♪♪.ကျော်နှင်းဆီလွင်.♪♪

Dec 17, 2011

ကျမနှင့်အရှုပ်များ

ဒီနှစ်ပတ်လောက်အတွင်း ကျမအတော်လေး မအားလပ်စွာ အလုပ်တွေရှုပ်နေခဲ့ပါတယ်။
အလုပ်တွေလည်းပါသလို၊ ကျမတို့ဇနီးမောင်နှံနှင့်အတော်ရင်းနှီးတဲ့ရှီဇုအိုကကမိတ်ဆွေ
တဦးလာလည်တာမို့ မအားတဲ့ကြားက ညနေအိမ်ပြန်ရောက်တာနှင့် သူနှင့်ကျမ မိတ်
ဆွေကိုသွားကြို စားသောက်ဆိုင်တခုမှာစားသောက်စကားတွေတ၀ပြောကြပြီးတဲ့နောက်
အိမ်နားကကာရာအိုကေဆိုင်သွားကြပါတယ်။ မိနစ်၃၀လျှင် တဦးကို ယမ်း၅၀၀နှုန်းနှင့်
အဖျော်ယမကာ အ၀သောက်ကို မိနစ်၃၀လျှင် တဦးကို ယမ်း၁၆၀နှုန်းကျသင့်ပါတယ်။
နေ့လည်ဘက်တွေဆိုပိုဈေးသက်သာပါတယ်။ ကျမကတော့ဂျပန်ရောက်ပြီး ပထမဦးဆုံး
သွားဆိုခဲ့တဲ့ကာရာအိုကေမို့ အတော်လေးကိုပျော်ရွှင်ခဲ့ရပါတယ်။ သို့ငြားဂျပန်သီချင်း
သိပ်မရတာမို့ အိမ်မှာတံခါးပိတ်အော်လေ့ရှိခဲ့တဲ့အင်္ဂလိပ်သီချင်းတွေကိုပဲ မတောက်တ
 ခေါက်ဆိုလာခဲ့တာပေါ့ရှင်။


ဒီနေ့စနေ့နေ့မှာမှပဲ အ၀တ်၃ခါလျှော်ပြီး၊ လှမ်းပြီးတဲ့နောက်မှာမှ အားပါတော့တယ်။
အရှုပ်တွေလုပ်ဖို့မစခင် သူငယ်ချင်းအမက လက်ဆောင်ပေးထားတဲ့ ၀က်သား၊ တရုတ်
လူမျိုးသူငယ်ချင်းဆီကလက်ဆောင်ရလို့ထည့်ချက်ထားတယ်ဆိုတဲ့ ၀က်ဆီဖတ်ကြီး
တွေထည့်ချက်ထားတဲ့ ၀က်မျှစ်ချဉ်ကိုတ၀ကြီးစားပြီးတဲ့နောက် ဘလော့မဂင်းဂင်
ဦးဆုံးကွန်ပျူတာကိုဆက်တင်တွေအရင်လိုက်လုပ်ရပါတယ်။ ဘာကြောင့်ဆို အိမ်က
လက်ပ်တော့လေးက သုံးတာလဲနှစ်ချီလာတော့ တဖြည်းဖြည်းလေးလေးလာတာမို့
နှစ်ဦးသားလက်ပ်တော့အသစ်လေးတလုံးဝယ်လိုက်တာမို့ပါ။ အထူးသဖြင့်ဘလော့
ရေးရင်းပုံတွေတင်တဲ့အခါ LOADINGကရပ်ရပ်သွားတတ်တာမို့ကျမသိပ်ဒုက္ခရောက်
ခဲ့ပါတယ်။ ဒီနှစ်ဆောင်းမှာထွက်တဲ့ dynabook တံဆိပ် ဂျပန်ဖြစ်ပါ။ပြီးတော့ ရီတာမြင်
ရင် ကျမတော့ထပ်ပြောခံရတော့မှာပဲလို့လည်းတွေးရင်ပြုံးမိပါသေးတယ်။


Apple လိုချင်တာပါရှင်။ ပါးပါးလေးနဲ့လှလှလေးမို့။
သို့ငြား ကျမက Autocadနှင့်အလားတူသော Softwareတမျိုးဖြင့် လေ့ကျင့်စရာ
တွေ ရှိတာမို့ Autocadဆော့ဖ်ဝဲလ်တွေအတွက်က ၀င်းဒိုးကကောင်းတာတကြောင်း
ဈေးလဲပိုသက်တာတကြောင်း၊ ဆောင်းဦးထုတ်နောက်ဆုံးပေါ်မော်ဒယ်လ်ဖြစ်တာတ
ကြောင်း သည်လိုနှင့်ပဲ ၀ယ်ဖြစ်သွားတာရယ်ပါ။


ပြီးတော့ဝက်အဆီတထပ်အသားတထပ်နှင့်မျှစ်ချဉ်တန်ခိုးဖြင့် အိပ်ငိုက်ငိုက်နှင့်
ကွန်ပျူတာထဲ မြန်မာစာမြင်ရအောင်ရေးလို့ရအောင် လုပ်ရင်း အချိန်တွေအတော်ကုန်
သွားတာမို့ ဒီနေ့တော့ ဘာညာသာရကာပဲ ရေးဖြစ်လိုက်ပါတယ်ရှင်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်


4 comments:

Anonymous said...

ဟင်...း)))))

Anonymous said...

ဟင်...း)))))

Anonymous said...

မျှော်နေပါမည်။
အိုင်အိုရာ

ကျော်နှင်းဆီလွင် said...

့ဟုတ်
:D

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews