♪♪.ကျော်နှင်းဆီလွင်.♪♪

Feb 6, 2010

ဂျပန်မှာPrintထုတ်မယ်ဆိုရင်

ဂျပန်မှာPrinter မ၀ယ်ဘဲ မိမိဘာသာရိုက်ထားတဲ့ စာရွက်စာတမ်းမျိုးတွေ
အင်တာနက်ကနေ Download လုပ်ထားတဲ့ စာရွက်စာတမ်းမျိုးတွေ Printထုတ်မယ်ဆိုရင်
Seven Eleven Convenience Storeမှာ ネットプリント Service (Basic) ဆိုတဲ့အမည်နှင့်
အင်တာနက်(အွန်လိုင်း)စနစ်သုံး Printing Service ကို သုံးလို့ရပါတယ်။ 

အသုံးပြုလိုလျှင်
၁။ အင်တာနက်က ဒီစာမျက်နှာပေါ်သွားပြီး Register(登録)လုပ်ရပါမယ်။
အဲဒီညာဘက်ထောင့်အောက်က 同意(Agree)ဆိုတာလေးနှိပ်ပြီး
ဖောင်ဖြည့်အသင်းဝင်ရပါမယ်။
မိမိအီးမေးလ်ကို သူက စာပို့ပေးရင် စာမှာပါတဲ့လင့်ခ်ကိုနှိပ် (activateလုပ်)ပြီး
အသင်းဝင်လိုက်ရပါမယ်။
၂။ပြီးရင်မိမိနာမည်နဲ့Log in ဖြစ်နေတဲ့ web site ထဲမှာ ပရင့်ထုတ်ချင်တဲ့ဖိုင်ကို သိမ်းပေးရပါမယ်။
ဒီမှာအသေးစိတ်ဖိုင်သိမ်းနည်းနဲ့ပရင့်ထုတ်နည်းဖော်ပြထားပါတယ်။
တခါတလေ မိမိသိမ်းလိုက်တဲ့ဖိုင်အမည်ဘေးမှာ လက်ခံဆဲ受取中လို့ဖော်ပြထားရင် အဲဒီပေါ်ထပ်နှိပ်
ပေးရင် နံပါတ်ပေါ်လာပါတယ်။ အဲဒီနံပါတ်လေးသာမှတ်ထားရုံပါ။
၃။ပြီးရင် ဖိုင်နံပါတ်လေးမှတ်သွားပြီး Seven Eleven Storeကိုသွားပြီး ပရင့်ထုတ်ရုံပါ။
ထုတ်တဲ့စက်က ကော်ပီကူးတဲ့စက်ပါ။ သူ့နဘေးမှာ ကွန်ပျူတာရှိပြီး အဲဒီမှာ ネットプリント
ဆိုပြီးရွေးပေးပြီး ဖိုင်နံမည်ပေးပြီး ထုတ်ရုံပါပဲ။
ဒီမှာအသေးစိတ် ပရင့်ထုတ်နည်းပါ။

ပရင့်လုပ်တဲ့Settingကို မိမိ web siteထဲမှာရော သို့ စတိုးဆိုင်မှာပဲဖြစ်ဖြစ် ရွေးပေးနိုင်ပါတယ်။
Settingဆိုတာ စာရွက်ဆိုဒ်၊ ကာလာဖြူမည်း စသဖြင့်ပါ။

လတ်တလောအခြေနေအရတော့ ဒီအပတ် အသက်ရှူခက်လောက်အောင် တအားရှုပ်ယှက်ခက်
ပင်ပမ်းခဲ့ပါတယ်။
နက်ဖြန်သေချာနားပြီး တနလာင်္ကစလို့ တကျော့ပြန်လည်ပတ်ရပါဦးမယ်။


အသေးစိတ်ကဒီလင့်ခ်မှာပါ။

စက်ပစ္စည်းပေါတဲ့နိုင်ငံမို့ ၀ယ်လိုက်ရတာလွယ်ပေမဲ့ ရံဖန်ရံခါမှသုံးသူမျိုးအတွက်ဆိုရင်
နေရာလည်းရှုပ် ထိန်းသိမ်းတာဝန်လည်းကြီး မင်ကုန်ရင်လဲရပြုရ အလုပ်ရှုပ်တာမျိုးတွေမို့
ဒီစနစ်လေးဟာ ဘယ်သူ့အတွက်မဆို အဆင်ပြေဖွယ်ရာလေးပါ။

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ


3 comments:

လသာည said...

ညီမရေ..
ကျေးဇူး.. အစ်မတစ်ခါမှ အဲလိုမထုတ်ဖူးဘူး။ ဒီနည်းလေးက မဆိုးဘူးပဲနော်။ ဒီတခါ လုပ်ကြည့်ဦးမယ်
ဒီနေ့ သေချာနားမယ့်နေ့ပေါ့ ဟုတ်လား:D... နားနား...ゆっくりやすんでね。:P

khun said...

ခွန်လည်းခုမှသိတယ် ဟုတ်လား မ။
အဆင်ပြေတယ်နော်...
အိမ်ကပရင်တာရှုပ်လို့ လွင့်ပစ်ချင်နေ :P
အရေးပေါ်ကျတော့လည်း ဘယ်မှာလုပ်ရမှန်းမသိမို့ နော်။
ပြောပြတာ ကျေးဇူးပါ မရေ။

ပျော်ရွင်ပါစေ
ခွန်သဒ္ဒါ

ကျော်နှင်းဆီလွင် said...

မညရေ
သေချာလည်းနားလိုက်ရပါဘူး
စာလုပ်နေရတာနဲ့
^0^

ခွန်ရေ
ပရင်တာကြီးတော့မလွှင့်ပစ်ပါနဲ့
ဒီဘက်ကိုပစ်လိုက်
:D

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews