လူငယ်ဆိုတဲ့ဘ၀ဟာ ပူပင်စရာတွေကင်းပြီး ပျော်ရွှင်စရာလို့တွေးဖူးတယ်။ သို့ငြား လူငယ်ဘ၀မှာလည်း
လူငယ်ဘ၀အလျှောက် မွန်းကြပ်မှု၊ အဆင်မပြေခဲ့မှုဆိုတာတွေရှိခဲ့မှာအမှန်ပါ။ အထူးသဖြင့်ကျောင်းတွေ
မှာ ကြီးနိုင်ငယ်ညှင်းတွေများတတ်တဲ့ ဂျပန်ကျောင်းတွေမှာ၊ အထူးသဖြင့် အလယ်တန်းနှင့်အထက်တန်း
အရွယ်တွေမှာပိုပြီး စိတ်ဖိစီးမှုနှင့် မွန်းကြပ်မှုတွေ ခါးသီးမှုတွေအထိုက်အလျှောက်ရှိနေတာကို ဒီသီချင်းလေးနားထောင်တော့ ပိုပြီးခံစားသိလိုက်ရသလိုပါပဲ။
ဒီအချိန်ပြန်တွေးမိတော့ လူငယ်ဘ၀ခါးသီးမှု၊ အခက်ခဲနှင့်မွန်းကြပ်မှုဆိုတာ အနည်းငယ်ရိုင်းသော်ငြား
ချောင်ပိတ်မိတဲ့ ခွေးလေးတကောင်လိုပါပဲလားလို့။ မိမိခြေပေါ်မိမိမရပ်တည်နိုင်၊ ဖြေရှင်းနိုင်တဲ့ကိုယ်ပိုင်
စွမ်းရည်မျိုးလည်းနည်းနေသေးတဲ့အချိန်ပေကိုး။ မိဘကောင်းနှင့်ခလေးမျိုးကတော့ အများကြီးသက်သာ
ရာ ရလိမ့်ပေငြား၊ မိဘဆိုးနှင့် ခလေးမျိုးဆိုလျှင်တော့ ချောင်ပိတ်ရိုက်ခံရတဲ့ခွေးလေးတကောင်လိုပါလား
လို့ တွေးမိပါတယ်။ ဂျပန်မှာ လူငယ် အိမ်ပြေးကလေးတွေအတော်များများရှိပါတယ်။
ဒီသီချင်းလေးကတော့ ဂျပန်အလယ်တန်းနှင့်အထက်တန်းကျောင်းသားလေးတွေကို သိပ်ကို စိတ်လှုပ်ရှား
စေပါတယ်။ သီချင်းအနှစ်ချုပ်ကတော့ အသက်၁၅နှစ်အရွယ်မိမိက နောင်တချိန်လူကြီးဖြစ်လာမယ့် မိမိထံ
ပို့ဖို့ရေးသားထားတဲ့စာပေးစာယူ စာကလေးတစောင်အကြောင်းပါ။
အလယ်တန်းကျောင်းသူလေးတွေရဲ့စိတ်လှုပ်ရှားမှုကိုရှုစားရင်း သီချင်းကိုဒီမှာနားဆင်နိုင်ပါတယ်။
ဒါကတော့ကျောင်းအခမ်းနားမှာကျောင်းသားတွေအုပ်စုလိုက်သီဆိုထားတာပါ။
Oct 9, 2010
アンジェラアキ 手紙 အန်ဂျဲလာအခိ - ပေးစာ
11:17 AM
ကျော်နှင်းဆီလွင်
作詞:アンジェラ・アキ 作曲:アンジェラ・アキ
大人の僕も傷ついて眠れない夜はあるけど
အားလုံးပဲပျော်ရွှင်ချမ်းမြေ့ပါစေ♪♪♪Total Pageviews
URL Address
Categories
- ကုန်ပစ္စည်းအညွှန်း (8)
- ကျန်းမာရေးနှင့်ဆေးဝါး (3)
- ဂျပန်ဘာသာ (8)
- ဂျပန်ဘာသာသတင်းများ (7)
- ဂျပန်မှာ (93)
- ဂျပန်သတင်း (22)
- ဂျပန်အစားစာ (12)
- ဂျပန်ဈေးဝယ်အညွှန်း (11)
- မြန်မာအစားစာ (7)
- ဘာသာပြန်သတင်း၊ဆောင်းပါးများ (2)
- ရုပ်ရှင်အညွှန်း (6)
- သတင်းစကား (3)
- သိသမျှကြုံသမျှ (31)
- သီချင်း (4)
- ဟင်းခတ်အမွှေးကြိုင် (3)
- ဟင်းအိုး (25)
- အတိုအစလေးများ (53)
- အခြားအစားစာ (4)
- အိမ်ရှင်မတို့သိမှတ်ဖွယ် (8)
- ဥပဒေရေးရာ (7)
- ဈေးဝယ်အညွှန်း (1)
- ဖျော်ဖြေရေး (7)
Posted in


1 comments:
အိန်ဂျယ်လာ အာ့ကိ ကိုကျွန်မလည်းကြိုက်တယ်။
သူ့ပုံစံက သိပ်သဘာဝဆန်ပြီး သီချင်းတွေကရိုးရှင်းလို့ပါ။
ဒီသီချင်းက ဂျပန်ကျောင်းသားကျောင်းသူလေးတွေဘ၀ကို တကယ် အားဖြစ်စေတယ်နော်။
အကြိုက်ချင်းတူတယ်နော် ညီမ။
စကားမစပ် ဟင်းအိုးလေးကိုလည်း သွားသွားကြည့်သေးတယ်။
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ