဲ့သူတွေ
အဲလိုလူတွေရှိလို့ကံကံရဲ့အကျိုးဆက်တွေ၊ ၀ဋ်ဆိုတာရဲ့သဘောတွေကို ပိုတွေးမိ အသိဝင်မိလို့ပါ
ပြီးတော့ဒီဘ၀မှာ အပါယ်ဘုံမဟုတ်သော လူ ဖြစ်ခွင့်ရတာနဲ့
ခြေလက်အင်္ဂါစုံလင်စွာနှင့် ဆင်ခြင်တွေးတောမှတ်သားနိုင်စွမ်းရှိတဲ့ဦးနှောက်တစ်ခုရှိတာရယ်
ပြီးတော့အစစအရာရာနားလည်မှုအပြည့်နဲ့ ဆိုးတာတွေရှိလည်းခွင့်လွှတ်ပေးပြီး အမြဲသွန်သင်လမ်းညွှန်ပေးတဲ့လက်တွဲဖော် သူရှိတာရယ်
。。。。。。
Nov 28, 2009
10:23 AM
ကျော်နှင်းဆီလွင်
Total Pageviews
URL Address
Categories
- ကုန်ပစ္စည်းအညွှန်း (8)
- ကျန်းမာရေးနှင့်ဆေးဝါး (3)
- ဂျပန်ဘာသာ (8)
- ဂျပန်ဘာသာသတင်းများ (7)
- ဂျပန်မှာ (93)
- ဂျပန်သတင်း (22)
- ဂျပန်အစားစာ (12)
- ဂျပန်ဈေးဝယ်အညွှန်း (11)
- မြန်မာအစားစာ (7)
- ဘာသာပြန်သတင်း၊ဆောင်းပါးများ (2)
- ရုပ်ရှင်အညွှန်း (6)
- သတင်းစကား (3)
- သိသမျှကြုံသမျှ (31)
- သီချင်း (4)
- ဟင်းခတ်အမွှေးကြိုင် (3)
- ဟင်းအိုး (25)
- အတိုအစလေးများ (53)
- အခြားအစားစာ (4)
- အိမ်ရှင်မတို့သိမှတ်ဖွယ် (8)
- ဥပဒေရေးရာ (7)
- ဈေးဝယ်အညွှန်း (1)
- ဖျော်ဖြေရေး (7)
Posted in


2 comments:
အင်း..ကိုယ်လဲ..အခုတော့ ကြံဖန်ပီး ကျေးဇူးတင်တတ်နေပီ..။
ဘာပဲဖြစ်ဖြစ်... ဘ၀မှာ လူတယောက်နဲ့တယောက် တွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ တူချင်မှ တူကြမှာပဲလေ..
အဲဒီအတွေ့အကြုံတွေအပြင် တွေ့ဆုံခဲ့ရတဲ့ ဆွေမျိုးသားချင်းတွေကလည်း မတူပြန်ဘူး.. ဒီလိုပါပဲ..အခုတော့..စိတ်ထားတတ်နေပီ.
ကိုယ်လည်း ဘာပဲဖြစ်ဖြစ် ကျေးဇူးရှိခဲ့တာပဲလေဆိုပီး ဖြေတွေးတွေးတတ်နေပီ.. ဒါပေမဲ့ နောက်ထပ်မပက်သက်မိအောင်ပဲ ကြီုးစားနေတတ်သွားတာလဲ ပါတာပေါ့လေ..။ ဘာပဲဖြစ်ဖြစ် ကိုယ့်ပေါ်ပြုဘူးသူ့ကျေးဇူး..ဆိုတာ မမေ့အပ်စကောင်းလေ..။
တခါတလေ..ဒဿနလေးဖော်ထုတ်သွားတာပါ..
စိတ်အနှောက်အယှက်ဖြစ်ရင် တောင်းပန်ပါတယ်..
ဟုတ်တယ် မမိုရဲ့ ဖြေတွေးတတ်တာနဲ့ဥပေက္ခာ မတူဘူးလေ
ဆိုးတဲ့သူကိုဖြေတွေးပြီးခွင့်လွှတ်လို့ရပေမဲ့ ဆိုးမြဲဆိုးနေတာကိုတော့ အသိမှတ်ပြုလက်ခံသွားလို့မရတော့
ဥပေက္ခာပြုရုံမှလွဲလို့ အခြားမရှိပေါ့နော်။ :)
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ