ခုတလော အလုပ်ဝင်ခါစကျမ ဂျပန်နှစ်ဦးရဲ့ထုံးစံအတိုင်း နှစ်ကုန်ပိုင်းမှာ ပိတ်ခဲ့သမျှ၊ ပျော်ခဲ့ကြသမျှ နှစ်ဦးမှာအလုပ်များတာမို့ ကျမလည်းအလုပ်ပိနေပါတယ်။ သည်ကြားထဲ ကုမ္ပ
ဏီက နိုင်ငံခြားခရီးတခုကို ရက်တိုသွားဖို့ဖြစ်လာတော့ ပတ်စ်ပို့ကိုကြည့်လိုက်တော့
သွားမဲ့ရက်နှင့်ရက်ခြားမှာပဲသက်တမ်းကုန်ဖို့ဖြစ်နေတော့မြန်မာသံရုံးသွားပြီး သက်တမ်း
တိုးရတာရယ်၊ သက်တမ်းတိုးပြန်တော့လည်း အခွန်ဆောင်ရတာတွေရယ်နှင့် ဒါ့အပြင်
အအေးလဲမိပြန်၊ ခရီးသွားတဲ့အခါရှင်းလင်းရေးအတွက်အင်္ဂလိပ်လိုစာရွက်စာတမ်းရေးသား
ပြင်ဆင်တာရယ်၊ ပိတ်ရက်ရောက်ပြန်တော့လည်း အ၀တ်လျှော်၊ သန့်ရှင်းရေး၊ ဟင်းချက်
ရမှ ပျော်တဲ့ကျမ ကြိုက်တာတွေချက်စားတာရယ၊် သူငယ်ချင်းတွေဆီအလှည့်ကျဖုံးဆက်
တာတွေရယ် အတော်ကိုမအားပါဘူး။ အလှည့်ကျဆိုတာကတော့ တဦးနှင့်စကားပြောရင်
နာရီဝက်၊ တနာရီအသာလေးသွားတာမို့ ဂနေ့တော့ ဘယ်သူဘယ်သူ ဘာကိစ္စရယ်ဆိုပြီး
အချိန်တွက်ပြောရတာရယ်ပါ။
ခုတလော ဂျပန်မှာ ငလျှင်သေးလေးတွေမကြာခဏလှုပ်ပါတယ်။ အကြီးလာနိုင်တယ်လို့
ရှေ့ပြေးနမိတ်ပြနေသလိုပါပဲ။ တီဗွီသတင်းတွေကြည့်တဲ့အခါ နောက်လေးနှစ်အတွင်း
တိုကျိုကိုဦးတည်ပြီး ငလျှင်ကြီးဖြစ်ပွားနိုင်တယ်ဆိုတာ ၇၀ရာခိုင်နှုန်းဖြစ်နိုင်ချေရှိကြောင်း
ခန့်မှန်းရတယ်လို့ဆိုပါတယ်။ ဂျပန်မှာပဲ အသားကျလာသလားပဲမသိပါဘူး။ အရင်ကဆို
ငလျှင်လှုပ်တိုင်း သူကအိမ်မှာရှိနေတဲ့နေ့မျိုးဆိုရင် ကျမက သူရှိရာစာဖတ်ခန်း (သို့)သူ့
အနားသွားပြီး ကုပ်ကုပ်လေး ကြုံ့နေတတ်ပေမဲ့ ခုဆို ဖာသိဖာသာ နေတတ်လာပါပြီ။
တခြားမြန်မာသူငယ်ချင်းချို့မေးကြမြန်းကြ စိတ်ပူပေးကြ၊ ပြန်မယ်ဆိုသူတွေလည်းရှိငြား
ကျမကတော့ သူရှိရာနေရာနားမှာနေဖို့ဆုံးဖြတ်ထားပါတယ်။ အမှန်တော့ဂျပန်ဟာပင်မ
ပြတ်ရွေ့ကြောကြီး၎ခုထပ်နေတဲ့ပေါ်မှာတည်ရှိတဲ့ကျွန်းနိုင်ငံမို့ အချိန်မရွေးကို ငလျှင်
လှုပ်နိုင်တဲ့ နိုင်ငံပါ။ တွေးကြောက်တတ်လျှင်တော့ ငလျှင်ဖြစ်တဲ့အခါကိုကြောက်တတ်
လျှင်တော့ ဂျပန်နိုင်ငံမှာနေထိုင်ဖို့မရွေးချယ်တာအကောင်းဆုံးပါ။ကျမအတွက်ကတော့
သူနှင့်လက်ထပ်ထားတော့ တခုခုဖြစ်မှ ကျမတယောက်တည်း ကိုယ်လွတ်ရုန်းပြီး ပြန်
ပြေးတာတို့ ရှောင်တာမျိုးတို့လုပ်ဖို့စိတ်ကူးမရှိပါဘူး။ သူ့မိဘမောင်နှမတွေရှိရာအရပ်
ကို သူကလည်းဘေးကြုံချိန်မှာ မျက်နှာလွှဲထားပစ်နိုင်မှာမဟုတ်တာသိနေတာရယ်၊ သူ
တဦးတည်းသေသွားရင် ကျမကတသက်လုံး ၀မ်းနည်းကျန်ရစ်ရမှာ၊ ကိုယ့်ကိုယ်ကိုယ်
အပြစ်တင်ပြီး အသက်ရှင်နေရမှာထက်စာရင် သေမယ်ဆိုလည်း အတူသေဖို့ပဲ စိတ်ထဲ
ပြင်ဆင်ထားပါတယ်။ ကျမ ရွေးထားတဲ့လမ်း၊ ကျမချစ်ရတဲ့သူပေကိုး။ နောက်တခုက
သေဖို့ကံပါလာသူဟာ ဘယ်နေရာမှာရှိရှိ အကြောင်းကဖန်လာတတ်တယ်လို့ ယုံကြည်
တာလည်းပါပါမယ်။ အသက်ကိုဥာဏ်စောင့်တယ်ဆိုတာလို ဥာဏ်နှင့်သုံးသပ်ဆင်ခြင်
ပြီး လုပ်နိုင်တာတော့အကောင်းဆုံးပေါ့ရှင်။
အမြဲလာလာလည် သတင်းမေးပေးတတ်ကြတဲ့ ဘလော့မိတ်ဆွေမောင်နှမတွေအားလုံး
ကိုကျေးဇူးတင်ပါတယ်ရှင်။
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေလို့
ရောင်စုံ ကြက်တောင်ပံကြော်
-
ဒီနေ့ ဒင်ဒင်ကတော့ ရောင်စုံ ကြက်တောင်ပံကြော် နဲ့ ပဲကြာဆံ အချို
ကြော်လေးပါ။ကြက်တောင်ပံကြော် လေးက တစ်ခါမှ အဲ့လိုကြော် မစားဖူးဘူး။ အနံ့လေး
မွှေးပြီး အရမ်းစား...
1 week ago
8:52 PM
ကျော်နှင်းဆီလွင်
Posted in


6 comments:
အောက်ချင်းငှက်မောင်နှံလိုပေါ့း)
အချစ်က..အရာရာကိုဖန်တီးပေးနိုင်တာပဲနော် :D
အစ်မပြောသလိုပါပဲ အသက်ကိုဥာဏ်စောင့်ပါတယ်။
အသက်ထက်ဆုံး..အိုအောင်မင်းအောင်.ပေါင်းရပါစေကြောင်း...
ချစ်ခင်လျှက်
မိစံ
ညီမမိစံရေ
ကျေးဇူးပါနော်
ပေးတဲ့ဆုနဲ့တလုံးတ၀ပြည့်ပါစေ
အေးအတူပူအမျှပေါ့ညီမရေ။
ဖတ်ပြီးမရဲ့ အချစ်ကိုလေးစားမိပါတယ်။
ဟုတ်တယ်နော်..။
အေးအတူပူအမျှပေါ့..။
အရာရာကိုတွေးကြောက်နေရင်ကမ္ဘာကြီးဘယ်နေရာမှမလွှတ်ပါဘူး..။
မနှင်းဆီတို့ ၂ယောက်ရွှင်လန်းအေးချမ်းကြပါစေ..။
လက်တွဲပြီးရင်တော့အမြဲအတူရှိဘို့ ကြိုးစားတာသာအဓိပ္ဗါယ်ရှိတယ်လို့ ယူဆထားတော့ကျော်ရဲ့ ခံယူချက်ကိုလည်းအားပေးပါတယ်။
အိုင်အိုရာ
မရှင်လေး မမီးငယ် မအိုင်အိုရာတို့အားပေးတာ ဆုတောင်းပေးတာ ကျေးဇူးပါနော်
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ