♪♪.ကျော်နှင်းဆီလွင်.♪♪

May 7, 2012

5လပိုင်း 21ရက်နေ့

 မနေ့ညက အင်တာနက်မှာ လိုက်ဖတ်ကြည့်ရင်းရေးဖို့စိတ်ကူးရသွားတာရယ်ပါ။ ဆိုရလျှင်
တော့ ကျမဖတ်ရတာကို ဘာသာပြန်ပြီး ဝေမျှခြင်းရယ်ပါ။

ပြီးခဲ့တဲ့အပတ်တွေကတော့ ဂျပန်မှာ မာယာမြို့ဟောင်းရဲ့အကြောင်းနှင့် 2012ခုနှစ်၊12လ
ပိုင်း၊ 21ရက်နေ့မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ဆိုစကားအကြောင်း တီဗွီလိုင်းတိုင်းလိုလိုမှာလွှင့်ခဲ့
ပြီး အတော်လေးရေပန်းစားခဲ့ပါတယ်။ ကျမတို့ ဘလော့သူငယ်ချင်းတွေထဲမှာ ကျမထက်
ပိုပြည့်ပြည့်စုံစုံသိသူတွေက ရေးကြတော့ ကျမလည်း မရေးဖြစ်တော့ပါဘူး။
မသိတဲ့သူကိုပဲ ရွှီးလို့ကောင်းတာလေ။ :))
ခုတလော လူတွေကြားအပြောများနေပြန်တာကတော့ 5လပိုင်း 21ရက်နေ့ပါပဲ။ ယုံရလည်း
ခက်၊ မယုံရလည်းခက်၊ သို့ငြား ပုံမှန်ထက်တော့ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါကြောင့်ကျမလည်း
ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ ဆောင်ရန်ရှောင်ရန် ပြင်ဆင်နိုင်ကြရန် ရေးလိုက်ပါတယ်။
ငလျှင်လှုပ်ကိန်းရှိတယ်လို့ဆိုပါတယ်။
၅လပိုင်း၂၁ရက်နေ့မှာ နေကိုလကကွယ်ကာ၊ ဂျပန်မှာလကြတ်မယ့်ရက်ဖြစ်ပါတယ်။

အင်္ဂလိပ်လို annular eclipseလို့ခေါ်ပြီး နေရဲ့အလင်းကိုလက်စွပ်ကွင်းလိုပုံသဏ္ဍာန်
မြင်ရမှာပါ။ 


နေကြတ်တာကိုမြင်ရမည့်အချိန်ဇယားဖြစ်ပါတယ်။
Osaka - 7:30
Sendai - 7:40
Tokyo - 7:34
Shizuoka - 7:32
Nagoya - 7:31

 ပုံမှန်အားဖြင့် နေရောလရော ဆွဲငင်အားကိုယ်စီရှိတာမို့ နှစ်ခုပေါင်းကာ ကမ္ဘာမြေကို
ဆွဲငင်သလိုဖြစ်မှာမို့ ဖြစ်နိုင်ခြေတော့ရှိတယ်လို့ ဆိုတာပါ။
နောက်တခုက ဂျပန်က ငလျှင်ကြောကျောက်ပြားတွေကလည်း ခုတလောမကြာမကြာ
လှုပ်သလို၊ ဂျပန်မှာငလျှင်ကြီးလာနိုင်ခြေရှိတယ်ဆိုတာ ကျွမ်းကျင်သူတွေခန့်မှန်းကြ
သလို၊ ကြိုတင်ကာကွယ်ပြင်ဆင်ဖို့တွေလည်း အတော်ထုတ်လွှင့်နေတာတွေ့ရပါတယ်။

ကျမကတော့ အိတ်ထဲမှာ ဓါတ်မီးကလေးတလုံးအမြဲဆောင်ထားပါတယ်။ ကျမဆိုတာ
ထက် သူက၀ယ်ပြီး ထည့်ပေးထားခြင်းရယ်ပါ။ ခေါင်းနှင့်လက်တို့မှာပတ်လို့ရပြီးချုံနိုင်
ဆန့်နိုင်သော သားရေကြိုးလည်းပါတာမို့ ၀ယ်လိုသူတွေ ဒီမှာကြည့်ပါရှင်။
တခုခုဖြစ်လို့ပိတ်မိပြုမိတဲ့အခါ ကယ်ဆယ်ရေးလာရာမှာအချက်ပြလို့ရအောင် ဓါတ်မီး
လေးတခုတော့ အိတ်ဆောင်ထားဖို့ တိုက်တွန်းပါတယ်။
နောက်ပြီးတော့ အိတ်လေးတလုံးထဲမှာ ဂျပန်မှာရောင်းလေ့ရှိတဲ့ အာဟာရစာလို့ရမ
လားပဲ (栄養調整食品、栄養機能食品)လို့ခေါ်တဲ့ တတောင့်စားရင် ထမင်းတနပ်
စာနှင့်ညီမျှတဲ့ ကွတ်ကီး၊ဘီစကစ်တောင့်ကလေးတွေလည်းဆောင်ထားသင့်ပါတယ်။

နောက်တခုက ရေနွေးစိမ်ကန်မှာ မအေးသွားရအောင်အုပ်တဲ့ အပူထိမ်း ငွေရောင်
ကဲ့သို့ အပျော့စားပြောင်နေတာတွေရှိပြီး၊ 保温シートဟုခေါ်ပါတယ်။ ခေါက်ကာ
အိတ်ထဲ ထည့်ထားသင့်ပါတယ်။ ပေါ့လည်းပေါ့ပြီး စောင်ကဲ့သို့သုံးလို့ရပါတယ်။
ယင်းနောက် ပလပ်စတစ်ဇွန်း၊ ခရင်း၊ရေခွက်၊ တစ်သျှူးစတာတွေလည်းဆောင်ထား
သင့်ပါတယ်။

တကယ်တမ်းဆိုလျှင်ငလျှင်လှုပ်ပြီဆိုလျှင် ရထားတွေရပ်ဆိုင်းသွားသလို၊ ဘူတာရုံတွေ
လူတွေအုပ်စုလိုက်ပိတ်မိလေ့ရှိပါတယ်။ ရုံးမှာအိပ်ရသူတွေရှိသလို လမ်းပန်းဆက်သွယ်
ရေးတွေ ဖုံးလိုင်းတွေပြတ်တောက်လေ့ရှိပါတယ်။

ဖုံးဆိုလို့ မနှစ်က ငလျှင်ကြီးဖြစ်သွားပြီးနောက် ဖုံးဆက်သွယ်ရေးတွေပြတ်တောက်၊လိုင်း
တွေကျပ်ခဲ့တာမို၊ ဂျပန်လူမျိုးတွေအကြား ခုတလောရေပန်းစားအသုံးများနေတာကတော့
LINEလို့ခေါ်တဲ့ SKYPEကဲ့သို့သော ဆော့ဖ်ဝဲလ်ပဲဖြစ်ပါတယ်။ ချက်တင်နှင့်ဖုံးအခမဲ့
ပြောနိုင်ပြီး စမတ်ဖုံးနှင့်အိုင်ဖုံးတို့မှာအလွယ်တကူ သွင်းနိုင်ပါတယ်။

ဒါကြောင့် မိမိအကြိုက်ပေါ်မူတည်ပြီးလိုတာလေးတွေပြင်ဆင်ကာ ရုံးမှာတထုပ်၊ အိမ်မှာ
လည်းတထုပ်၊ မိမိအိတ်ဆောင်လည်း သင့်ရာအနည်းငယ်စီဆောင်ထားသင့်ပါတယ်။

တခုကျန်ပါသေးတယ်။ ဂျပန်မှာအသစ်ဆောက်လုပ်လိုက်တဲ့ Sky Tree မျှော်စင်ဟာ
၅လပိုင်း 22ရက်နေ့ဖွင့်ပွဲလုပ်မှာဖြစ်ပြီး ဖုန်းရွှေနည်းနှင့်စီမံတယ်လို့ဆိုပါတယ်။

အားလုံးပဲအန္တရာယ်ကင်းဘေးရှင်းပါစေရှင်။

 


2 comments:

Mon Petit Avatar said...

I hope nothing will really happen that day and wish you all the best!

Shinlay said...

hope the best... Take care..

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews