♪♪.ကျော်နှင်းဆီလွင်.♪♪

Dec 18, 2011

揚げ出し豆腐 ဂျပန် တိုဖူးကြော်ချက်

ဒီတခါတော့ ဂျပန်ရိုးရာဟင်းတခွက်ဖြစ်တဲ့ ဂျပန်အခေါ် အဂဲဒရှိတိုဖူး၊ မြန်မာလိုပြန်လျှင်
ကြော်ထားတဲ့တိုဖူးလို့ဆိုရမယ်ထင်ပါတယ်။ အလွန်ကိုလွယ်ကူရိုးရှင်းပြီး ဘယ်နိုင်ငံမှာ
ဖြစ်စေအလွယ်တကူလုပ်စားလို့ရနိုင်ပြီး၊ တိုဖူးဟာကိုလက်စထရောမပါဝင်တာမို့ ကျန်းမာ
ရေးနှင့်လည်းညီညွတ်တဲ့ ဟင်းတခွက်ကို ဝေမျှလိုက်ပါတယ်ရှင်။
အောက်ပါပုံကတော့ကျမကိုယ်တိုင်ချက်ထားတာရယ်ပါ။


တိုဖူးလို့ဆိုလျှင် ဂျပန်ကစတိုးဆိုင်တွေမှာတော့ တိုဖူး၂မျိုးတွေ့ရလေ့ရှိပါတယ်။
(၁)မိုမန်း(木綿)
(၂)ခိနု(絹)လို့ခေါ်ပြီး မိုမန်းကတော့ မြန်မာပြည်ကတိုဖူးနှင့်ဆင်ပြီး အသားကနဲနဲဖွာကာ
ကြမ်းသလိုရှိပါတယ်။ခိနုကတော့ ကျစ်ပြီး တအားနူးညံ့ပါတယ်။
 


ခိနုကိုဂျပန်လူမျိုးတွေဟာ ပန်းကန်သေးလေးထဲထည့် ငံပြာရည်စမ်း၊ ဂျင်းထောင်း၊ ကြက်
သွန်မြိန်ကြီးပါးပါးလှီးထားတာကိုအသာလေးပုံပြီး၊အစိမ်းလိုက်စားလေ့ရှိပါတယ်။ယင်းဟာ
အလွန်နူးညံ့ပြီး ကျေလွယ်တာမို့ ဟင်းချက်ရာမှာသုံးဖို့ခက်ခဲပြီး၊ ပုံမှန်အားဖြင့် အထက်
ဖော်ပြပါအတိုင်းအစိမ်းစားခြင်းနှင့် ဂျပန်လို စုအိမိုနို(吸い物)လို့ခေါ်တဲ့ရေစပ်စပ်ကလေး
ပါတဲ့ဂျပန်ဟင်းလျှာမျိုးမှာသုံးလေ့ရှိပါတယ်။ မိုမန်းကတော့နဲနဲမာတာမို့ ဟင်းချက်ရာမှာ
သုံးလေ့ရှိပါတယ်။

ဆိုရလျှင်ကျမက ပူတင်းလို တအားနူးညံ့တဲ့ ခိနုကိုသုံးပြီးချက်ပါတယ်။ သည့်အတွက်
ပဲ့ကြေမသွားရအောင် အကိုင်အတွယ်အလွန်ကိုသတိထားရပါတယ်။


ပြုလုပ်နည်း

အရသာရည်ကိုဦးဆုံးစပ်ထားပါတယ်။
ငံပြာရည်အချိုအကျဲရည် ဇွန်းကြီးတဇွန်း
みりん မိရင်း ဇွန်းကြီးတဇွန်း (မရှိလျှင် မထည့်ပါနဲ့)
だし ဒရှိ အရည် ဇွန်းကြီးတဇွန်း (မရှိလျှင် အသားမှုန့်ဇွန်းသေးတဇွန်း)
ဆားအနည်းငယ်ထည့်ထားပါတယ်။

ဒုတိယက မုန်လာဥဖြူကို ညက်နေအောင်ခြစ်ပြီး ရေစစ်ထားပါတယ်။မညှစ်ပါဘူး။
မုန်လာဥက နည်းနည်းသက်တတ်တာမို့ မခြစ်ခင်အခွံခွာပြီး ရေအေးထဲ ၁၀မိနစ်ခန့်
စိမ်ထားတာကောင်းပါတယ်။(၀ျပန်မုန်လာပါ)

၁။ တိုဖူးကိုထုတ်ကာ၊ စဉ့်နီတုံးပေါ်တင်၊ ရေစုပ်စက္ကူခင်းပြီး၊ယင်းပေါ်တင်ကာ တိုဖူးကို
အရွယ်တော်(တတုံးလျှင် ၄ပိုင်း)တုံးပါတယ်။
၂။ပန်းကန်ပြားထဲဂျုံမှုန့် (သို့ ကော်မှုန့်)ကိုဖြန့်ခင်းထားပြီး တိုဖူးကိုတတုံးချင်း ၄ဖက်
လုံး မျက်နှာပြင်နှံ့အောင် တဖက်ချင်းကပ်ပါတယ်။
၃။ဆီများများထည့်ထားတဲ့(တိုဖူးမြုပ်မဲ့ပမာဏထိ)အိုးထဲထည့်ကာ ရွှေညိုရောင်သန်း
သည်ထိကြော်ပါတယ်။

ယင်းနောက်ဆယ်ထားတဲ့တိုဖူးတုံးလေးတွေကို ဆီစုပ်စက္ကူပေါ်တင်ကာဆီစစ်ပြီး ၊ ကြော်
ပြီးသွားတာနဲ့ အပေါ်ကစပ်ထားတဲ့အရသာရည်ကို အခြားအိုးတလုံးထဲထည့်ကာ ပွက်
ပွက်ဆူအောင်တည်ပါတယ်။ ဆူလာလျှင် တိုဖူးကို ထည့်ကာ အရည်နှံ့အောင်ဆမ်းပြီး
ချက်ချင်းချကာ ပန်းကန်လုံးထဲထည့်၊ အပေါ်ကအနှစ်လိုခြစ်ထားတဲ့ မုန်လာဥဖြူကိုပုံတင်
ကာစားလို့ရပါပြီ။

ဂျပန်ဟင်းခတ်သုံးတာကတော့ ဂျပန်အနံ့အရသာအတိကျထွက်တာပေါ့ရှင်။ အဓိကက
တော့ ဟင်းရည်ပူပူစွက်စွက်ကလေးနဲ့ အရသာရည်စာ တိုဖူးအရေခွံမှာစိမ့်ဝင်သွားပြီး
ယင်းကို မုန်လာဥဖြူအနှစ်နဲ့တွဲစားတာမို့ ခံတွင်းရှင်းပြီး သိပ်စားလို့ကောင်းပါတယ်။

ဒီမှာတော့အေးနေတာမို့ ပူတာလေးတွေရွေးစားတဲ့ရာသီပေါ့ရှင်။
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ


Dec 17, 2011

ကျမနှင့်အရှုပ်များ

ဒီနှစ်ပတ်လောက်အတွင်း ကျမအတော်လေး မအားလပ်စွာ အလုပ်တွေရှုပ်နေခဲ့ပါတယ်။
အလုပ်တွေလည်းပါသလို၊ ကျမတို့ဇနီးမောင်နှံနှင့်အတော်ရင်းနှီးတဲ့ရှီဇုအိုကကမိတ်ဆွေ
တဦးလာလည်တာမို့ မအားတဲ့ကြားက ညနေအိမ်ပြန်ရောက်တာနှင့် သူနှင့်ကျမ မိတ်
ဆွေကိုသွားကြို စားသောက်ဆိုင်တခုမှာစားသောက်စကားတွေတ၀ပြောကြပြီးတဲ့နောက်
အိမ်နားကကာရာအိုကေဆိုင်သွားကြပါတယ်။ မိနစ်၃၀လျှင် တဦးကို ယမ်း၅၀၀နှုန်းနှင့်
အဖျော်ယမကာ အ၀သောက်ကို မိနစ်၃၀လျှင် တဦးကို ယမ်း၁၆၀နှုန်းကျသင့်ပါတယ်။
နေ့လည်ဘက်တွေဆိုပိုဈေးသက်သာပါတယ်။ ကျမကတော့ဂျပန်ရောက်ပြီး ပထမဦးဆုံး
သွားဆိုခဲ့တဲ့ကာရာအိုကေမို့ အတော်လေးကိုပျော်ရွှင်ခဲ့ရပါတယ်။ သို့ငြားဂျပန်သီချင်း
သိပ်မရတာမို့ အိမ်မှာတံခါးပိတ်အော်လေ့ရှိခဲ့တဲ့အင်္ဂလိပ်သီချင်းတွေကိုပဲ မတောက်တ
 ခေါက်ဆိုလာခဲ့တာပေါ့ရှင်။

ဒီနေ့စနေ့နေ့မှာမှပဲ အ၀တ်၃ခါလျှော်ပြီး၊ လှမ်းပြီးတဲ့နောက်မှာမှ အားပါတော့တယ်။
အရှုပ်တွေလုပ်ဖို့မစခင် သူငယ်ချင်းအမက လက်ဆောင်ပေးထားတဲ့ ၀က်သား၊ တရုတ်
လူမျိုးသူငယ်ချင်းဆီကလက်ဆောင်ရလို့ထည့်ချက်ထားတယ်ဆိုတဲ့ ၀က်ဆီဖတ်ကြီး
တွေထည့်ချက်ထားတဲ့ ၀က်မျှစ်ချဉ်ကိုတ၀ကြီးစားပြီးတဲ့နောက် ဘလော့မဂင်းဂင်
ဦးဆုံးကွန်ပျူတာကိုဆက်တင်တွေအရင်လိုက်လုပ်ရပါတယ်။ ဘာကြောင့်ဆို အိမ်က
လက်ပ်တော့လေးက သုံးတာလဲနှစ်ချီလာတော့ တဖြည်းဖြည်းလေးလေးလာတာမို့
နှစ်ဦးသားလက်ပ်တော့အသစ်လေးတလုံးဝယ်လိုက်တာမို့ပါ။ အထူးသဖြင့်ဘလော့
ရေးရင်းပုံတွေတင်တဲ့အခါ LOADINGကရပ်ရပ်သွားတတ်တာမို့ကျမသိပ်ဒုက္ခရောက်
ခဲ့ပါတယ်။ ဒီနှစ်ဆောင်းမှာထွက်တဲ့ dynabook တံဆိပ် ဂျပန်ဖြစ်ပါ။ပြီးတော့ ရီတာမြင်
ရင် ကျမတော့ထပ်ပြောခံရတော့မှာပဲလို့လည်းတွေးရင်ပြုံးမိပါသေးတယ်။


Apple လိုချင်တာပါရှင်။ ပါးပါးလေးနဲ့လှလှလေးမို့။
သို့ငြား ကျမက Autocadနှင့်အလားတူသော Softwareတမျိုးဖြင့် လေ့ကျင့်စရာ
တွေ ရှိတာမို့ Autocadဆော့ဖ်ဝဲလ်တွေအတွက်က ၀င်းဒိုးကကောင်းတာတကြောင်း
ဈေးလဲပိုသက်တာတကြောင်း၊ ဆောင်းဦးထုတ်နောက်ဆုံးပေါ်မော်ဒယ်လ်ဖြစ်တာတ
ကြောင်း သည်လိုနှင့်ပဲ ၀ယ်ဖြစ်သွားတာရယ်ပါ။


ပြီးတော့ဝက်အဆီတထပ်အသားတထပ်နှင့်မျှစ်ချဉ်တန်ခိုးဖြင့် အိပ်ငိုက်ငိုက်နှင့်
ကွန်ပျူတာထဲ မြန်မာစာမြင်ရအောင်ရေးလို့ရအောင် လုပ်ရင်း အချိန်တွေအတော်ကုန်
သွားတာမို့ ဒီနေ့တော့ ဘာညာသာရကာပဲ ရေးဖြစ်လိုက်ပါတယ်ရှင်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်


Dec 5, 2011

ဆုတောင်း

ယနေ့သည်ကျမဘ၀ဧ။်တဆစ်ချိုးသည့်နေ့ဟုဆိုရမည်ဖြစ်သည်။

ဂျပန်တွင်ရှိသောကမာကူရဘုရားကြီးတွင်သားရွှေအိုးထမ်းလာတာမြင်ရပါလိုဧ။်နှင့်အလား
တူသော ဆုတောင်းမျိုးကို ကျမ ၂၀၀၆ခုနှစ်ဧ။်နေ့ရက်တရက်တွင် လေးနက်ထက်သန်စွာ
ဆုတောင်းခဲ့ဖူးပါသည်။

ယနေ့ယင်းဆုတောင်းပြည့်ပြည့်၀၀ပြည့်သောနေ့ဖြစ်ပါသည်။
အလွန်ကိုကြည်နူးပျော်ရွှင်ပါသည်။ ဆုတောင်းပြည့်သောနေ့ တနည်းဆိုရလျှင် သယ်ပိုး
လာသော အိပ်မက်ကို စတင်အကောင်ထည်ဖော်ခွင့်အား ဖမ်းဆုပ်လိုက်သောနေ့ရက်
ဖြစ်ပါသည်။

ဆုတောင်း ဟုဆိုရလျှင် တကယ်တော့ ကျမဟာဆုတောင်းခြင်းအပေါ်ယုံကြည်သူတစ်ဦး
မဟုတ်သလို၊ ဆုတောင်းမပြုလုပ်တတ်ခဲ့သူလည်းဖြစ်ပါတယ်။ တနေ့တော့ကျမရဲ့
အဘိုးဟာ ဘုရားကန်တော့ရင်း ဘယ်လိုဆုတောင်းရမယ်ဆိုတာ သင်ပေးတဲ့အခါ
ကျမက ’’ အဘိုး၊ ဆုတောင်းတိုင်းသာပြည့်ရင်လူတွေဘာမှမလုပ်ပဲ၊ထိုင်ပဲဆုတောင်း
နေကြတော့မှာပေါ့အဘိုးရယ် သမီးက ကိုယ်လုပ်မှကိုယ်ဖြစ်တာ ဆုတောင်းကိုမယုံ
လို့ ဘုရားရှိခိုးရင် ဆုတောင်းလေ့မရှိဘူး’’ လို့ ရယ်ရယ်မောမောပြောတဲ့အခါ အဘိုး
ဟာ ကျေနပ်အားရတဲ့အပြုံးကြီးပြုံးပြီး ”အေး၊ ဒါပေါ့ ငါ့မြေးရဲ့။ ဆုတောင်းပြီးဘာမှမ
လုပ်ပဲထိုင်နေသူအတွက် ဘယ်ဆုတောင်းပြည့်နိုင်ပါ့မလဲ။ ဆုတောင်းဆိုတာ
တကယ်တော့ ဒီလိုအလိုလိုဖြစ်လာပါစေလို့မျှော်လင့်စိတ်မျိုးနဲ့တောင်းရမယ့်အရာ
မဟုတ်ဘူး။ ဆုတောင်းခြင်းဆိုတာ ငါဒါဖြစ်ချင်တယ်၊ ဒါဖြစ်အောင်ကြိုးစားရမယ်ဆိုတဲ့
မိမိကိုယ်ကို နှိုးဆော်ခြင်း၊ မမေ့လျော့ရအောင် သတိပေးနေခြင်းတမျိုးပဲ။ ”လို့အဘိုး
ကဆိုပါတယ်။ အဲသည့်နေ့ကစလို့ကျမဟာ ဘုရားရှိခိုးတိုင်း မပျက်မကွက်ဆုတောင်း
တတ်လာပါတယ်။

နောက်ထပ်ကြီးမားတဲ့ဆုတောင်းကြီးကိုလည်းပိုက်ထားပါသေးတယ်။
လူဆိုတာရှင်သန်နေသရွေ့ ဆုတောင်းတွေ(လုပ်ရမဲ့အရာ)လည်းဆုံးနိုင်မယ်လို့မထင်
ပါဘူး။

ကျမသွားရာလမ်းမှာ အဆင်ပြေအောင် တိုးတက်အောင် အဘက်ဘက်ကကျေးဇူးရှိခဲ့
သူတွေကို ကျေးဇူးအလွန်တင်ကြောင်း ဒီပို့စ်လေးဖြင့် မှတ်တမ်းတင်လိုပါတယ်။

အားလုံးလည်း တောင်းသောဆုတွေပြည့်ဝပါစေရှင်


Dec 4, 2011

レンジ・オーボン・မိုက်ခရိုဝေ့ဖ်အာဗင်

ကျမကပီဇာလုပ်စားတဲ့အခါ face book မှာတင်ဖြစ်တာမို့ သူငယ်ချင်းအမက သူ့သား
ပီဇာသိပ်ကြိုက်တာမို့ ကျမရဲ့Microwave Ovenအကြောင်းမေးလေ့ရှိပါတယ်။ ခုတဖန်
သူငယ်ချင်းတဦးက သူလည်းဝယ်ဖို့ပြင်တာမို့ ဆိုဒ်တွေကြည့်ရင်း၊ ဂျပန်မှာက အမျိုးအ
စားတွေကများ၊ ဖန်ရှင်တွေကများမို့မျက်စိနောက်လာတယ်ထင်ပါရဲ့ ကျမ၀ယ်တဲ့မော်
ဒယ်လ်ကို နမူနာအနေဖြင့်စဉ်းစားလို့ရအောင်မေးလာတာမို့ ၀ယ်ဖို့စိတ်ကူးသူတွေရှိ
လျှင် အဆင်ပြေအောင် ရေးတင်လိုက်ပါတယ်။
တကယ်ဆိုဝယ်ဖို့အစီစဉ်မရှိပါဘူး။ တိုကျိုကသူ့ဇာတိမဟုတ်တဲ့အတွက်၊ ကျမအဆင်
ပြေအောင် လိုက်နေပေးတာဖြစ်တဲ့အတွက်၊ တခုခုဝယ်မယ်ပြင်တိုင်း အိမ်ပြောင်းတဲ့
အခါ ဆိုတာကို အရင်စဉ်းစားသူမို့၊ သူ့အဘွားအိမ်မှာပိုနေတဲ့တလုံးကို သွားလည်တဲ့
အခါယူလာပြီး အကြမ်းသုံးကြမယ်ဆိုပြီး သူကပြောတော့ ကျမလည်း အင်းတလုံးပါပဲ။
Microwave Ovenကိုလိုချင်ရကောင်းမှန်းသိပ်မသိပါဘူး၊ မြန်မာပြည်မှာမသုံးခဲ့ဖူးသလို
ဒီလောက်အဆင်ပြေလွယ်ကူတယ်၊ အမျိုးမျိုးချက်နိုင်တယ်ဆိုတာ မသိလို့ထင်ပါတယ်။

ကျမကဟင်းချက်ဝါသနာပါတော့ Facebookထဲက သူငယ်ချင်းတွေရဲ့ဟင်းအမျိုးမျိုးကို
ကြည့်၊ ကြိုက်တာတွေရှိရင်သူ့ကိုပြ၊ ကျမကလဲ တတ်သလောက်မှတ်သလောက် လက်
စွမ်းပြပြီးချက်ပြီးတင် ဆိုတော့၊ FB သုံးရင်းကျမအရင်ကထက်စိတ်ပြေလက်ပျောက်ရှိလာ
တာကို မြင်တဲ့သူက ကျမကို ချက်ချင်တာချက်လို့ရအောင် အသစ်ပဲဝယ်ပေးတော့မယ်
လို့ဆိုလာပါတယ်။ သူပဲရွေးတာပါ။ ဖန်ရှင်တွေ၊ ဈေးနှုန်းတွေအမျိုးမျိုးကြည့်ပြီး၊ ကောင်း
တယ်ထင်တဲ့ အမျိုးစားလေးတွေစုပြီး ကျမကို ဘယ်ဒီဇိုင်းကြိုက်လဲ၊ ဘာဖန်ရှင်ကိုရွေးမ
လဲ စသဖြင့်နောက်ဆုံးမှမေးတာမို့ ဈေးနှုန်းတောင်အတိကျမမှတ်မိပါဘူး။ ယမ်း၃သောင်း
၎ထောင်နီးပါး ခန့်လို့ဆိုပါတယ်။

တခုအဆင်ပြေတာက Manual Bookတွဲပါပြီး အခြေခံချက်လို့ရတဲ့ ချက်ပြုတ်နည်းတွေ
ပါ ရေးပေးထားတာမို့ ဥပမာ ပေါင်မုန့်ဖုတ်နည်း၊ ပီဇာလုပ်နည်း၊ ကိတ်လုပ်နည်း၊ စတာ
တွေရယ် အသား၊ ငါးကိုလည်း အကင်၊ အကြော်၊ ရေနွေးငွေ့ဖြင့်ပေါင်းခြင်း စသဖြင့်
ပါရှိတာမို့ မြန်ဆန်လွယ်ကူစွာချက်နိုင်ပါတယ်။


ဂျပန်မှာက အပူပေး နွှေးရုံသက်သက်သာသုံးနိုင်တဲ့ レンジလန်းဂျိလိုစက်တွေချည်းရှိ
သလို အပူပေးနွှေး၊ ကင်၊ ကြော်၊ မုန့်ဖုတ်၊ ပေါင်းခြင်းကဲ့သို့ ဖန်ရှင်တွေပါတဲ့オーボン
တွဲပါသော လန်းဂျိတွေလည်းရှိတာမို့ မ၀ယ်ခင် ယင်းပစ္စည်းကိုထုတ်လုပ်တဲ့ဆိုဒ်ထဲမှာ
ဖန်ရှင်ကိုကြည့်တာအကောင်းဆုံးပါ။

ဥပမာ ကျမ၀ယ်တဲ့ Microwave Oven ရဲ့
●အမေဇွန်ထဲကဆိုင်အသီးသီးရဲ့ဈေးနှုန်းတွေပါ၊ ခခခုထဲမှာကတော့ပစ္စည်းပြတ်သွားတာ
မို့ဈေးနှုန်းကြည့်လို့မရတော့ပါဘူး။ခခခုကပိုကြည့်လို့ကောင်းပါတယ်။
●မူရင်းထုတ်လုတ်သော panasonicရဲ့ဆိုဒ်ထဲမှာ ဖန်ရှင်များကြည့်ခြင်း
တွဲပါသောပစ္စည်းများကြည့်ခြင်း
ယင်းကိုအသုံးပြုနည်းနှင့်ချက်နည်းများစာအုပ်

 ယင်းနောက်
အရေးကြီးဆုံးကတော့ရောင်းအားများမှု売れ筋ランキング၀ယ်ပြီးစိတ်ကျေနပ်မှု
満足度、၀ယ်တဲ့သူရဲ့မှတ်ချက် クチコミ、ပစ္စည်းတခုထဲကိုဈေးတွေအားလုံးယှဉ်ပြပေး
တဲ့ဖန်ရှင်တွေသုံးပြီးကြည့်လျှင် အသက်သာဆုံးနှင့်အကောင်းဆုံးပစ္စည်းကိုရွေးချယ်
နိုင်မယ်လို့ထင်ပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်


အလည်လာသူများ

free counters

Total Pageviews