♪♪.ကျော်နှင်းဆီလွင်.♪♪

May 27, 2012

ဝက်သားသုံးထပ်သားကင်

ဒီတခါတော့ ၀က်သားကင်လုပ်စားရင်း သဘောကျသွားပြီး ဝေမျှလိုက်ပါတယ်ရှင်။
ခုတလော အလုပ်လည်းသိပ်ရှုပ်တာမို့ အလွယ်ချက်ဖြစ်ပါတယ်။ ဒီနေ့တော့တနင်္ဂနွေပိတ်
ရက်လည်းဖြစ်၊ လွယ်လည်းလွယ်ကူတာမို့ လုပ်ဖြစ်သွားပါတယ်။


ပါဝင်ပစ္စည်း
ဝက်သား ၃ထပ်သား

ငံပြာရည်အချိုအကြည်ရည် လ္ဘက်ရည်ရည်ဇွန်းကြီး ၃ဇွန်း
ဟင်းချက်အရက် (သို့) ၀ိုင်ဖြူ (သို့)ဗီနီဂါ 250 mlခန့်
သကြား ဇွန်းကြီး တ၀က်ခန့်

ဆား ငရုတ်ကောင်း ၄စေ့ခန့်စာ
တရုတ် မဆလာမှုန့် ဇွန်းသေး၁ဇွန်းခန့်
(ကျမက တရုတ်ဆိုင်က၀ယ်လာတဲ့ ၃မျိုးခန့်စပ်ထားတဲ့အမွှေးမှုန့်သုံးပါတယ။်)
ငရုတ်ကောင်းမှုန့် အနည်းငယ် (နှစ်သက်သလို)

နံနံပင်အရိုး (သို့) တရုတ်နံနံအရိုး အနည်းငယ် (ပါးပါးလှီး)

အရင်ဆုံး ၀က်သားမှလွဲ၍ ကျန်တာတွေကို ဇလုံထဲ ပျော်ကာ နှံ့အောင်မွှေပါတယ်။
ဝက်သားကို အကင်ထိုးတဲ့တုတ်နဲ့ မျက်နှာပြင် ၂ခုလုံးအနှံ့ လိုက်စိုက်ပါတယ်။ အရသာ
စိမ့်ဝင်အောင်ပါ။ယင်းနောက်ဇလုံထဲဝက်သားထည့်ကာ အသာလေးသိပ်နယ်ပါတယ်။

ပြီးနောက် ယင်းဝက်သားနှင့် အရသာရည်ကို ပလပ်စတစ်အိတ်ထဲထည့်ကာ၊ လေမကျန်
အောင်ထုတ်ပြီး ပိတ်ကာ၊ ယင်းအိတ်ကို ဇလုံ သို့ ပန်းကန်ထဲထည့်ကာ ရေခဲသေတ္တာထဲ
ထည့်ကာ ၁နာရီခန့်ထည့်ထားပါတယ်။

ယင်းနောက် အာဗင်ကို 180ဒီဂရီ အပူကြိုပေးပြီး၊ 180ဒီဂရီေ၇ာက်တဲ့အခါ မီးခံစက္ကူကို
အရည်အပြင်စိမ့်မထွက်စေရန် ထောင့်တွေကို ပန်းကန်ပုံစံခေါက်ပါတယ။်
ယင်းနောက် အရည်မပါပဲ ၀က်သားကို ယင်းမီးခံစက္ကူထဲထည့်ကာ နံနံပင်စတဲ့အမွှေးရွက်
ကိုအသားအောက်မှာထားပါတယ်။

မိနစ်၃၀ကင်ရင် စားလို့ရပါပြီ။
၁၀မိနစ်တခါခန့် အသားကနေစိမ့်လာတဲကအချိုရည်ကို ၀က်သားပေါ်ဖြန်းပေးရင် ပိုစား
လို့ကောင်းပါတယ်။

ဂျပန်ဆိုဒ်နှင့်အင်္ဂလိပ်ဆိုဒ်တွေဖတ်ကြည့်ပြီး သိပ်အလုပ်မရှုပ်ပဲ အရသာရှိမဲ့နည်းဖြင့်
ကျမဘာသာ အဆင်ပြေသလို ကင်လိုက်ပါတယ်။ စိတ်မပူပါနဲ့။ အတော်ကောင်းပါတယ်ရှင်။
:))

အားလုံးပဲစားမြိန်ပါစေရှင်


6 comments:

Vista said...

ပုံကို က ကောင်းမယ့်ပုံ ရှလွတ်

တန`င်္လာကိုကို said...

ပစ္စည်းကရှိတယ်၊ အချိန်ကမရှိဘူး။ လာခဲ.နောက်တစ်ပတ် maybe...

Anonymous said...

ကြည့်ရတာနဲ့ တင်ကောင်းမှန်းသိသာတယ်ကျော်ရေ။
ဒါလည်းစားချင်ပြန်ပြီ။ ဘလော့တကာလည်ပြီးစားချင်နေတာလေ။း)
အိုင်အိုရာ

Shinlay said...

လာမြည်းသွားပါတယ်။

မီးမီးငယ် said...

ဝက်သားမစားဖြစ်တာတောင်အတော်ကြာပေါ့။
စားချင်လာပြီနော်...။

subuueain said...

ဝက်သား သုံးထပ်သား ဝယ်ထားတာရှိတယ်။ ကင်ဦးမှဘဲ:)

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews