နှစ်ကူးချိန်တုံးကတော့နှစ်စဉ်သွားနေကျယောက္ခမအိမ်ကိုပြန်လည်ပါတယ်ရှင်။ ခုတလောပို့စ်တွေသိပ်မရေးနိုင်တော့ လာလည်သူတွေ မျှဝေခံစားရအောင် စားခဲ့တာလေးတွေနဲ့
ဧည့်ခံပါရစေရှင်။ ဂျပန်တွေဓလေ့ထုံးစံကတော့ နှစ်ကူးဆိုလျှင် မွေးရပ်မြေ ပြန်လေ့၊ခရီး
ထွက်ကြလေ့ရှိတာမို့ ရထား၊ကား၊ဘူတာ၊လေဆိပ်တွေ ကြိတ်ကြိတ်တိုးနေတဲ့အချိန်ပေါ့
ရှင်။ ဒီနှစ်တော့ မြေပုံညံ့တဲ့ကျမအတွက် သူက တနေ့လုံးရထားအ၀စီး၃ထောင်ခန့်ပေး
ရသောလက်မှတ်နဲ့ ပြန်ကြပါတယ်။ ခဏခဏရထားလိုင်းပြောင်းစီးရပြီး အနည်းငယ်ပင်ပန်း
ပေမဲ့ ကျမက ပိုပျော်ပါတယ်။ အထုပ်ပိုးတွေကိုလည်း သက်သက်ပို့ထားတော့ပေါ့ပေါ့ပါး
ပါးပါ။ ဒါပေမဲ့ သူ့ဇာတိကဝေးတော့ မနက်မှညထိ အချိန်ကွက်တိစီးနိုင်မှအိမ်ရောက်တာပါ။
ဖုံးရယ် ရထားလိုင်းကြည့်တဲ့ဆော့ဖ်ဝဲရယ်နဲ့ပူစရာမလိုအဆင်ပြေပါတယ်။ သို့ငြားလမ်းမှာ
ရထားက အက်စီးဒင့်နှင့်တနာရီခွဲကျော်ရပ်သွားတော့ကျမတို့နှစ်ဦးအချိန်မမီတော့တာမို့
လမ်းခုလတ်မှာ ကျည်ဆန်ရထားပြောင်းစီးရပါတယ်။
အဲလိုဖြင့် ကျမသိပ်ပျော်တဲ့ သိပ်သဘောကောင်းပြီး ကျမကိုအရိပ်လိုကြည့်ကာ သားကို
ချစ်ကာ ကျမကိုလည်းသမီးလိုချစ်ပေးတဲ့ ယောက္ခမအိမ်မှာ တပတ်ခန့်နေခဲ့ကြပါတယ်။
သူ့ဒေသက 瀬戸内海 လို့ခေါ်တဲ့ ပင်လယ်ကွေ့ထဲမှာ ရှိပါတယ်။ တောင်ပေါ်ကနေမြင်
ရတဲ့ရှုခင်းရယ်ပါ။
ဒါကတော့ယောက္ခက သားသမီးတိုးပွားအောင်နှစ်တိုင်းမပျက်မကွက်ကျွေးလေ့ရှိတဲ့
ဂျပန်အယူအဆ နှစ်ကူးမှာစားလေ့ရှိသော ငါးဥများရယ်ပါ။
ဒါကတော့သူ့ညီလက်ရာ ပြည်ကြီးငါးပါ။
ဒါကတော့အသားငါးအသီးရွက်ထည့်ကာ ငံပြာချဉ်ရေ နှင့်တို့စားတဲ့နဘဲရယ်ပါ။
ဝက်နံရိုးကင်
ပဲအချိုပြုတ်
ဟင်းချို
Oysterခေါ် ခရကို ကြော်ကာပုံစံအမျိုးမျိုးနဲ့လုပ်စားပါတယ်။
ကြက်သားကြော်
သူ့သူငယ်ချင်းယူလာပေးသောဝိုင်
အိုဒန်းဘယ်လိုလုပ်ရလဲမေးတဲ့ကျမအတွက် အိမ်ချက်အိုဒန်းခေါ် ဂျပန်ရိုးရာအစားစာ
ဆာရှိမိ
ကျမလက်ရာကြက်ဟင်းခါးသီးသုပ်
နှစ်ကူးအိမ်မှာချိတ်တဲ့အဆောင်လေး
11:26 PM
ကျော်နှင်းဆီလွင်







































Posted in


6 comments:
ဂျပန်အစားစာတွေက
ထူးထူးဆန်းဆန်းတွေဆိုပေမယ့်...
အစ်မအတွက်တော့..နေသားကျနေလောက်ရောပေါ့း)
မစားဘူးတာလေးတွေ..ရွေးမြည်းသွားပါတယ်။
(မစားဘူးတာတော့တော်တော်များပါတယ်း)
စိတ်ချမ်းသာစရာ.ခရီးစဉ်လေးဖြစ်ခဲ့တာပေါ့ :D
ငါးဥများများစားပါအစ်မး))
ချစ်ခင်လျှက်
မိစံ
သွယ်ဝိုက်တိုက်တွန်းသွားတယ်ပေါ့လေ
ကျေးဇူးပါမိစံရေ
:D
ငါးဥ ပန်းရောင်လေးက စားချင်စရာ ..;))
မစားရရင်နေပါ ပန်းကန်လှလှလေးတွေ လိုချင်ပါတယ်
ဟီး ..:D
လာခဲ့ အလေးကြီးတွေ ထည့်ပေးပလိုက်မယ်
:D
စားချင်စရာလေးတွေ ဗိုက်တောင်ဆာသွားပြီ
အများကြီးချားသွားပါ
:)))))
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ