♪♪.ကျော်နှင်းဆီလွင်.♪♪

Apr 3, 2011

မီးဖိုချောင်သုံးကိရိယာလေးများ (၁)

ဝါရင့်အိမ်ရှင်မကြီးတွေကတော့ အတော်များများသိပြီးသားတွေဖြစ်ရင်ဖြစ်မှာပါ။
မသိသေးသူတွေအတွက် သုံးရင်းနှစ်သက်တာလေးတွေ နှင့် ကြားဖူးနားဝရှိတာလေးတွေ
ဝေမျှလိုက်ပါတယ်။ ပုံများကိုတော့ အင်တာနက်မှရှာဖွေဖော်ပြပါသည်။

ဒါလေးကိုတော့ အသားထုရာမှာအသုံးပြုပြီး ဂျပန်လိုတော့ にくたたきလို့ခေါ်ပါတယ်။
အထူးသဖြင့်အသားကို ဆီနည်းနည်းလေးနဲ့လှိမ့်ကင်တဲ့နေရာမှာ ခုလိုအသားကိုထုထား
လျှင် နူးလွယ်ပါတယ်။


ဒါလေးကတော့အာလူးခြေရာမှအသုံးပြုပြီး ဂျပန်လိုကတော့ ポテトつぶしလို့ခေါ်ပါတယ်
အာလူးကတ်တလိပ်ကြော်ဖို့ အာလူးခြေတဲ့အခါ လွယ်လင့်တကူ ပေါ့ပေါ့ပါးပါးသုံးနိုင်ပါ
တယ်။ မိမိကတော့ အသားလုံးကြော်လုပ်ဖို့အသားနှယ်ရာမှာလည်း ဒါလေးကိုသုံးလိုက်ရင်
လက်မကပ် လက်အိတ်မလိုပဲပြီးတာမို့ အသုံးပြုပါတယ်။


ဒါလေးကတော့ကြက်ဥလှီးတာပါ။ အသုပ်တို့ဘာတို့မှာလှလှလေးအနှစ်မပျက် ကြက်ဥ
ပြုတ်လေး ပါးပါးလှီးချင်တယ်ဆိုရင်တော့ သုံးလို့ကောင်းတာအမှန်ပါ။
သို့မဟုတ် အပ်ချည်တချောင်းရှိလည်း လှလှလေးလှီးလို့ရပါတယ်နော့။ :))

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ


7 comments:

စူးနွယ်လေး said...

လာရောက်ဖတ်ရှုသွားပါတယ် :)

Mon Petit Avatar said...

ဧည့်အိမ်မှာကြက်ဥလှီးတာပဲရှိတယ်။
ကျန်တာတွေဝယ်မယ် ဝယ်မယ်ဆိုပြီးမဝယ်ဖြစ်သေးဘူး။

Vista said...

ဝါရင့်အိမ်ရှင်မကြီးတွေတင်မကဘူး ဝါရင့်အိမ်ရှင်ထီးကြီး (အပေါ်ကလူကြီး)
ဆိုပိုသိတယ် ဟိ

Myanmar Good Knowledg Co., Ltd said...

ဝါနုအိမ်ရှင်မလေးရေ
ဝါရင့်အိမ်ရှင်မကြီးက ဒီလိုရေးတာလေးတွေကို သဘောကျပါတယ်ကွယ်။
း)

ကျော်နှင်းဆီလွင် said...

ဟုတ် မနွယ်လေးရေ
Ma Monက သိပ်မချက်ဘူးထင်တယ် :D
မဗစ်စ်ကလည်း ၀ါရင့်အိမ်ရှင်လူပျိုကြီးပါ :P
မမွန်ရေ ဒီတခါဆုံမှအများကြီးဗျူးရင်းသင်ယူရမယ် :))

စန္ဒကူး said...

ကြက်ဥ slicer လေးနဲ့ meat tenderizer တော့ရှိတယ်..
အသားထုတာမဟုတ်ဘူး.. ကြက်သွန်ဖြူနဲ့ ငရုတ်သီးထောင်းရမှာပျင်းရင် ထုတာ..း))
ကြက်ဥ လွှာတဲ့ဟာလေးတော့ သိပ်သဘောကျတယ်..
ဂျပန်စတိုးက၀ယ်ထားတာ..

ကျော်နှင်းဆီလွင် said...

ကြက်သွန်ဖြူထုတယ်လား ဒါလည်း ပညာရတယ်
ဒီလိုလည်းသုံးလို့ရတာကိုး
ဓါးပြားနဲ့ဖိနေကျ ပင်ပမ်းလိုက်တာ
:))

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews