2012ခုနှစ် ဒီဇင်ဘာနှင့် 2013ခုနှစ် ဇန်န၀ါရီဟာ ကျမဘ၀ရဲ့ ကြီးကြီးမားမားအချိုးအကွေ့
တနည်းအားဖြင့် ဘ၀ရဲ့အမှတ်တရ မှတ်တိုင်နှစ်ခုရှိခဲ့တယ်လို့ဆိုရပါမယ်။
ကျမနှင့်သူရဲ့အိမ်ထောင်သက်တမ်း ၄နှစ်ပြည့်ပြီးနောက် 2012ခုနှစ် ဒီဇင်ဘာလမှာမြန်မာပြည်
အလည်နှစ်ပတ်ခန့်ပြန်ပြီး၊ ကျမနှင့်သူရဲ့မင်္ဂလာဧည့်ခံပွဲကိုကျင်းပခဲ့ပါတယ်။ နှစ်အတန်ကြာ
ဝေးနေခဲ့ရတဲ့ မြန်မာပြည်ဟာ ပြောင်းလဲနေမှုများစွာဖြင့် ကျမရင်ထဲမှာလည်း ရေးချင်သော
အကြောင်းအရာတွေများစွာ ရင်မှာပိုက်ပြီး ပြန်လာခဲ့ရပါတယ်။
ခေါင်းစဉ်တွေခွဲရေးလျှင်တောင် ပို့စ်တွေမနည်းဘူးရေးဖြစ်မှာလို့ ထင်ပေမဲ့ အနှစ်ချူပ်ပြီး
မရေးဖြစ်တာလည်းကြာပြီမို့ ၂၀၁၂ခုနှစ်အကုန် ၂၀၁၃ခုနှစ်အကူး အထိမ်းအမှတ်နဲ့ ခံစားရသမျှ
ပေါ့ပေါ့ပါးပါး ဒီပို့စ်လေးမှာ ရောထွေးခြုံငုံရေးလိုက်ပါတယ်။
မင်္ဂလာဆောင်
ဖေ့စ်ဘွတ်ခ်မှငယ်ပေါင်းနှင့်ကာလရှည်ကြာခင်မင်လာခဲ့ကြသော မိတ်ဆွေသူငယ်ချင်းအချို့က
ကျမလက်ထပ်ထားတာရော၊ မိသားစုဘ၀ကိုရော ဓါတ်ပုံတွေနှင့်အတူ သိနေကြတာမို့ မင်္ဂလာ
ဆောင်သတင်းကြားတဲ့အခါ ဘယ်လိုဖြစ်လို့ လေးနှစ်ကြာမှဆောင်သလဲလို့ အရယ်မောစွက်
ကာမေးကြပါတယ်။
မင်္ဂလာဆောင်ဆိုလျှင် ကျမလည်းသာမာန်မိန်းမသားတစ်ဦးပီပီ တသက်မှာတခါကျင်းပတဲ့
အထိမ်းအမှတ်ပွဲအဖြစ်၊ နောက်တခုက အိမ်ထောင်တခုအဖြစ်၊ နှစ်ဦးသားအတူတည်ဆောက်
တဲ့ကိုယ်ပိုင်မိသားစုဘ၀အစဖြစ်တာမို့ မင်္ဂလာဆောင်ကိုတော့ ဘာထက်မဆိုသပ်သပ်ရပ်ရပ်
လေး ကျင်းပချင်ခဲ့ပါတယ်။
ဒါပေမဲ့ သူနှင့်ကျမ ချစ်ကြိုက်ခါစက ကျမအဖေ၊အမေ၊မိသားစုက ကန့်ကွက်ခဲ့သလို၊ အိမ်မှာ
သူငယ်ချင်းအုပ်စုနှင့်အတူ မုန့်စားမဲ့ပွဲ သူ့ကိုခေါ်လာမယ်ဆိုတာတောင် အဖေကလက်မခံခဲ့
ပါဘူး။ ရယ်စရာကောင်းတာက အဖေက စိတ်အပူဆုံးဖြစ်ခဲ့တဲ့ သူဟာဂျပန်မှာအိမ်ထောင်ရှိနေ
တာမျိုးဖြစ်ရင်ဆိုတဲ့မေးခွန်းအတွက် သူဟာဂျပန်ကသူ့အမေဆီကိုတဆင့်ရပ်ကွက်ရုံးကထုတ်
လာတဲ့ ထောက်ခံစာတွေတောင်လက်တွေ့မှာ အဖေက မကြည့်ခဲ့ပါဘူး။ အတုလုပ်လို့ရတာ
ပဲဆိုတဲ့ အဖေ့စကားတခွန်းမှာ ကျမတို့နှစ်ဦးဟာရယ်ရခက် ငိုရခက်နဲ့။ ဂျပန်ကမိဘလာပြီး
တောင်းရမ်းရင် စဉ်းစားမယ်လို့ဆိုပေမဲ့ အဲသည့်အချိန် ခြေကျိုးလို့ အဖေဆေးရုံတက်နေရ
တာမို့ သူ့အမေကလည်းလာမပေးနိုင်ခဲ့ပါဘူး။ အဲလိုနဲ့ သဘောကောင်းတဲ့အမေနဲ့ညီမကို
သူ့ကောင်းကြောင်းတွင်တွင်ပြောပြီး ခဏလေးတွေ့ရုံလို့ အတင်းတောင်းဆိုပြီးသဘောတူညီ
မှုရသွားလို့ သူနဲ့တွေ့ပေးလိုက်တည်းက အမေနဲ့ညီမဟာ သဘောတူတဲ့ဘက်ကိုပြောင်းလဲ
သွားပါတယ်။ အဲလိုနှင့်သူနှင့်၁၅နှစ်ကျော်ခင်မင်လာတဲ့ ဂျပန်မှာနေတဲ့သူငယ်ချင်းအမက
ရန်ကုန်လာရင်း သူ့အတွက် ကျမမိဘတွေနှင့်လိုက်တွေ့ပေးပါတယ်။ ဖေဟာ နည်းနည်းစိတ်
အေးသွားပုံရပေမဲ့ လက်ထပ်ဖို့ထိ ခွင့်မပြုခဲ့ပါဘူး။
ကျမဟာလည်း မှန်တယ်ထင်ရင် ထင်ရာလုပ်သူမို့ သူနှင့်နှစ်ဦးသဘောတူလက်မှတ်ထိုးပြီး
ဂျပန်မှာလည်း လက်ထပ်စာရင်းသွင်းပြီး ဂျပန်ကိုသျှောင်နောက်ဆံထုံးပါခဲ့ပါတယ်။ နှစ်အနည်း
ငယ်ကြာတော့ဖေကအသိမှတ်ပြုလာပေမဲ့ ဆေးရုံတောက်လျှောက်တက်နေတဲ့သူ့အဖေ
ဆုံးပါးသွားတဲ့နောက် ကျောင်းပြီးလို့ ကော်လာဖြူအလုပ်စရတဲ့ကျမ ချက်ချင်းခွင့်ယူပြီးပြန်
ဖို့မဖြစ်တာမို့ ၄နှစ်ဆိုတဲ့သက်တမ်းကိုလွန်မှပဲ ကျင်းပဖြစ်တော့တာပါ။
ဆီဒိုးနား
(ဆီဒိုးနားသို့ရန်ကုန်မှာမင်္ဂလာပွဲကျင်းပလိုသူတွေအတွက် သတင်းအချက်လက်များ)
ဂျပန်မှာလည်း အလုပ်အပြောင်းအလဲနှင့်အတူ၊ မင်္ဂလာဆောင်မတိုင်မီ ၅ရက်အလိုမှာမှ ပြန်
နိုင်တဲ့ကျမ၊ ဖိတ်စာကအစ အစစအရာ ကိုယ်စားစီစဉ်ပေးတဲ့ အမကြီး၊ခဲအိုနှင့် ညီမငယ်တို့
ကို ကျေးဇူးတင်ရပါတယ်။ ရောက်တာနဲ့ဆီဒိုးနားမှာ မုန့်သွားရွေးပါတယ်။ အသိတဦးရဲ့မင်္ဂ
လာဆောင်မှာ အကြော်လွန်ပြီး တူးရောင်သန်းနေတဲ့ဆီဒိုးနားမုန့်ကစလို့စိတ်ပူနေခဲ့တဲ့
ကျမ နှစ်သက်ရာ မုန့်၅မျိုးရွေးချယ်ပါတယ်။
ရယ်စရာကောင်းတာက ကျမဂျပန်မှာရှိစဉ်တည်းက ၃လအလို ဘွတ်ကင်လှမ်းလုပ်စဉ်တည်း
က ဆီဒိုးနားက price planမသတ်မှတ်ရသေးဘူးဆိုတာပါပဲ။ နောက် အမကပြောပါတယ်။
၁၁လပိုင်းသတ်မှတ်မှာမို့ ဖုံးမဆက်ပဲ ဟိုတယ်လာပါ။ တကယ်လို့ ဈေးနှုန်းအသစ်မသတ်မှတ်
ရသေးရင် အရင်ဈေးနှုန်းဟောင်းဖြင့် ချက်ချင်းငွေချေသွားပါတဲ့။ ကျမမေးချင်တယ်။ ဆီဒိုးနား
ကလူတွေ ရူးနေသလားလို့။ ဘယ်လောက်မှန်းမသိတဲ့ ငွေထုပ်ကိုပိုက်ပြီး ဘာမုန့်မှန်းခုထိ
မသိသေးပဲ အဲသည့်နေ့ချက်ချင်းသတ်မှတ်ပြီး ချက်ချင်းရွေး ချက်ချင်းငွေအကုန်ချေ ကာယ
ကံရှင်ကျမက ဂျပန်မှာ။ ကိုယ့်မင်္ဂလာဆောင် ကိုယ်ကိုယ်တိုင် အနည်းဆုံးဓါတ်ပုံလေးပဲဖြစ်
စေ ကြည့်ပြီး ရွေးချင်တာပေါ့ရှင် ဘယ်သူမဆို။ ဒါပေမဲ့ နိုင်ငံခြားရဲ့ ခြေဖျားကိုမီလောက်တဲ့
ဆားဗစ်စ်ဟာ ဗမာပြည်ရဲ့ ကြယ်လေးငါးပွင့်ဟိုတယ်ကြီးမှာမရှိဘူးရှင်။ အထူးသဖြင့်ကျမ
အမျိုးသားက မြန်မာနိုင်ငံသားမဟုတ်တော့ ကျမက ရှင်းပြရတာသိပ်ခက်တယ်။ ဒါပေမဲ့
ကျမလာမှမုန့်ကြည့်ပြီး ငွေချေဖို့လက်ခံပေးလို့ကျေးဇူးသိပ်တင်ရပါတယ်။ ကျမကလည်း
ဂျပန်ရဲ့အကောင်းလွန်နေတဲ့ဆားဗစ်စ်တွေကိုအသားကျနေသူပီပီ customerသည် အဆင်
ပြေအောင်လုပ်ပေးသည်အထိတောင်းဆိုမည်ဆိုတာလက်ဝယ်ပိုက်သူမို့ထင်ပါတယ်။
အဲလိုနဲ့ စိတ်ပူလွန်ပြီး မုန့်၅မျိုးပဲရွေးလိုက်ပါတယ်။ အမှန်တော့ ၄မျိုးလောက်ကအကောင်းဆုံး
ပါ။ ၅မျိုးကအတော်များများကုန်အောင်မစားနိုင်ကြဘူး။ ၅မျိုးအပြင် ကိတ်ရေခဲမုန့်တခုနှင့်ကော်
ဖီ၊လဘ္ဖက်ရည်က အတွဲလိုက်မို့ပါ။
ဈေးနှုန်းကတော့ ခန်းမအပြင်ဆင်၊စာတမ်းထိုး၊တေးဂီတအပါဝင် လူအနည်းဆုံးဘယ်နှစ်ဦးဆန့်
ခန်းမ၊ တဦးကို (မုန့်၃မျိုး၊ရေခဲမုန့်၊ကော်ဖီလဘ္ဖက်ရည်နှုန်းဖြင့်)ဘယ်လောက်ဆိုပြီးတွက်တာ
ပါ။ 2012ခုနှစ်ဒီဇင်ဘာ၊ဈေးနှုန်းကတော့ လူ200အနည်းဆုံး၊ တဦးကို (မုန့်၃မျိုး၊ရေခဲမုန့်၊ကော်ဖီလဘ္ဖက်ရည်နှုန်းဖြင့်) ရှစ်ထောင်ကျပ်၊မုန့်၅မျိုးထိတိုးနိုင်ပြီးတမျိုးတိုးလျှင်၁ထောင်ကျပ်
လူတစ်ဦးလျှင် မုန့်၅မျိုးဆိုလျှင်တသောင်းကျပ်နှုန်းပါ။ ပွဲမစခင်နှစ်ပါတ်အလိုငွေအကြေချေရပါ
တယ်။ အရံခုံ၂၀ထားပေးပါတယ်။
မုန့်အတွက်ရွေးရင်း၊ငွေချေရင်းခန်းမကိုကျမလိုက်ကြည့်ပါတယ်။ ကံကောင်းချင်တော့မင်္ဂလာ
ပွဲတခုအပြီးပါ။ အဲသည့်မှစတာပါပဲရှင်လို့ပြောရပေမလားမသိပါဘူး။
မင်္ဂလာစင်ဘေးမှာ sound systemလို့သူတို့ခေါ်တဲ့ ဓါတ်ကြိုးတွေရှုပ်ရှုပ်နဲ့ စက်တွေတင်ထား
တဲ့စားပွဲက ရှိနေပါတယ်။ ဒီလောက်ငွေကုန်ကြေးကျခံကာ မြန်မာပြည်ရဲ့အဆင့်၂လောက်လို့
ဆိုလို့ရတဲ့ဟိုတယ်ကြီးတခုမှာလုပ်တဲ့ပွဲရဲ့အဆင်ပြင်က ကျမမျက်စိထဲရုပ်ဆိုးလွန်းနေပါတယ်။
ကျမကဆီဒိုးနားကလိုက်ပြပေးတဲ့တာဝန်ခံကို ဒီစားပွဲကိုမမြင်ရအောင်ရွှေ့ပေးဖို့ပြောတဲ့အခါ
ဒါ ပွဲတိုင်းအဲလိုပါပဲ။ ကြိုးတွေနဲ့ရွှေ့ပေးဖို့ရာမဖြစ်နိုင်ပါဘူးတဲ့။ အဲတော့ကျမကဘယ်လောက်
ရုပ်ဆိုးကြောင်းနဲ့ရွှေ့ပေးဖို့ပြောတဲ့အခါ ဒါလုပ်နေကျပါ။ အင်ဂျင်နီယာအဖွဲ့ကိုမေးကြည့်ပေး
မယ်တဲ့။ သူမစကားမှာအဖြေကပါပြီးသားပါ။ သူမကိုယ်တိုင်ကိုက ဧည့်သည်ကျေနပ်မှုရှိဖို့
အတတ်နိုင်ဆုံးလုပ်ပေးမယ်ဆိုတဲ့ စေတနာမရှိဘူး။ ကျမသာဆိုလျှင်ပေါ့လေ "ဟုတ်ကဲ့
အတတ်နိုင်ဆုံးညှိကြည့်ပေးပါမယ်မ ပြီးရင်အကြောင်းပြန်ပေးပါမယ်"ပေါ့ နောက်ဆုံးမရဘူး
ဆိုတဲ့အဖြေထွက်လာရင်တောင် ဖြေလို့ရဦးမယ်။ သူမကတော့မညှိခင်တည်းက ဒါဟိုတယ်
မှာလုပ်နေကျပုံစံ၊ မရနိုင်ဘူးက စပါတယ်။ နောက်သတို့သားသတို့သမီးထိုင်တဲ့ခုံကိုမြင်တော့
ကျမ ပါးစပ်အဟောင်းသား။ သာမာန်ဧည့်ခန်းတခုမှာ ဧည့်သည်ထိုင်ဖို့ခမ်းနားတဲ့ခုံတခုမျှသာ
လက်ရန်းက သစ်သားလက်ရမ်း၊ နောက်မှီနှင့်ထိုင်ခုံက ဆိုဖာ။ ခုံလဲပေးဖို့ကျမပြောတယ်။ ဒါ
လဲ တူညီတဲ့လေသံနဲ့အဖြေပဲရတယ်။ ဧကန္တ မြန်မာပြည်မှာ ဘယ်သူကမှ အဲလိုကွန်ပလိန့်
တက်ခဲ့ကြပုံမပေါ်ဘူး။ ဒါလုပ်နေကျပါတဲ့။ ဒါလဲကျမလက်မခံနိုင်ဘူးလို့။ အဲလိုနဲ့ ကကျိကွကျိ
ကျမကို မြင်ပြင်းကတ်ပုံပေါ်ပါတယ်။ ဟိုတယ်ဧည့်ခန်းမှာငွေချေတဲ့အခါ ကျမကထပ်ပြောပါ
တယ် အမကိုရအောင်ညှိပေးပါ။ တကယ်လို့ ညီမညှိမရရင် စီစဉ်ပေးလို့ရတဲ့အထက်လူကြီးကို
အမကိုယ်တိုင်ပြောမယ် နာမည်ပြောပါလို့။ ဟုတ်တယ်လို့ သူတို့ဟိုတယ်ကို ကျမကငွေပေးပြီး
လုပ်ရတာ ဧည့်သည်အဆင်ပြေအောင်အတတ်နိုင်ဆုံးညှိပေးရမှာ universal lawမဟုတ်ပါလား။
အဲတော့ သူမကပြန်ပြောတာ အလွန်သင်းပါတယ်။ ကျမကတာဝန်ခံ။ နောက်တာဝန်ခံအမည်ကို
ကျမပြောတော့ ကျမတို့တဘက်သ်တည်းတဲ့။ ပြောစရာရှိသမျှကကျမကိုပဲပြောပါတဲ့။ သြော်။
ဆိုရင်းကတော့ ကျမကမရဘူးဆိုမရဘူးပဲ ဆိုတဲ့သဘောပဲ။ ကျမလည်းပေါက်သွားတယ်။
ကျမတို့အထက်ကလူကြီးက နိုင်ငံခြားသားကခုမရှိဘူးတဲ့။
ပုံမှန်ဆိုနိုင်ငံခြားမှာကျမတို့အချိန်ပိုင်းအလုပ်တွေလုပ်တဲ့အခါဧည့်သည်အမျိုးမျိုးကြုံဖူးပါတယ်။
ဆိုးတဲ့ဧည့်သည်လည်းရှိတာမို့ ကိုယ်တွေ့လည်းကြုံဖူးတာမို့ ကိုယ်ကဧည့်သည်ဖြစ်တဲ့အခါ
မှာ ကိုယ်ချင်းစာပြီးအထူးသတိထားညှာတာလေ့ရှိတာမျိုးပါ။ ဒါပေမဲ့ကျမအနေဖြင့်တသက်မှာ
တခါပဲကျင်းပတဲ့မင်္ဂလာပွဲ။ ကျမသည်းခံနိုင်စွမ်းကုန်သွားတယ်။ကျမပြောမိတယ်။ အဲတော့ညီမ
ဆိုလိုတာက ညီမကိုမှပြောမရရင် တခြားဘယ်သူ့ကိုမှပြောမရဘူးဆိုတဲ့သဘောပေါ့နော်။
အဲဒါ အရမ်းကို လွဲနေတယ်။ ကဲ အမက ညီမရဲ့ ၀န်ဆောင်မှုကိုမကြိုက်ဘူး ညီမကိုမကြိုက်ဘူး
ဆိုရင် ဘယ်မှာကွန်ပလိန့်တက်ရမလဲ။ ဖွဲ့စည်းမှုအရ ညီမအထက်မှာ ရှိကိုရှိနေရမယ်။ အဲဒါ
ကိုညီမက ဒါကျမတာဝန်ခံတဲ့ပွဲ ကျမအပြင်ဘယ်သူ့ကိုမှသွားပြောလို့မရဘူးဆိုတော့အဲလို
စနစ် ဒီလိုဟိုတယ်ကြီးတခုမှာရှိနိုင်လားလို့။ အဲဘာပြောတယ်ထင်လဲရှင်။ သတင်းအချက်
လက်ကအမတို့သေချာမေးသင့်ပါတယ်တဲ့။ သြော်။ ပြီးတော့ ပွဲမစခင်ညီမတို့ဘက်ကအပြင်
ဆင်နဲ့ဆားဗစ်စ် မုန့်ကအစ ကတ်တလောက်တောင်းလဲမရှိ၊ အစတည်းက ညီမတို့ကတ်တ
လောက်ပြပြီး ကျမတို့က သည်လိုဆားဗစ်စ်ပဲပေးပါတယ်ရှင်လို့ဆိုရင် အမက ဒီဟိုတယ်မရွေး
ဘူးပေါ့။ဗမာပြည်မှာ ဟိုတယ်တွေအများကြီးရယ်။ အဲလိုနှင့်သူမက အမ ကျမညှိပေးကြည့်ပြီး
မှထပ်ပြောတာပေါ့လို့ ငွေယူပြီး၊ ကျမကို THANK YOU တခွန်းပြောပြီး သူကကောက်ခနဲ
ထထွက်သွားပါတယ်။
အဲတော့ကျမလည်း ဧည့်ကြိုကောင်တာသွားပါတယ်။ ကျမသူမရဲ့ဆားဗစ်စ်ကိုလုံးဝမကျေနပ်
ဘူး။ သည်လိုသည်လို တုံ့ပြန်တယ်။ ဂျပန်သို့အင်္ဂလိပ်လို ပြောလို့ရတဲ့တာဝန်ခံအခုချက်ချင်း
ခေါ်ပေးပါလို့။ အဲလိုနဲ့ မြန်မာဝန်ထမ်းတဦး တာဝန်ခံတဦးလာပြီးမေးမြန်းပါတယ်။
ကျမဆိုလိုတာက နောက်ဆုံးမလုပ်ပေးနိုင်ရင်တောင် ချေချေငံငံပြောပေါ့ရှင်။
အဲလိုနှင့်နောက်ရက်တာဝန်ခံပြောင်းပြီး ခုံအသစ်ကိုလိုက်ပြပေးပါတယ်။ စင်ဘေးကခုံကိုလဲ
အလှအကာတခုဖြင့် နံရံခေါက်ချိုးလေးလိုကာပေးပါတယ်။
အဲလိုဖြစ်ရမှာပေါ့ရှင်။ ဒါတောင် စင်ကစပ်ထားတဲ့ လေးထောင့်သံချောင်းတွေလိုဘောင်တွေ
ကစင်ကြမ်းပြင်မှာရှိနေပါတယ်။ ၀န်ထမ်းတွေကို နိုင်ငံခြားကဟိုတယ်တွေကို လေ့လာရေးသင်
တန်း ရက်အနည်းငယ်မဟုတ်ရင်တောင် အင်တာနက်က ပုံတွေပြပြီး သင်တန်းအရင်ပေးသင့်
တယ်ထင်တာပါပဲ။ ကျမဆိုလိုတာက ပိုက်ဆံတွေအများကြီးသုံးမှမဟုတ်ဘူး၊ တတ်နိုင်တဲ့လုပ်
နိုင်တဲ့အတိုင်းတာလေးထဲမှာပဲ သပ်ရပ်လှပအောင်လုပ်သွားသင့်တယ်လေ။
ဒါပေမဲ့ နိုင်ငံခြားဟိုတယ်တွေအပြိုင်ဆိုင် ၀င်လာလျှင်တော့ အပြိုင်ဆိုင်တွေများလာတာနှင့်
အမျှ ဆားဗစ်စ်တွေလည်းအလိုလိုပြောင်းသွားလိမ့်မယ်လို့မျှော်လင့်ရပါတယ်။
အဲလိုနှင့် တခါသွားရုံဖြင့် ပြီးမဲ့ကိစ္စဟာ ဟိုတယ်ကို ၃ခါလောက်သွားလိုက်ရပြီး ကျမရဲ့မင်္ဂ
လာပွဲမစခင် 5ရက်ခန့်ဟာ တချို့ဖိတ်ရမဲ့သူငယ်ချင်းအချို့မဖိတ်လိုက်နိုင်လောက်အောင်ပဲ
ဟိုပြေးဒီပြေးနဲ့ ချွေးပျံနေခဲ့ပါတယ်။
ဆက်ပါဦးမည်။
အားလုံးပဲပျော်ရွှင်ချမ်းမြေ့ပါစေရှင်
Jan 26, 2013
2013ခုနှစ်၊ ဇန်န၀ါရီ၊ မြန်မာပြည် နှင့် ကျမ (1)
12:08 PM
ကျော်နှင်းဆီလွင်
Total Pageviews
URL Address
Categories
- ကုန်ပစ္စည်းအညွှန်း (8)
- ကျန်းမာရေးနှင့်ဆေးဝါး (3)
- ဂျပန်ဘာသာ (8)
- ဂျပန်ဘာသာသတင်းများ (7)
- ဂျပန်မှာ (93)
- ဂျပန်သတင်း (22)
- ဂျပန်အစားစာ (12)
- ဂျပန်ဈေးဝယ်အညွှန်း (11)
- မြန်မာအစားစာ (7)
- ဘာသာပြန်သတင်း၊ဆောင်းပါးများ (2)
- ရုပ်ရှင်အညွှန်း (6)
- သတင်းစကား (3)
- သိသမျှကြုံသမျှ (31)
- သီချင်း (4)
- ဟင်းခတ်အမွှေးကြိုင် (3)
- ဟင်းအိုး (25)
- အတိုအစလေးများ (53)
- အခြားအစားစာ (4)
- အိမ်ရှင်မတို့သိမှတ်ဖွယ် (8)
- ဥပဒေရေးရာ (7)
- ဈေးဝယ်အညွှန်း (1)
- ဖျော်ဖြေရေး (7)
Posted in


9 comments:
အဖြစ်ချင်းတူလိုက်တာ..မကျော်ရေ..လက်ထပ်ပြီးအတော်ကြာမှမင်္ဂလာဧည့်ခံပွဲလုပ်ဖြစ်တာရယ် ၊ အမျိုးသားတွေက နိုင်ငံခြားသားတွေဖြစ်နေတာရယ် ၊ နာမည်ရှေ့နှစ်လုံးရှားရှားပါပါးလာတူနေတာရယ် ပြောပါတယ် ။ ကျွှန်မလည်း မြန်မာပြည်က Hotel တွေဈေးကြီးသလောက် ဝန်ဆောင်မှုကအတော်ဆိုးလို့ စိတ်ညစ်ရတယ် ။ တော်သေးတာက ကျွန်မကမေမြို့သူဆိုတော့ Hotel ကြီးပြသနာတော့ ရှင်းသွားတာပေါ့လေ ။ ဒါပေမဲ့ ခန်းမတွေမှာလည်းမလုပ်ချင်ပြန်တော့ Hotelရှာရ ၊ တွေ့ပြန်တော့လှတော့လှပါရဲ့..ball roomလိုနေရာကျယ်ကျယ်မရှိပြန် ၊ ရှိတဲ့နေရာနဲ့ အကျွေးအမွေးနဲ့ ပန်းအဆင်အပြင်ကအစ အိမ်ကလူတွေခမျာခေါင်းရှုပ်ကြရတယ် ။ နိုင်ငံခြားကမှအကုန်ကောင်းတာလို့ စွတ်အထင်ကြီးနေတာမဟုတ်ပေမဲ့ သပ်သပ်ရပ်ရပ်လှလှပပလေးဖြစ်သွားဖို့ ဝန်ဆောင်မှုမရှိသေးတာတော့ အတော်ဆိုးတာပဲ ။ Wedding planner တောင်လုပ်လိုက်ချင်သေးပါရဲ့ ။
ဟုတ်ကဲ့ရှင်
ဒီနေ့လည်း သူငယ်ချင်း၂ဦးနှင့်တွေ့ပြီး စကားလည်းပြောရင် ဗမာပြည်ကဆားဗစ်စ်တွေဆိုးတာ ကြုံရတာကျမတဦးတည်းမဟုတ်တာ ပိုသိသွားရပါတယ်။ ပြောရရင် အုတ်မှုတ်ခွက်အောက်ကဖားတွေလိုဖြစ်နေပြီထင်ပါရဲ့။
အမြင်ကျဉ်းကြတယ်လို့ပဲပွင့်ပွင့်လင်းလင်းဆိုချင်ပါတယ်။
customerအပေါ်ဘယ်လိုစိတ်နဲ့စေတနာထားရမယ်။ ကိုယ့်လခဘယ်ကလာတယ်ဆိုတဲ့ အခြေခံတောင်မကျေသေးဘူးလို့ပဲ ဂရုဏာဒေါနဲ့ပြောချင်ပါတယ်ရှင်။
:))
မလီလီ လား မဟုတ်လောက်ပါဘူး မလီလီ က သဘောကောင်းလေးပါ
မလီလီမဟုတ်ဘူးရှင့် :D
ကျမကဟင်းပုံတွေကိုကြည့်ရာကနေအမရဲ့သတိုးသားကိုတွေ့တာသတိုးသမီးချောတာကမဆန်းပါဘူးအမျိဲုးသမီးတွေကအရည်အချင်းရှိရင်အကျင့်စာရိတကောင်းရင်ဆိုတာကိုဦးစားပေးကြတယ်မှတ်လား...အစတုံးကရှမ်းလူမျိုးထင်တာ..နောက်မှ......ဒါကြောင့်ကိုး ခီ ခိ....မြင်ရတာစိတ်ချမ်းသာတယ် ဗိုက်ပူပူ..ခပ်တုါံ်းတုံးပုံမဟုတ်လို့....တချို့ကလေစာထဲမှာသူကလေသူကလေလို့ေ၇းပြီးရုတ်မြင်လိုက်ရတဲ့ခါစိတ်ပျက်ရော ...အခုက၂ယောက်လုံးချောတယ်အမကနှာခေါင်းပေါ်ပေါ်လေးနော်......
:D
ရေးထားတာသဘောကျတယ်
ကျေးဇူးတင်ပါတယ်။
အမှတ်မထင်တွေ့သွားတာပေါ့နော်
မကျော်ရေ..ဒီဇိုင်နာပြည်စိုးအောင်ရဲ့ facebook link လေးပေးလို့ရမလားရှင် ။ ကျမရှာတာမတွေ့ဘူးဖြစ်နေလို့ ။ ကျေးဇူးပါနော် ။
https://www.facebook.com/#!/pyaesoe.aung.1?fref=ts
ကိုပြည်စိုးအောင်ကတော့စိတ်ချမ်းသာရမယ်
အတော်သဘောကောင်းတယ်
:))
I'm amazed, I have to admit. Seldom do I come across a blog that's equally еducatіvе and engаging, and without а doubt, you've hit the nail on the head. The issue is something that too few folks are speaking intelligently about. I am very happy that I came across this in my search for something regarding this.
Here is my webpage; buyawebsiteguide.com
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ