မနေ့ကလူကြုံလူလာတဲ့ပစ္စည်းတွေသွားပေးရင်း သူငယ်ချင်းနှစ်ဦးနှင့် စကားတွေလည်းပြောဖြစ်ပါ
တယ်။ သိလိုက်ရတာကတော့ ဒီလိုတွေစိတ်ကသိကအောင့်ဖြစ်ရတာ၊ ကြုံရတာကျမတစ်ဦးတည်း
မဟုတ်ဘူးဆိုတာပါပဲ။
ဆီဒိုးနားမှအဆက်
ကျန်ခဲ့တဲ့စကားကိုဆက်ရလျှင် ဆီဒိုးနားမှာ ခုံလဲပေးဖို့၊ ဓါတ်ကြိုးတွေထားတဲ့ခုံရွှေ့ပေးဖို့ပြောပြီး
ဒေါခွီးပြီးပြန်လာတဲ့ကျမအဖြစ်ကို အိမ်လာလည်တဲ့ အဒေါ်ကကြားပါတယ်။ အဒေါ့်သမီးကလည်း
ဆီဒိုးနားဘောရွမ်းမှာ မင်္ဂလာပွဲ ဒိတ်ယူထားတာပါ။ ဒါနဲ့အဒေါ်က ဦးလေးနဲ့သိကျွမ်းတဲ့ဆီဒိုးနားမှ
မန်နေဂျာကိုဖုံးဆက်ပေးပြီး ကျမကိုစိတ်ပူလို့နောက်ရက် ကျမနှင့်အတူ လိုက်ပို့ကာ စကားလိုက်
ပြောပေးပါတယ်။ သို့ငြားရောက်တာနှင့် ခုံလဲပေးပြီး လဲတဲ့ခုံလိုက်ပြပေးတာရော၊ ဓါတ်ကြိုးထား
တဲ့ခုံ ဖွက်ပေးမယ်ဆိုတာရောပြောတာမို့အဆင်ပြေသွားပါတယ်။ အပွင့်လင်းဆုံးပြောရရင် တာ
ဝန်ခံအသစ်က အတတ်နိုင်ဆုံးအပြေပြစ်ဆုံးပြောဆိုဆက်ဆံပေမဲ့ စိတ်နည်းနည်းရှုပ်နေတဲ့မျက်ပြ
နှာမျိုးနှင့် မနေ့ကဖြစ်ခဲ့တဲ့ကိစ္စမတောင်းပန်သလို သူတို့မလွန်သလိုပါပဲ။ ထုံးစံအတိုင်းမြန်မာ
ပြည်ပီသပါတယ်။ နောက်ကျမက ပွဲပြီးမှဘာမှလုပ်လို့မရတာမို့ ထပ်ပြီး confirmလုပ်ပါတယ်။
နောက်ခံဖဲပြားနဲ့စာတမ်းအရောင်ကို ကျမရဲ့ဖိတ်စာရောင်အတိုင်း ရွှေအိုရောင်အတိကျလုပ်ပေးဖို့
အထူးခုံတွေရဲ့ဖဲပြားစည်းတွေလည်းအရောင်တူလုပ်ဖို့ပါ။ အဒေါ်က အဲလိုလည်းပြောလို့ရတယ်
လားလို့ဆိုပါတယ်။ တူမမင်္ဂလာဆောင်မှာအတွေ့ကြုံရသွားတယ်လို့ဆိုလို့ ပြုံးရပါသေးတယ်။
နောက် ကျမက တေးဂီတကိုလည်း ဆူညံဝုန်းဒိုင်းကြဲနေတာကို ခံစားလို့မရတာမို့ သီးသန့်မငှား
ပါဘူး။ နောက်တခု ပန်းကိုလည်းကျမက ဟိုတယ်ကပေးတဲ့ဆားဗစ်စ်အပြင်မသုံးပါဘူး။ ပိုက်ဆံ
လား သန်းခေါင်ထက်ညမနက်ပါဘူးရှင်။ မပေါပေမဲ့ သိန်းဂဏန်းအနည်းငယ်ထပ်ထုတ်လိုက်ရုံမို့
လုပ်လည်း ရပါတယ်။ ဒါပေမဲ့ ကျမစိတ်ထဲမှာ တေးဂီတကတော့မကြိုက်လို့မလုပ်ဘူး။ ပန်းက
တော့ ဒီလောက်နာမည်ကြီးဟိုတယ်ကြီးငှားပြီး ဘာကြောင့်များငွေကုန်ခံကျမက ထပ်ထည့်
ချဲ့ရမှာလဲ။ လှအောင်ပြင်ပေးရမှာသူတို့တာဝန်ပေါ့။ ဟုတ်တယ်မဟုတ်လား။ မလိုတဲ့နေရာ
သုံးတာဟာ ဖြုန်းတာမို့မကြိုက်ပါဘူး။ ပြီးတော့ နိုင်ငံရပ်ခြားမှာ ပန်းကန်ဆေးတဲ့အချိန်ပိုင်းအ
လုပ်ကစပြီး လုပ်ဖူးတာမို့ ခုတော့ကော်လာဖြူပေမဲ့ ကိုယ်ရှာတဲ့ငွေ တပြားတချပ်တိုင်းကို တန်
ဖိုးထားတယ်ရှင့်။ မုန့်၅မျိုးကတော့ နည်းနည်းမှမနှမြောပါဘူး။ ဒါဟာ လာချီးမြှင့်ပေးတဲ့ဆွေ
မျိုး မိတ်ဆွေတွေကို ပြုရတဲ့ အလှူဒါန ဒါကြောင့်သဒါ(ဓ)သုံးတန်နှင့်အညီကို သုံးပါတယ်။
သူငယ်ချင်းနှင့်စကားပြန်နှောင်းပြောတဲ့အခါ သူငယ်ချင်းကသူ့တုံးကကြုံခဲ့တာကိုဖောက်သည်
ချပါသေးတယ်။ စုံစမ်းတဲ့အခါ သေချာတောင်မေးတာနားမထောင်ပဲ အမယူဖြစ်မှာလား မယူရင်
တခြားလိုချင်တဲ့သူတွေအများကြီးရှိလို့ဆိုပဲ။ ဆီဒိုးနားကဗမာပြည်မှာ သိပ်ဟော့တာကိုးရှင်။
နောက်နှစ်အနည်းငယ်ကြာလို့ ဟိုတယ်တွေအပြုံလိုက်ဝင်လာပြီး ဆားဗစ်စ်တွေအပြိုင်ဆိုင်
ဖြစ်လာတဲ့အခါ ပြုတ်ပြုတ်ပြုန်းသွားမှာမြင်ယောင်မိပါသေးတယ်။
ဒီနေရာမှာစကားမစပ် ဟိုတလောက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအချို့ကို နိုင်ငံခြားရင်းနှီးမြုပ်
နှံသူတွေ ၀င်မလာဖို့ဆန္ဒပြမယ်ဘာညာကြားလိုက်သေးတယ်။ ကျမကအဲသည့်တုံးကမခံချိမခံ
သာပြုံးမိသေးတယ။်ကိုယ့်ဘာသာအရင် ဆားဗစ်ကိုသေချာပေးတတ်အောင်ကြိုးစားပြီးမှကန့်
ကွက်ပါလို့။ အဲလိုပြောရင် မျိုးချစ်တွေအတော်များများကျမကိုစိတ်ဆိုးကြမယ်ထင်တယ်ရှင့်။
အထူးသဖြင့်ကျမလိုနိုင်ငံခြားသားနှင့်လက်ထပ်ထားသူကပြောရင် ပိုလက်ညိုးထိုးကြမယ်ထင်
ပါတယ်။ သြော် မျိုးချစ်၊ ပြည်ချစ်များ ယှဉ်ချင်လျှင် တစားပွဲတည်းမျက်နှာချင်းဆိုင်ထိုင်ပြီး ဘယ်
သူပိုချစ်တယ်ဆွေးနွေးပြိုင်လိုက်ချင်ပါသေးတယ်။ဒါပေမဲ့ကျမက မျက်ကန်းမျိုးချစ်တော့မဟုတ်
ဘူး။ တိုင်းပြည်ကိုတကယ်ချစ်ရင် တိုင်းပြည်အတွက်ကိုသေချာစဉ်းစားရမှာပါ။ လူတစ်ဦးတိုင်း
ဟာ မိမိကိုယ်ကို ကောင်းစွာစောင့်ထိန်း ရှင်သန်နေထိုင်ခြင်းဟာလည်း တနည်းအားဖြင့် တိုင်း
ပြည်အကျိုးပါပဲ။
ကျမဆိုလိုတာက ပြည်သူပိုင်လုပ်ငန်းတွေအတွက် ကာကွယ်ပေးရမယ့်အပိုင်းတွေ၊ ကန့်သတ်
ပြီး သီးခြားလုပ်ပိုင်ခွင့်သာပြုရမယ့်အပိုင်းတွေရှိတာအမှန်ပါ။ ဒီလိုအပိုင်းတွေမှာ စနစ်တကျကို
စည်းကမ်းတင်းကျပ်စွာ ပြည်သူပိုင်လုပ်ငန်းတွေကိုကာကွယ်ပေးရမှာပါ။ ခွင့်ပြုသင့်တဲ့အပိုင်း
ကိုလည်း ခွင့်ပြုပြီး နိုင်ငံကို တိုးတက်စည်ပင်လာအောင်လုပ်ရမှာပါ။ ချွေးနဲ့သွေးနဲ့ကိုယ်ရှာတဲ့
ငွေကို သုံးပြီး တန်ရာဝန်ဆောင်မှုတော့ ရသင့်တာပေါ့ရှင် နေရာတိုင်းမှာ။
ဥပမာ ဗမာပြည်မှာ တဦးချင်းဆီကဖြစ်နေတဲ့ လုပ်နေကျတဲ့ ၀န်ဆောင်မှုဟန်ပန်နှင့်ဆက်ဆံမှု
တွေ၊ နောက်ဆုံးတော့ ဗမာပြည်က အဲလိုပြည်၊ အဲလိုလူမျိုးတွေဆိုပြီး အကဲဖြတ်သတ်မှတ်ခံ
လိုက်ရတာပဲ။ အထူးသဖြင့် နိုင်ငံခြားသားနှင့်ဆက်ဆံနေသူတွေက သိနေကြမှာပါ။ မိမိကိုယ်
တိုင် တဦးတည်းရဲ့ ကျင့်ဝတ်၊ စိတ်ဓါတ်၊ စေတနာကိုတောင် မတည်ဆောက်နိုင်သေးပဲ တိုင်း
ပြည်အတွက်လို့ ထအော်နေလည်းဘာမှဖြစ်မလာနိုင်ပါဘူး။ ဂျပန်ဟာကမ္ဘာမှာကောင်းသတင်း
ကျော်တဲ့အထဲ လူမျိုးစုတခုလုံးက ကျင့်ဝတ်ကိုလိုက်နာကြတာဟာ တချက်ပါပဲ။ ဒီလိုပါပဲ
ဘယ်နိုင်ငံမဆို မကောင်းတာတွေလည်းရှိတာပေါ့ရှင်။
စကားမစပ် ကျမနိုင်ငံခြားသားနှင့်လက်ထပ်တဲ့အကြောင်းပြောရရင် ကျမက နိုင်ငံခြားသားနှင့်
လက်ထပ်တယ်ဆိုတဲ့အယူကို ဘယ်လိုမှလက်မခံခဲ့သူပါ။ သို့ငြားငယ်စဉ်ကပါ။ ဒါပေမဲ့ကျမ
ကြီးပြင်းတော့ မြန်မာပြည်ကလူအများမိရိုးဖလာ ကိုးကွယ်ကြတဲ့ဗုဒ(ဓ)ဘာသာ ၊ ငါစွဲမထားရ
ဘူးလို့ဆုံးမထားပေမဲ့ သိပ်ကိုလေးစားဖို့ကောင်းတဲ့ဗုဒဘာသာတိုင်းပြည်ဗမာပြည်မှာ ငါမှ
အမှန်၊ ငါပြောတာသာအမှန်တွေသိပ်များတာကိုသတိထားမိတယ်။ အယူဆမတူသူသည်ရန်သူ
ဒါတွေကိုကျမခံစားလို့မရဘူး တကယ်တမ်း ဘုရားဟောသလို ငါစွဲချွတ်ဆိုသလို ငါ့လူမျိုး
ငါ့ဘာသာ ဆိုတဲ့ထိပါကျွတ်မှာမို့ ဒီလိုတရားရှိတဲ့ဘာသာတရားမို့ အာဖဂန်နစ္စတန်တို့ အိန္ဒိ
ယတို့ အင်ဒိုနီးရှားတို့လို ယခင်က ဗုဒဘာသာအလွန်ကိုထွန်းကားခဲ့တဲ့ဒေသတွေမှာ ဗုဒဘာ
သာ တိမ်ကော ကွယ်ပျောက်ခဲ့ရတာလို့ထင်ပါတယ်။ ကျမကိုယ်ထဲမှာလည်း ဗမာစစ်စစ်သွေး
ဆိုတာမရှိဘူး။ တိုင်းရင်းသားရော လူမျိုးခြားရောရောနေခဲ့တယ်။ သမိုင်းအရ လူမျိုးတခုမတိမ်
ကောစေဖို့ဆိုတာသိပ်ကိုအရေးပါပါတယ်။ ဒါပေမဲ့ ဗုဒဘာသာအရတွေးရင် အားလုံးဟာဘာမှ
မဟုတ်တာမို့ အနတ္တသဘောမို့ အရေးမပါပြန်ဘူး။ ပျောက်ချိန်တန်ပျောက်မှာပဲ။ ဒါကြောင့်
ကျမမှာ မျက်ကန်းမျိုးချစ်စိတ်မရှိဘူး။ သို့ငြား ကျမခံယူထားတာ ကျမဟာ ဗမာပဲ။ ဗမာသွေး
အများကြီးကျမကိုယ်ထဲစီးဆင်းနေတယ်။ ဒါ့ထက်ကို လူဟာ လူလူချင်းစာနာရမယ် ဖေးမရ
မယ် လူ့အကျိုးကိုပြုရမယ် ရှင်သန်နေထိုင်သွားတဲ့ဘ၀သက်တမ်းခဏတာမှာ အကျိုးရှိစွာ
နေထိုင်သွားရမယ်။ ကမ္ဘာပေါ်က ဘယ်နိုင်ငံက ဘယ်လူမျိုးမဆို ကျမစိတ်ထဲ အတွေးထဲမှာ
ငါ့လိုလူတစ်ဦးဆိုတဲ့အတွေးထက်မပိုဘူး။ ဒါကြောင့် ကျမနှင့်စိတ်ဓါတ်၊ ခံယူချက်ခြင်း
ကိုက်ညီတဲ့ ခင်ပွန်းသည် သူနှင့်ဆုံတွေ့တဲ့အခါ ကျမစိတ်ထဲ ပြောတဲ့ဘာသာစကားသာ
ခြားနေတယ်။ သူနှင့်ကျမ လူမျိုးခြားနေတယ်ဆိုတဲ့အတွေးဟာ လုံးဝကိုရှိမနေခဲ့ပါဘူး။
ဒါကြောင့် ကျမလူတယောက်ဟာ လူတဦးဖြစ်တဲ့သူနှင့်မေတ္တာသက်ဝင်လက်ထပ်ခြင်းပါ။
အရာအားလုံးဟာ ဒီ့ထက်မပိုပါဘူး။ ဒီ့အတွက်ကျမဟာ နိုင်ငံခြားတိုင်းပြည်တခုနှင့်ဆက်နွယ်
ပတ်သက်လာရတယ်။ ကျမဂျပန်မှာနေထိုင်နေစဉ် သူတို့နိုင်ငံသားတွေရတဲ့အခွင့်ရေးကျမ
အကုန်ရခဲ့တယ်။ ကျမနှင့်ကြုံဖူးသူတွေ ဆိုရလျှင် ရုံးတို့ဘာတို့မှာ ခဏတာကြုံခဲ့ဖူးသူတွေ
တောင်မှ ကျမအပေါ်ကောင်းကြ စေတနာထားခဲ့ကြ လုပ်ပေးခဲ့ကြတာမျိုးကြုံခဲ့ရတယ်။
ဒါကြောင့်ကျမဟာ ကျေးဇူးသိပ်တင်တယ်။ ဒီကျေးဇူးတရားကို မမေ့ဘူး။ ဒါကြောင့် အမြဲ
တမ်း မွေးဖွားကြီးပြင်းခဲ့ရာ ဗမာနိုင်ငံအတွက်ပဲ စဉ်းစားခဲ့ဖူးတဲ့ကျမဟာ အကျိုးပြုချင်တဲ့
နိုင်ငံတစ်ခုပိုလာပါတယ်။ ဒုတိယဟာ ဂျပန်နိုင်ငံပါပဲ။ ချုပ်ရလျှင် ကျမဟာ ကျမလိုလူတဦး
နှင့်သာ လက်ထပ်ထားသော လူတဦးပါ။ ကျမအတွေးထဲ ဒါ့ထက်မပိုပါဘူး။
နောက်ပြီး ကျမတို့မင်္ဂလာစင်မြင့်ပေါ်မုန့်လာချတဲ့အခါ ခွံ့ကျွေးတဲ့ရေခဲမုန့်ကိတ်တခုပဲ
လာချတယ်ရှင်။ ဒါဟာထုံးစံပဲလား။ စားချိန်ရရမရရ၊ စားမယ်မစားဘူးဆိုတာသတို့သား
သတို့သမီးကဆုံးဖြတ်မှာပါ။ သတို့သားသတို့သမီးလည်း ဗိုက်ဆာတတ်ပါတယ်ရှင်။ နိုင်ငံ
ခြားကမင်္ဂလာပွဲတွေမှာတော့ သတို့သားသတို့သမီးစားဖို့အတွက် ဟိုတယ်လ်တွေက
သတို့သားသတို့သမီးနှစ်သက်တတ်တဲ့အရာတွေနှင့် ဘ၀တသက်တာအမှတ်တရပွဲ
အမှတ်တရဖြစ်ဖို့ကို အထူးစီစဉ်ကျွေးမွေးတည်ခင်းတတ်ပါတယ်။ ကျမမူလတန်းသာသာ
က မေ့မေ့ညီမ ဒေါ်လေးမင်္ဂလာဆောင်က အဲသည့်တုံးက ထိပ်တန်းဖြစ်တဲ့ သမ္မတဟိုတယ်
မှာဆောင်ပါတယ်။ အဲသည့်တုံးကတောင် မုန့်တွေအစုံလာချသေးတယ်။ တခြားသတို့သမီး
တွေရောအတူတူပဲလားလို့ မေးကြည့်ချင်မိပါတယ်။
ဝတ်စုံ
ကျမအပါအ၀င်အားလုံးက စိတ်အပူဆုံးကတော့ဝတ်စုံပါရှင်။ အဒေါ်တွေမောင်နှမတွေအားလုံး
က ကျမ၀တ်စုံကိုစိတ်ပူနေခဲ့ကြပါတယ။် ကျမလည်း ၀တ်စုံကလေးတော့ ကိုယ်ကြိုက်တဲ့အ
ရောင် နှင့် ဒီဇိုင်းကိုကိုယ်တိုင်ရွေးချင်ခဲ့ပါတယ်။ မကြီးခင်စန်းဝင်းဆိုဒ်မှာသွားကြည့်ပြီးကြိုက်
တဲ့ဒီဇိုင်း ညီအမတွေကတဆင့်လှမ်းမေးတဲ့အခါ မရှိတော့တာတို့ လာမှရွေးလည်းရပါတယ်
ဆိုတာမို့ စိတ်မအေးရပါဘူး။ လက်လှမ်းမီသလောက် ၀တ်စုံတွေကြည့်တဲ့အခါ အဖြူကလွဲပြီး
အတော်များများက ပန်းရောင် ရွှေရောင် တောက်တောက်တွေချည်းမို့ ကျမမနှစ်သက်ပြန်ပါ
ဘူး။ ဒီလိုဖြင့် ကိုပြည်စိုးအောင်မင်္ဂလာဝတ်စုံပွဲတွေကို ဖေ့စ်ဘွတ်ခ်မှာကြည့်ပြီး တိုက်ရိုက်ဖုံး
ဆက်ငှားပြီးအဆင်ပြေသွားပါတယ်။ ၃သိန်းခွဲပါ။ ပုံမှန်ဆိုလျှင် သတို့သားဝတ်စုံပါဝင်ပြီးဖြစ်ပါ
တယ်။ ကျမကြည့်တဲ့ပုံက သတို့သမီးတဦးတည်းပုံမို့ သတို့သားဝတ်စုံကိုလည်းသူများတွေ
နည်းတူ၊အရောင်တူပဲလို့ထင်ခဲ့ငြား၊ရောက်လို့သွားတိုင်းတဲ့အခါအဖြူရောင်ဖြစ်နေခဲ့ပါတယ်။
စဉ်းစားကြည့်ပါရှင် အသားရောင် မြေပဲခွံရောင်သတို့သမီးဝတ်စုံဟာ အဖြူနဲ့တွဲလိုက်ရင်
အရောင်ပြဲပြဲကြီးဖြစ်သွားမှာပေါ့။ ကျမလက်မခံနိုင်ပါဘူး။ ပြောတဲ့အခါအသစ်ထပ်ချုပ်ရမှာမို့
တွဲပေးတာမယူပဲ ထပ်ချူပ်ခိုင်းရင် တသိန်းကျမယ်ဆိုပါတယ။် ကိုပြည်စိုးအောင်နှင့်တိုက်ရိုက်
ပြောဆိုညှိနှိုင်းတဲ့အခါ ၈သောင်းနှင့်အဆင်ပြေသွားပါတယ်။
ဒါလည်းပညာရပါတယ်။ သတို့သားအရောင်ကအစ သေချာ confirm လုပ်သင့်ပါတယ်။
ရိုးရိုးသားသားပြောရလျှင် ကျမစိတ်ဆိုးခဲ့ပါတယ်။ ဗမာပြည်ရဲ့ နိုင်ငံကျော်ဒီဇိုင်နာကြီးက မြေပဲ
ခွံရောင် ကို အဖြူရောင်နှင့်တွဲပေးထားတဲ့အတွက်။ ပွဲမှာ အရောင်ပြဲပြဲကြီးဖြစ်သွားမှာတွေးရုံ
နှင့်မြင်ယောင်တာကို သူအဲလိုစပ်ထားရသလားဆိုပြီး။
ဒါပေမဲ့ ကိုပြည်စိုးအောင်ဟာ အလွန်ဆက်ဆံရေးကောင်းပါတယ်။ သူ့ကိုကျမသိပ်ချီးကျူးတဲ့
အချက်ဟာ စတင်ဖုံးဆက်သွယ်ဆက်ဆံကတည်းက စကားပြောတာ အလွန်ယဉ်ကျေးသိမ်
မွေ့ပါတယ်။ သူကကျမကိုပြေလည်အောင်ညှိပေးတာမို့ စိတ်ဆိုးလည်းပြေသွားပါတယ်။
နောက်ကျမပုဝါကိုလည်းသူက အသစ်ချူပ်ပေးထားတာ အင်မတန်လှတယ်လို့ ခံစားမိပါတယ်။
မိတ်ကပ်
မိတ်ကပ်ကမကြီးခင်စန်းဝင်းပါ။ ကျမသိပ်ကျေးဇူးတင်တယ်ရှင့်။ ကျမတို့အဖွဲ့ လက်စွပ်ဗန်းကိုင်
ပန်းကြဲနှင့် ပန်းကိုင်လေးဦး အားလုံးအမျိုးသမီးတွေချည်းပါ။ အားလုံးဟာ လှနေအောင်ပြင်ပေး
ထားပါတယ်။ အလွန်ကို စိတ်တိုင်းကျပြီးအလွန်ကျေးဇူးတင်ပါတယ်။
လက်ဝတ်ရတနာ
ဗိုလ်ချုပ်ဈေးက၀တ်မှုန်မှာကျမဌားပါတယ်။ တဆက်လုံး ရသောင်း
ပါ။ သူမလည်းဆက်ဆံရေးအလွန်ကောင်းပါတယ်။ သဇင်ခက်လိုဆံထိုး၅ချောင်း၊လည်ဆွဲတခု
နားကပ်တစုံ၊လက်စွပ်၂ခု၊လက်ကောက်၂ခုပါ။
ကျမဆံထုံးကကြီးတော့ဆံထိုးကမမြိုင်သလိုဖြစ်သွားတော့ မကြီးစန်းအဖွဲ့ကဆံထိုး၂ချောင်း
ထပ်စိုက်ပေးပါတယ်။
သို့ငြားပွဲအပြီးမှာ ကျမဆံထိုးပြန်အအပ်မှာ ၂ချောင်းကို ၃ချောင်းလို့ဆိုပါတယ်။ ၃ချောင်းငှားခ
တသောင်း၊ ပျောက်တဲ့တချောင်းအလျော်ပါ။ သည်အခါ ပွဲပြီးတာနဲ့ ပစ္စည်းတွေအားလုံးတခုစီ
သေချာဖြုတ် သပ်သပ်ရပ်ရပ်ခွဲသိမ်းတဲ့ကျမ၊ သိပ်သေချာတာမို့၊ဒါမဖြစ်နိုင်ဘူး၊ကွန်ဖန်းပြန်လုပ်
ပါဆိုပြီးပြောခဲ့ပါတယ်။ နောက်ရက် မိတ်ကပ်ပြင်ပြီးစစကားလှမ်းအပြောနောက်ကျောခိုင်းသွား
တဲ့ကျမဓါတ်ပုံထဲမှာဆံထိုးက ၂ချောင်းပဲရှိပါတယ်။ ကျမပုံကို အိမ်မှာပဲချက်ချင်းဓါတ်ပုံပရင့်
ထုတ်ပြီး နောက်ရက်သွားတဲ့အခါပြဖို့ အိတ်ထဲဆောင်ထားပေမဲ့ ၂ရက်ခန့်အကြာဖုံးလာပါ
တယ်။ ၂ချောင်းမှန်ကန်ပါကြောင်း။ ငှားခ တသောင်းဖြစ်ကြောင်း။ အဲတော့ကျမလည်းပြောပါ
တယ် ၃ချောင်း ၁သောင်း။၂ချောင်း ၇ထောင်ပေါ့လို့။ အဲလိုနဲ့၇ထောင်ဖြစ်ပါတယ်။ ဒါပေမဲ့
ကျမနားမလည်တာက ပုံမှန်တွက်တဲ့အမောင့်ကို ကျမက ဘာလို့ထပ်မညှိလို့မဖြစ်ရတာလဲ။
ပြီးတော့ ပြောခံရတဲ့နေ့ ဟုတ်လား အင်းဆိုပြီးလျော်ခဲ့ရင် ကျမပေးခဲ့ရမှာပါပဲ။
ဒါကြောင့်လက်ဝတ်ရတနာစတာတွေလည်း သေချာစစ်ကြပါ။
ဓါတ်ပုံကိုဝဏ(ဏ)ခွာနီး
သူ့ကိုတော့ကျမကပြန်တောင်းပန်ရမယ်ထင်ပါတယ်။ ကာယကံရှင်ကတော့သတိပြုမိချင်မှ
ပြုမိမှာပါ။ ပထမတချက်က ကျမမောင်နှမနှင့်သူငယ်ချင်းတွေ ဓါတ်ပုံရိုက်တာတွေရှိလို့ သူ
စိတ်ကွက်မှာစိုးမိတယ်ရယ်။ အမျိုးတဦးက မသိဘဲ ပုံတွေစွတ်မရိုက်နဲ့စွတ်ကျနေမယ်ဆိုခဲ့
လို့ပါ။ တောင်းပန်ပါတယ်ရှင်။
ကိုဝဏ(ဏ)ရိုက်တာက အဲလိုစတိုင်မဟုတ်ဘူးရှင့် ၁ပုံ၁ထောင်နှုန်းဖြင့်ပုံ၁၀၀အနည်းဆုံး
မှာ ကျမက ၁၅၀၀န်းကျင်ခန့်လို့ဆိုပြီးရိုက်ပါတယ်။ သူရိုက်ထားသမျှပုံကိုသွားကြည့်ပြီး
ကိုယ်ကြိုက်တဲ့ပုံရွေးပြီး ယင်းအရေတွက်ကိုငွေချေပြီးပုံထုတ်ပေးတာပါ။ အလေလွင့်လုံးဝ
မရှိပါဘူး။ မကြိုက်တဲ့ပုံ ပယ်လိုက်ရုံပါပဲ။ ဦးဆုံးစကားပြောထားတဲ့ အနည်းဆုံးပုံအရေ
တွက် ယူပေးရင်ရပါတယ်။
ဗွီဒီယိုက ၂သိန်းခွဲပါ။ ကျမတောင်ခုထိမကြည့်ရသေးပါဘူး။
ဓါတ်ပုံတွေကတော့ အတော်လှတယ်လို့ခံစားရပါတယ်။ ကျေးဇူးသိပ်တင်ပါတယ်ရှင်။
ကျေးဇူးတင်စကား
နောက်ဆုံးပိတ်ကျေးဇူးသိပ်တင်ဖို့ကောင်းတာကတော့ သဘောထားကြီးကြတဲ့ကျမကိုချစ်ခင်
ပေးကြတဲ့ လာရောက်ချီးမြှင့်ပေးကြတဲ့ဆွေမျိုး၊ ဆရာသမားနှင့် မိတ်ဆွေသူငယ်ချင်းများပါပဲ။
၅ရက်အလိုမှရောက်ပြီး အထစ်အငေါ့တွေနှင့် ဟိုတယ်ရော ၀တ်စုံရော အခါခါ တောင်နှင့်
မြောက်ပြေးခဲ့ရတဲ့ကျမ၊ ဦးကျော်စိုးဦးနှင့်လည်း ပြေးတွေ့ရပါသေးတယ်။ ဦးကျော်စိုးဦးဟာ
လည်းအလွန်ရည်မွန်သဘောကောင်းပါတယ်။
ဦးဆုံး အကျဉ်းချုံးလိုက်မယ်လို့စိတ်ကူးတဲ့ကျမ လူ၂၀၀ပဲ ဦးဆုံးဘွတ်ကင်လုပ်ထားခဲ့ငြား
နိုင်ငံအသီးသီးက သူငယ်ချင်းအတော်များများ ပြန်လည်ချိန်ဖြစ်ပြီးလာမယ်ဆိုတာရော၊
မတွေ့တာကြာပေမဲ့ ဖိတ်စာလည်းလာမပေးနိုင်တော့ဘူး ခွင့်လွှတ်ပါလို့ ဖုံးဆက်ဖိတ်ရုံနှင့်
လာမှာပေါ့ လို့ပြောပေးကြတဲ့ သူနှင့်ကျမရဲ့ မိတ်ဆွေသူငယ်ချင်းတွေကြောင့် ရောက်တာ
နှင့်ကျမ ၃၀ဦးထပ်တိုးပြီး 230ဦးစာငွေချေလိုက်ပါတယ်။ အရံက ၂၀ဦးပြင်ပေးထားပြီး၊ ပွဲ
ကျင်းပတဲ့အခါ ဟိုတယ်ခန်းမထဲမှာပါ ဧည့်ခံရသည်အထိ လူလျှံသွားပါတယ်။ ၃၀၀နီးပါး
ဖြစ်သွားပါတယ်။ အဲလိုမှန်းသိရင် ဘောရွမ်းကြီးပဲယူလိုက်ပါတယ်ရှင်။
ဒါကြောင့် တကယ်ပွဲကျင်းပမှပဲ တချို့တွေလည်းဝေးနေပေခဲ့ကြပေမဲ့၊ တချို့တွေလည်းအလွန်
ကိုမအားလပ်တဲ့ကြား နွေးနွေးထွေးနဲ့လာပေးကြတာမို့ ကျမမိတ်ဆွေသူငယ်ချင်းတွေရဲ့ ကျမ
အပေါ်ခင်မင်မှု နွေးထွေးမှုကို ဖော်မပြတတ်အောင်ပဲ ၀မ်းသာ ပျော်ရွှင်ပြီး ကျေးဇူးအထူးတင်မိ
ပါတယ်။
သူငယ်ချင်းမိတ်ဆွေများအားလုံးကို အထူးကို ကျေးဇူးတင်ရှိပါတယ်ရှင်။
နောက်မှပဲ တခြားအတွေ့ကြုံလေးတွေဆက်ပါဦးမယ်နော်
အားလုံးပဲ ပျော်ရွှင်ပါစေရှင်
11:45 AM
ကျော်နှင်းဆီလွင်



Posted in


12 comments:
သတိုးသား သတိုးသမီးေ၇ခဲမုန့် ပဲ စားရတာ အတော်များများပါ ဗိုက်ဟောင်းလောင်းနဲ့  တ၀ိုင်းပြီး တ၀ိုင်းပြီး လိုက်နုတ်ဆက်ရတာ ထုံးစံလို့ ပါပဲ ကျွန်တော် တို့ တုန်း ကတော့  Grand ball room ရှေ့ က VIP ဒုတိယ စားပွဲ မှာ ၀ိုင်းတခု အလွတ်တွေထားပြီး သတိုးသား သတိုးသမီး အရံ တွေ ညေ့် သည်တွေစားလို့ ၇ပါပြီ ဆိုတာနဲ့ စင်ပေါ် ကဆင်း စတိ နုတ်ဆက်ပြီး ဓါတ်ပုံရိုက် ဆင်းတွယ်ကျတော့တာပဲ လူတွေ က ကွက်ကြည့်ကွက်ကြည့် နဲ့ ပေါ့ ဘယ်လို့ လဲပေါ့..စဉ်းစားကြည့်ပါအုံး မနက် ၅ နာရီထဲ က Sedona ရောက် ဗိုက်ဟောင်းလောင်းနဲ့  ကြွလာတဲ့ လူတွေ က 9 on course meals တွေတုတ်နေတုန်း ကိုယ့် က ဗိုက်ဟောင်းလောင်းနဲ့ .ဘယ်ရမလဲ လူတွေလဲ စား သတို့သား သတို့ သမီးလဲ စား သတိုသားပါ ဟီဟီ သတို့ သမီး က တော့ပေ မှာစိုးလို့  တို့ ကဂနန်းဆိတ်ကနန်း ပေါ့..ပျော်စရာကြီး ပါ..၂၀၀၉တုန်း က
အဟင်းဟင်း
တကယ်ချကျွေးလည်း သတို့သမီးကတော့သိပ်စားနိုင်မယ်မထင်ပေမဲ့လည်း
မချင့်မရဲဖြစ်မိပါတယ်။
ပြောပြပေးတာကျေးဇူးပါနော်။
အဲသည့်တော့ ဟိုတယ်လ်ဆားဗစ်စ်ထဲမှာ သတို့သားသတို့သမီးအတွက်မုန့်
မပါတဲ့သဘောပေါ့နော်
အောက်ဆင်းစားရင် ၂ယောက်စာထပ်ကျသင့်တဲ့သဘောပေါ့နော်။
:D
မင်္ဂလာဆောင်တွေဖတ်ရင်.. ကွကို အားငယ်တယ်..
တော်ပီ .. မဖတ်ဖူးလို့သဘောထားလိုက်မယ်နော် အစ်မ.. :)
မရဘူးလေ
တနေ့ဆောင်ရမှပြေးလို့ဘယ်လွတ်မလဲ
အဟင်းဟင်း
When we really love someone, we just love the person no matter he/she is tall or short, ugly or beautiful, rich or poor, black or white, and skinny or chubby. At one point in my life, I had to work with pre-schoolers at various preschools. They all came with different sizes, shapes, colors, and backgrounds. Some were African-Americans and others were Caucasians, Asian-Americans, Hispanics, and mixed races coming from all over the world. I loved an adorable African-American boy as the way I loved a cute Chinese-American girl. I could not distinguish them whether they were black or white and pale or yellow. In my eyes, they were all beautiful, cute, and lovely. When our eyes are filled with love, we see each other nothing, but love. It's OK to get married with a different race or ethnicity as long as you two love each other, understand the differences, and try to compromise those differences to maintain your relationship. Love will conquer every obstacle coming to your way. Even though your post mainly mentioned about your wedding, a paragraph writtten about why you married to a different ethnicity gave me food for thought. It is a reason why I love to read. It's all beneficial to me if I catch a word, a phrase, a sentence, or a paragraph to explore my thinking to infinity. Congratulations for your wonderful wedding and wishing you to have a successful life in your future.
YMK
Thanks so much for your long comment and for your time Ma/Ko YMK.
I really appreciate your feeling.
But I wanted to say more exactly that I feel everyguy a human more than love whoever they are and wherever they are came from though I totally agree your conception and feeling about love and about that which conquer anything at all.
Again, I really thanks so much for your kindness and wishess.
truly and love,
KNSL
တချို့သတိုးသား သမီးတွေကတော့အဲချိန်မျိုးမှာဗိုက်ဆာတာမဆာထက်ကျွေးမကျွှေးကိုခံစားဖို့သိပ်သတိရြ့ကမှာမဟုတ်အတိုဆုံးပြောရရင်မကျော်နင်းဆီကအိမ်ထောင်သက်၎နှစ်ကြီးများတောင်ဖြစ်နေပြိမို့ထင်တယ် ပြီတော့ဒီဇိုင်နာကသူဟာသူတော့တော်ပါတယ်မသိ မတတ်လို့မဟုတ်ပါဘူးသူတို့ကနံမယ်ကြီးမင်းသမီးတယောက်ဆိုရင်မှအကောင်းဆုံးပေးမယ်...သာမန်တယောက်ကိုလုပ်ပေးလို့ငွေကလွဲပြီးဘာမှမရဘူးလို့သဘောထားတယ်လို့ထင်ပါတယ် ။သူတို့အရောင်ရွှေးတတ်တာကတော့သေချာတယ်..
ဟုတ်မယ်ထင်တယ်နော်
ဒါပေမဲ့ စားတာမစားတာထက် ချမကျွေးတဲ့ဆားဗစ်ကိုမနှစ်သက်တာလို့ပြောရမယ်ထင်တယ်
ဒီကမင်္ဂလာဆောင်တွေမှာတော့ သတို့သားသတို့သမီးကရှယ်စားရတာလေ
:))
ကျမတော့သူအလုပ်များသွားတယ်ထင်တာပဲ
သာမာန်လူလည်း နာမည်ပျက်စရာရှိပျက်မှာလေ။
:))
ကျွန်မက မနှစ်ကဇန်န၀ါရီမှာ ဆီဒိုးနားမှာ မင်္ဂလာဆောင်ခဲ့တာပါ။ကျွန်မတို့က မင်္ဂလာပွဲမတိုင်ခင်ညကတည်းက သွားရေးလာရေးအဆင်ပြေအောင်ဆိုပြီး အခန်းကြိုယူထားတယ်။ဖြစ်ချင်တော့ သူတို့က အခန်းတခုထဲကို ၂ရက်ဆက်တိုက်မရဘူးတဲ့။အခန်းကတော့ တရက်က မင်္ဂလာဆောင်လုပ်တဲ့အတွက် အလကားရတယ်။ တရက်က ပိုက်ဆံနဲ့ပေးတည်းတာပါ။ တခန်းထဲကို ၂ရက်ဆက်ယူမယ်ဆိုလည်းမရဘူးတဲ့။ မင်္ဂလာဆောင်ပြီးတခြားအခန်းတခုကိုပြောင်းပေးရမယ်တဲ့။အခန်းတွေက ဘွတ်ကင်ပြည့်နေလို့်တဲ့။ကျွန်မတို့လည်း မင်္ဂလာဆောင်ပြီး ဓာတ်ပုံ ဗီဒီယိုရိုက်ချင်တယ်။ အဲဒါကြောင့်နည်းနည်းနောက်ကျမှ တခြားအခန်းကိုပြောင်းမယ်လို့ပြောလိုက်တယ်။ နောက် အခန်းကိုလည်း သန့်ရှင်းရေးလုပ်ထားပေးပါလို့ request လုပ်လိုက်တယ်။ နောက်နေ့မင်္ဂလာဆောင်ပြီး ဓာတ်ပုံဗီဒီယိုရိုက်မယ်ဆိုတော့ အခန်းကိုဘာမှ သန့်ရှင်းရေးလုပ်မထားဘူး။ အဲဒါနဲ့ ကျွန်မတို့လည်းကိုယ့်ဘာကိုယ်ရှင်းပြီး ဓာတ်ပုံဗီဒီယိုရိုက်ကြတယ်။အဲလိုရိုက်နေတုန်း reception ကနေဖုန်းခဏခဏခေါ်ပြီး အခန်းပြောင်းခိုင်းတယ်။ ကျွန်မတို့က ခနလောက်စောင့်ပါ ။ ဓာတ်ပုံဗီဒီယိုရိုက်နေလို့ဆိုတာကို အတင်းပြောင်းခိုင်းတယ်။အဲဒါနဲ့ ကျွန်မတို့လည်းအခြေအတင်ပြောပြီး အမြန်ဆက်ရိုက်ကြတယ်။လူတယောက်ရဲ့ မင်္ဂလာအချိန်မှာ ဘယ်လောက်စိတ်အနှောက်အယှက်ဖြစ်မလဲဆိုတာ စဉ်းစားသာကြည့်တော့။ နောက် သန့်ရှင်းရေးကိစ္စကွန်ပလိန်းတက်တော့လည်း လက်ရှိတာဝန်ကျတဲ့လူက မသိပါဘူးတဲ့။ ကျွန်မတော့ အိမ်နားကဘုန်းကြိးကျောင်းဆောင်ရင်တောင် ဒီထက်စိတ်ချမ်းသာဦးမယ်။ ခုမကျော်နှင်းဆီလွင်ရဲ့ ဘလာ့ဖတ်ရင်း ကြုံလို့ရေးလိုက်တာပါ။ ဆီဒိုးနားရဲ့ ၀န်ဆောင်မှုကတော့ အောက်ဆုံးမှာဘဲ။လူတယောက်ရဲ့ဘ၀မှာအရေးအကြီးဆုံးအချိန်မှာ သူတို့ဝန်ဆောင်မှုကြောင့်ဘယ်လောက် စိတ်အနှောက်အယှက်ဖြစ်ရလဲဆိုတာ။
ခုလို အတွေ့ကြုံတွေကို ကွန်မန့်အရှည်ကြီးရေးပေးလို့သိပ်ကျေးဇူးတင်ပါတယ်ရှင်။
ကျမတဦးတည်းကဆိုနေရင် ကျမကလွန်တယ် ထင်ရင်ထင်ခံရမှာနော်
:)))
ကျမထက်တောင် စိတ်အနှောင့်ယှက်ဖြစ်ခဲ့ရမှာနော်
ပွဲတန်းလန်းမှာဆိုတော့
ကျမကတော့ ပွဲမစခင်တည်းကရှုပ်သွားတာပါပဲရှင်။
အရမ်းကိုကိုယ်ချင်းစာပါတယ်။
သန့်ရှင်းရေးက မနက်တိုင်းလုပ်ပေးရမှာတာဝန်ပဲရှင်။
နောက်ဆို အများကြီးဟိုတယ်တွေပေါ်လာမှာပါရှင်
ဆီဒိုးနား ဟိုတယ်က တခြားဌာနက ၀န်ထမ်းတွေတော့မသိဘူး။ မင်္ဂလာခန်းမ အတွက်တာဝန်ယူ တဲ့ မိန်းမများကတော့ သူတို့ ပဲ အလုပ်ရူပ်တယ် တခြားသူတွေ အားယားတယ်များ ထင်နေကြသလားတော့မသိဘူး။ ပိုက်ဆံပေးမဲ့ လူကတောင် အောက်ကျို့ နေရတယ်။ ရိုင်းတဲ့ သူ က သိပ်ရိုင်းတယ်။ စကားပြောလည်း မြန်မြန်နဲ့ သူတို့ ပြောချင်ရာပြောတယ်။ ကိုယ်မရှင်းတာကို သေချာမေးရင် မကြိုက်ချင်တော့ဘူး။ ဆားဗစ် ပေးရတဲ့ ဟိုတယ်ဝန်ထမ်းဆိုတာ မေ့နေကြသလားပဲ။ ချာထရီရမ် မှာလည်း ခန်းမအတွက် သွားစုံစမ်းဖူးပါတယ်။ အင်မတန်ကို ဆက်ဆံရေး ပြေပြစ်ပါတယ်။ ချိုသာပါတယ်။ ယဉ်ကျေးပါတယ်။ စိတ်ရှည်စွာနဲ့ ရှင်းပြကြပါတယ်။ ဆီဒိုးနားကတော့ ရိုင်းတယ်။ ယှဉ်စရာ မရှိသေးတော့ ရိုင်းထားအုန်းပေါ့။
ခုဆို ဟိုတယ်လ်အသစ်တွေဆောက်နေကြတယ်နော်
ဒီပုံဆိုရင်တော့ နောက်ယှဉ်စရာတွေများလာရင် ၀င်မဲ့လူရှိမှာမဟုတ်တာသေချာမယ်ရှင့်
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ