♪♪.ကျော်နှင်းဆီလွင်.♪♪

Aug 26, 2010

ဂျပန်က အ၀သောက် Drink Bar

ဂျပန်ခေတ်ကောင်းခဲ့စဉ်က Family Restruantလို့ခေါ်တဲ့ファミリ・レストランစားသောက်ဆိုင်
တွေဟာ တနိုင်ငံလုံး အရေတွက်များစွာဖွင့်လှစ်ခေတ်စားခဲ့ဖူးပါတယ်။ အများအားဖြင့် နေရာ
ကျဉ်းကျဉ်းဆိုင်တွေရှိပြီး ဥပမာ ခေါက်ဆွဲဆိုင်၊ထမင်းပန်းကန်လုံးဆိုင်တွေလိုမျိုးဆိုရင်
တနေရာစာလေးကို ကျုံ့ထိုင်၊ မြန်မြန်စားပြီး တန်းစီနေသူတွေအားနာလို့ မြန်မြန်ထွက်ပေးရတာ
မျိုးပါ။
အရက်နှင့်စားသောက်ဆိုင်အများစုဖြစ်တဲ့ဂျပန်မှာ ခလေးတွေနှင့်အတူ မိသားစုလိုက်
အတူအေးအေးဆေးစားနိုင်ဖို့ရည်ရွယ်ပြီး Family Restruantတွေ စတင်ဖွင့်လှစ်လာတယ်
လို့ဆိုပါတယ်။
စီးပွားရေးကျပ်လာတာနှင့်အမျှ ယခင်ကနှင့်ယှဉ်လျှင် မိသားစုစားသောက်ဆိုင်တွေ
များစွာ လျော့နည်းသွားပြီလို့ဆိုရပေမယ့်လည်း ခုတလောခေတ်စားလာတာကတော့
အဖျော်ယမကာ အ၀သောက်စနစ်တခုပါ။ ဂျပန်အခေါ်ကတော့ dorinku-baa
ドリンク・バー အင်္ဂလိပ်အခေါ် Drink Bar ကနေလာခြင်းပါ။

သူငယ်ချင်းတွေ၊ မိသားစုတွေနှင့် စားသောက်ကြတဲ့အခါ နေရာကျယ်ကျယ်ဝန်းဝန်းနှင့်
အချိန်ကြာကြာ စကားပြောလိုက်၊ စားစရာတွေကုန်သွားလည်း သောက်ရင်းပြောရင်း
လုပ်မယ်ဆိုအတော်အဆင်ပြေပါတယ်။
အ၀သောက်ဈေးနှုန်းကတော့ အခြား အစားစာ မမှာစားလျှင် တဦး ၃၅၅ ယမ်းခန့်
အခြားအစားသောက်လည်းမှာစားပြီး Drink Barမှာလျှင် တဦး ၂၀၈ ယမ်းခန့်ပါ။
ထုံးစံအတိုင်း ကိုယ်တိုင်ထည့်စနစ်ပါ။ ဓါတ်ပုံလေးတွေဝေမျှလိုက်ပါတယ်။





သက်သာပေမဲ့ စားလို့ကောင်းတဲ့ စားသောက်ဆိုင်အချို့ကတော့
ဆိုက်ဇေးရီးယား Saizeria サイゼリア ကတော့ အီတလီအနွယ်စားသောက်ဆိုင်ပါ။
ညပိုင်းဆို ဘီယာ၊ ၀ိုင်စတာတွေပါရတာမို့ အုပ်စုလိုက်သွားလို့လည်းအဆင်ပြေပြီး
အသက်သာဆုံးလို့ဆိုရမှာပါ။

အခြားမိသားစုစားသောက်ဆိုင်များကတော့




အားလုံးပဲ ကျန်းမာပျော်ရွှင်ပါစေ♪♪♪


5 comments:

SHWE ZIN U said...

ညီမ ရေ

ဂျပန်လာလည် တော့မှ လိုက်ကျွေးတော့နော်
ခုတော့ မှတ်ထားလိုက်မယ်

ခင်တဲ့
ရွှေစင်ဦး

Vista said...

အသောက်သမား ကျနော် သာဆိုအရင်းပြုတ်မယ့်ဆိုင် .. အစားသာနည်းတာ အရည်တွေတော့အကုန်သောက်တယ်။

ကျော်နှင်းဆီလွင် said...

မမရွှေစင်ရေ
လာခဲ့ တကယ်လိုက်ကျွေးမှာ
ကြိုတော့ပြောနော်
ငွေစုထားဖို့ :D
နောက်တာ~~

မဗစ်စ် ဒါဆိုမနဲ့တော့ကိုက်တယ်
ညီမက သိပ်မသောက်ဘူး
ဆိုးတာက အစာစားရင်ရေပဲသောက်ပြီး
အအေးလည်းမကြိုက်လို့
တန်ဘူး~~~
:(

learning english said...

ခွန်ကတော့ မသောက်နိုင်လို့ မတန်လို့
ဘယ်တော့မှ D Bar မမှာဘူး... ;D

ကျော်နှင်းဆီလွင် said...

တူသွားပြီ
ညီမနဲ့ ဒီနေရာတော့
:)

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews