ဂျပန်ဟင်းလျာကုန်ကြမ်းများ ၁

ဂျပန်ဟင်းလျာကုန်ကြမ်းများ(調味料、食材)

ငံပြာရည် 醤油‐しょうゆ

ငံပြာရည်ကတော့အများသိနေကြ၊သုံးဖူးနေကျပေမဲ့ဂျပန်ငံပြာရည်ကတော့မြန်မာလိုငါးမှထုတ်သော
ငါးငံပြာရည်(သူတို့အခေါ်nanpuraナンプラー)လိုမဟုတ်ပဲ၊ ဒိုင်းဇု大豆 တနည်း soybeanလို့ခေါ်တဲ့
ပဲစေ့ကထုတ်လုပ်တဲ့ငံပြာရည်အမျိုးအစားဖြစ်ပြီး ဂျပန်ဟာငံပြာရည်အလွန်သုံးတဲ့နိုင်ငံလို့ပင် ဆိုလောက်
ပါသည်။
တခုထူးခြားတာက မြန်မာပြည်မှာပဲငံပြာရည် အပျစ်နှင့်အကျဲဆိုတာရှိပြီး၊ အကျဲနှင့် ဂျပန်ငံပြာရည်ဟာ
ဆင်တူပါတယ်။ အပျစ်ကတော့အချိုနှင့်အရောင်အတွက်မြန်မာပြည်မှာသုံးကြတာပါ။
ဂျပန်မှာတော့ ငံပြာရည်ကိုပဲ အလေး(こいくち)နဲ့အပေါ့(うすくち)ဆိုပြီးနှစ်မျိုးရှိပါတယ်။

ဘာကွာသလဲဆိုတော့ အလေးကိုတော့ တို့စားတာတော့ ဟင်းချက်တာတို့စသဖြင့် ဘယ်နေရာမဆို
အသုံးများပြီး အပေါ့ကိုတော့ ဥပမာ အရည်စွက်စွက်လေးအသားအသီးရွက်နဲ့ရောကြော်ပြီးထမင်းပေါ်
ပုံစားတဲ့အခါမျိုးမှာ အပေါ့ရည်ကိုသုံးပါတယ်။

အခြားငံပြာရည်အမျိုးစားများ

たまり(溜り)- 刺身につけたり、照焼きのタレなどに向く
တမရိ ဆိုတာကတော့ အသားစိမ်းနဲ့မကျက်တကျက်ကင်တဲ့အခါတွဲစားတဲ့ဆော့စ်လိုမျိုးသုံးပါတယ်

さいしこみ(再仕込み)- 刺身、寿司などに向く
စိုင်းရှိကိုမိ ဆိုတာကတော့ အသားစိမ်းနဲ့ထမင်းလိပ်စတာတွေစားတဲ့အခါသုံးပါတယ်

しろ(白)- 煮物に向く
အရောင်ဖျော့ဖျော့ကြည်ကြည်၊ငါးငံပြာရည်နဲ့ဆင်တူပြီးဆားဓါတ်လေးကာအချိုဓါတ်ပါဝင်ပါသည်။
ပြုတ်ပြီးချက်တဲ့အခါမျိုးတွေသုံးပါတယ်။

減塩しょうゆ・うす塩しょうゆ -
သွေးတိုး၊နှလုံးနှင့်ကျောက်ကပ်ရောဂါရှိသူတွေစားသုံးနိုင်ဖို့ရည်ရွယ်ထုတ်လုပ်တာပါ။
ဒါကတော့ဆားပါဝင်မှု၉ရာခိုင်နှုန်းပဲရှိပြီးပုံမှန်ငံပြာရည်တွေထက် တ၀က်လျော့နည်းပါတယ်။ ငံပြာရည်
အပေါ့ဆိုလျှင် ဆားပါဝင်မှု၁၃ရာခိုင်နှုန်းရှိတာမို့ ပုံမှန်ငံပြာရည်ရဲ့၈၀ရာခိုင်နှုန်းအငံဓါတ်ရှိတယ်လို့
ဆိုပါတယ်။

昆布しょうゆ ကွန်းဘုရှောယု ဒါကတော့အိမ်မှာအသုံးများပါတယ်။ ကွန်းဘုလို့ဆိုတဲ့ရေညှိရွက်မှအချိုနှင့်
ငံပြာရည်ကိုပေါင်းစပ်ထားတာမို့ အချိုအငံအရသာ၂မျိုးလုံးပါဝင်ပါတယ်။

刺身しょうゆဆာရှိမိရှောယု ဒါကတော့ ဆာရှိမိစားရင် တို့စားတာပါ။
だししょうゆ ဒရှိရှောယု ဒါကလည်း ဒရှိလို့ခေါ်တဲ့အချိုနဲ့အငံအရသာပေါင်းစပ်ထားတာပါ


မိရင်း MiRin みりん



မိရင်းဆိုတာ ဂျပန်ဟင်းလျာချက်ပြုတ်ရာမှာအသုံးပြုတဲ့ကုန်ကြမ်းတွေထဲ သကြားဓါတ် ၄၀ မှ ၅၀ ရာခိုင်နှုန်း နှင့် အယ်လ်ကိုဟော၁၄ရာခိုင်နှုန်းခန့် ပေါင်းစပ်ပါဝင်တယ်လို့ဖော်ပြထားပါတယ်။
အရသာကအချိုဓါတ်ဖြစ်ပြီး အ၀ါရောင်အရည်ကြည်ကြည်ဖြစ်ပါတယ်။

အသုံးပြုတာကတော့
- ပြုတ်တဲ့ဟင်းလျာ 煮物
- (ဆန်သို့ဂျုံ)ခေါက်ဆွဲ၊အုဒွန်း(နန်းကြီးကဲ့သို့ခေါက်ဆွဲအလုံးကြီး၊မုန့်ဖတ်ကဲ့သို့သောဆိုးမန်း)
. (そうめん、そば、うどん、冷麦)စတာတွေနဲ့တွဲဖက်စားတဲ့အချိုရည်ပြုလုပ်ရာမှာ
. ငံပြာရည်-しょうゆ အချိုရည် -だしနှင့် မိရင်း-みりんကို ရောစပ်သုံးပါတယ်။

6 comments:

လသာည 1:37 AM  

ဘလော့လိပ်စာကို အရင်လာကူးတာ။ ပြောင်းလင့်လိုက်ပြီနော် :)

momiji 11:29 AM  

sarma ka le....
i ve not computer.
:(

:((


hay,..
where is cbox?
why do u use word verification?
:((

it's my complain.
:D

မြရွက်ဝေ 5:42 PM  

ဒါကြောင့် မနေ့က ဖွင့်တာ ဖွင့်မရဘူးဖြစ်နေတာကိုး။ ခဏပိတ်ထားတယ်မှတ်တာ။ လိပ်စာအသစ် ထပ်ကူးသွားတယ်။ :)

Kyaw Hnin Se Lwin 1:05 PM  

မညနဲ့မြရွက်ဝေရေ
ကျေးဇူးပါနော်

မမိုရေ
word verificationဖြုတ်လိုက်ပြီနော်

:D

ခွန်သဒ္ဒါ 11:58 AM  

မရေ
ဒီအိမ်အသံတိတ်နေပါ့လား...
အိမ်ရှင်တို့......

Kyaw Hnin Se Lwin 6:36 PM  

ခွန်ရေ
ခွန်အသံကြားလို့နိုးလာတာ
:D

Post a Comment

Universal Converter


မင်္ဂလာပါ
Good Day
ミンガラバー
こんにちは

^^^အလည်လာသူအားလုံးကို^^^
^^^နွေးထွေးစွာကြိုဆိုပါတယ်^^^


. kyaw.hnin.se@gmail.com


ဓါတ်ပုံများကိုClickလျှင်ပုံကြီးတွေ့ပါမည်

ရှာရန်

Loading...

အဝေဖန်ခံနိုင်သောသူလိမ္မာ၏။

တကယ့်သတ္တိဆိုတာ တစ်ခြားလူ ဘယ်လိုပြောပြော မိမိကိုယ်ကိုယ် ယုံကြည်မှုရှိတာကိုခေါ်တယ်။
ရေက လှေကိုထမ်းထားနိုင်သလို လှေကိုလည်း မှောက်ပစ်နိုင်တယ်။ ဒါပေမယ့် လှေထဲရေမဝင်ရင် လှေဘယ်တော့မှ မမြှုပ်နိုင်ပါဘူး။ တစ်ခုမှတ်ထားရမှာက ကိုယ်မှန်တယ်ဆိုရင် ကိုယ့်ယုံကြည်မှုကို ကိုယ်ကြံ့ကြံ့ခံထားရမယ်။ မတရားတဲ့ဝေဖန်မှုနဲ့ ကိုယ့်ယုံကြည်မှုကို မပျက်ပြားစေသင့်ဘူး။


D-Man(The secret of success inspiring )

မနိုင်းနိုင်းစနေဘာသာပြန်သည်။

အမျက်ထွက်သူကို အမျက်မထွက်သူက အမြဲနိုင်၏ ။
မကောင်းပြောသူကို အကောင်းပြောသူက အမြဲနိုင်၏ ။
စေးနဲသူကို ပေးကမ်းသူက အမြဲနိုင်၏ ။
မုသားပြောသူကို သစ္စာဆိုသူက အမြဲနိုင်၏။

(မြတ်ဗုဒ္ဓ) (မ၀ါဝါခိုင်မင်းဘလော့ဂ်မှဆင့်ပွားယူပါသည်)


ရှင်သန်မှုဆောင်ပုဒ်

ဘုရားစာဆိုတာရွတ်ဆိုပူဇော်နေရုံအတွက်လေးသာ
မဟုတ်ဘူး။
အနက်ကိုနားလည်အောင်လေ့လာမှတ်သားပြီး
ဘုရားဟောခဲ့တဲ့လမ်းစဉ်တွေကိုတွေးတော၊သုံးသပ်ဆင်ခြင်
နှလုံးသွင်းကျင့်ကြံပြီး
ကောင်းမွန်တဲ့စိတ်နှလုံးနှင့်
ဒီသံသရာမှာရှင်သန်သွားဖို့လိုပါတယ်
ချက်ချင်းပဲသေမင်းနဲ့စစ်ခင်းသွားနိုင်တဲ့
မရေရာ၊မတွက်ဆနိုင်သောကံကြမ္မာနဲ့ဘ၀မှာ
နေ့တိုင်းကောင်းအောင်နေသွားဖို့လိုပါတယ်။
အများကြီးတွေမလိုပါဘူး။
လုပ်နိုင်သလောက်လေးပဲလုပ်ပြီး
မကောင်းတာတွေရှောင်ကြဉ်နေနိုင်ရင်ပဲ
ကုသိုလ်ဖြစ်နေပါပြီ။

"စေတနာသည်လူတိုင်းနဲ့ မတန်"
သည် မဟုတ်။
လူတိုင်းနဲ့ တန်တဲ့စေတနာမျိုး
ထားနိုင်ဖို့သာ လိုအပ်ပါတယ်။
ဓမ္မဒူတ အရှင်ဆေကိန္ဒ
ခွန်သဒ္ဒါဘလော့ဂ်မှကူးယူဖော်ပြပါသည်။

သီချင်းလက်ဆောင်

သီချင်းစာသား

ပညာရှိအဆိုမိန့်များ

ယခင်မှတ်တမ်းဟောင်း

ဖတ်ဖြစ်သောဘလော့ဂ်များ

သူငယ်ချင်းများ

မှတ်ချက်များ