ဂျပန်ဟာ စားသောက်ကုန်နှင့်ပတ်သက်လျှင် သိပ်ကိုစည်းကမ်းတင်းကျပ်သောနိုင်ငံ
ဟုဆိုလျှင် မှားမည်မထင်ပါ။ ယင်းသို့သောနိုင်ငံဖြစ်တာကြောင့်လည်း ကျန်းမာရေး
အထောက်ကူပြုစားသောက်ကုန်တွေဟာ အလွန်ခေတ်စားလေ့ရှိပါတယ်။
ခေတ်စားသောဥပမာတခုအနေဖြင့်ကတော့ အအိုးဂျိရုလို့ခေါ်ပါသည်။
တိုက်ရိုက်ဘာသာပြန်ရလျှင် 青ဆိုတာ အပြာရောင်(ဒီနေရာမှာတော့ အစိမ်းရောင်
အသီးရွက်တွေကို) ညွှန်းတယ်လို့ဆိုပါတယ်။ 汁ဆိုတာ အရည် (အသီးရွက်တို့
အသားပြုတ်တို့ပြုလုပ်တဲ့အခါထွက်တဲ့အရည်မျိုး)လို့ဆိုလိုပါတယ်။
အစိမ်းရောင်(အသီးရွက်တွေ)ရဲ့အရည်ပေါ့။ wiki မှာ ပြန်ထားခြင်းကတော့
အစိမ်းရောင်အသီးအရွက်များဆိုတဲ့ ဂျပန်ရဲ့ရှေးကသုံးတဲ့စကားကနေတဆင့်
ဆင်းသက်လာခြင်းဖြစ်ပါတယ်တဲ့။
(ဂျပန်မှာ မီးပွိုင့်ကိုလည်း အစိမ်းမဟုတ်ပဲ ပြာတယ် လို့သုံးကြပါတယ်။)
ယခင်ကတော့ အအိုးဂျိရုဆိုတာ အရွက်တမျိုးကနေပဲ ပြုလုပ်တာလို့ထင်ခဲ့ပေမဲ့
အစိမ်းရောင်ရှိသောဘယ်အသီးရွက်ကိုမဆိုအသုံးပြုပြီး အအိုဂျိရု ထုတ်လုပ်
နိုင်ပါတယ်။ အများဆုံး ပြုလုပ်လေ့ရှိတာကတော့ဂျုံ (မုယောစပါး)အရွက်၊
ကူးရု လို့ခေါ်သောကိုက်လန်ရွက်၊ ပန်းဂေါ်ဖီထုပ်အစိမ်း၊ ဒါ့အပြင် ထုတ်လုပ်သူပေါ်
လိုက်ပြီး ထည့်သွင်းထုတ်လုပ်သောအခြေခံ ကုန်ကြမ်းအသီးရွက်ဟာလည်း
ကွဲပြားလေ့ရှိပါတယ်။
ဟိုးယခင်က ကျန်းမာရေးလိုက်စားသော ကျူးရှူးဒေသဘက်ကလူတွေသာ
စားသုံး(သောက်သုံး)ခဲ့ပေမဲ့ ၁၉၉၀ခုနှစ်မှာထုတ်လွှင့်သွားတဲ့全国区のバラエティ
လို့အမည်ရသော တီဗွီအစီစဉ်လေးတခုကနေ လူအများကြား မမျှော်လင့်ပဲ
စိတ်ဝင်စားရေပန်းစားခဲ့တာမို့ အဲသည်နောက်ပိုင်း တစ်နိုင်ငံလုံးအနှံ့ ထုတ်လုပ်
စားသုံးလာတယ်လို့ ဆိုထားပါတယ်။
အများအားဖြင့် ရေအေး(သို့)ရေနွေးနှင့်ရောပြီး ဖျော်ရည်၊ရေနွေးကြမ်းကဲ့သို့
သောက်သုံးလေ့ရှိပါတယ်။ ဒါ့အပြင် ရေခဲမုန့်၊ ပေါင်မုန့်၊ ဆော့စ်ပုံသဏ္ဌာန်
စသဖြင့်အမျိုးမျိုးသော စားသောက်ကုန်များမှာလည်း ထည့်သွင်းအသုံးပြုလေ့
ရှိပါတယ်။
ဘာကြောင့်ဒီလောက်ရေပန်းစားရသလဲဆိုတော့ အသီးရွက်ကို အမှုန့်အဖြစ်
ပြောင်းလိုက်ခြင်းဖြင့် အရွယ်စားအားဖြင့် ကျုံ့သွားတာမျိုးဖြစ်ပြီး အမှုန့်
တစ်ဂရမ်နှုန်းမှာ အာဟာရဓါတ်အမျိုးမျိုးပါဝင်မှုအလွန်မြင့်မားတာကြောင့်ပါ။
ဒီပုံလေးမှာပြထားတာကတော့
အအိုဂျိရုတခွက်လေးထဲမှာ သည်လောက်တောင် အာဟာရဓါတ်များစွာ
ပါဝင်နေပါတယ် တဲ့။
ဗီတာမင် Carotene - ခရမ်းချဉ်သီး တလုံး (သို့)ငရုတ်ပွ၆တောင့်
ဗီတာမင် B1 - ပန်းသီး တခြမ်း (သို့)ရှီးတခဲလို့ခေါ်သောဂျပန်မှို ၃ပွင့်
ဗီတာမင် C - ကီဝီသီး ၂လုံးခွဲ (သို့)စတော်ဘယ်ရီ ၁၆ လုံး
ဗီတာမင် Calcium - ချိစ်၂၇၀ ဂရမ် (သို့) နွားနို့ ၁၄၀ ဂရမ်
ဗီတာမင် Potassium - ကွန်းနရခု ၃တုံး(ဂျပန်အစားစာ) (သို့) ဂရိတ်ဖရုသီးတလုံး
ဗီတာမင် Magnesium - ခခိလို့ခေါ်သောခရု ၂ကောင်ခွဲ (သို့) မြေပဲ ၁၃စေ့
ဗီတာမင် Iron - ဆီးသီးခြောက် ၄စေ့ (သို့) ၀က်သားရို့စ် ၁၀၀ ဂရမ်
လို့ဆိုထားပါတယ်။
ထုတ်လုပ်သောကုန်ကြမ်းကိုလိုက်ပြီး ဗီတာမင်ပါဝင်မှုပမာဏနှင့်အချိုးစားကွာခြား
လေ့ရှိပါတယ်။
(ထပ်မံဖြည့်စွက်ချက်)
ပုံသဏ္ဌာန်အားဖြင့် အမှုန့်လေးတွေအဖြစ်တွေ့ရတာများပါတယ်။
အရသာကတော့ခါးသက်သက်ကလေးပါ။
ညီမငယ်ခွန်ဆိုသလို ဖျော်ရည်ဘူးများမှာဆိုလျှင်တော့ ချိုတာမျိုးလည်း
ရှိပါတယ်။
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ♪♪♪
10:10 AM
ကျော်နှင်းဆီလွင်












Posted in


29 comments:
အားလုံးကတော့ စားချင်သောက်ချင်စရာ လေးတွေကြီး ဘဲ အရသာတော့ မသိဘူး
မျှဝေပေးတဲ့ အတွက် ကျေးဇူးညီမရေ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
တချို့အအိုဂျိရုတွေက ရိုးရိုးဂျု့လိုဘဲ သောက်လို့ကောင်းတယ်။
တချို့ဟာတွေကျတော့ အားကြီးခါးတယ် အစ်မ။
ဟိုတုန်းကတော့ ခွန်လည်းသောက်တယ်။ ခုတော့ မသောက်ဖြစ်
တော့ဘူး.... :)
မမရွှေစင်ပြောမှ အရသာရေးဖို့ သတိရသွားတယ်။
ခစ်
ကျေးဇူးပါမရေ..သတိပေးတာ..
ခွန်ရေ ညီမ..တအားကျေးဇူး..
ရိုးရိုးဂျုလိုဟာက အမ မသေချာဘူးဖြစ်နေတာ
အမတော့ ရိုးရိုးအမှုန့်ဖျော်ပဲသောက်ဖူးတော့လေ...
အားကြီးကျေးဇူးဆရာမ..
အစ်မလည်း အားကြီးကြိုက်တယ်..းD
သက်သက်လေး အရသာလေးကိုပဲ ဆွဲနေတာ။
နေအုံး၊ လန်ဒန်မှာ ဂျပန်အစားအစာ၊ ဂျပန်မီးဖိုချောင်ပစ္စည်းတွေချည်း သီးသန့်ရောင်းတဲ့ ဆိုင်ကြီး အကြီးကြီးတဆိုင်ရှိတယ်။ အဲဒိမှာ သွားရှာကြည့်အုံးမယ်။ ဂျပန်စာက တမျိုးပဲနော်။ စားတိုင်း တခုခု လိုနေသလို ခံစားရတယ်။ ကိုယ်လျှာက ငယ်ငယ်ကတည်းက တရုတ်စာလောက်နဲ့ပဲ ရင်းနှီးနေလို့လားတော့ မသိဘူး။
မညကကြိုက်သကိုး...
ညီမကသောက်ခါနီးထွက်ပြေးတာ..
သိပ်မကြိုက်ဘူး..
:D
ကိုဝတုတ်ရေ ရှိရင်လှမ်းအကြောင်းကြားလေ။ ဗဟုသုတပေါ့။
ဂျပန်စာက မနက်ခင်း နဲ့နေ့လည်စာက ပေါ့တာများတယ်။
ညဘက် စားသောက်ဆိုင်တွေကျတော့ လေးတဲ့ဆိုင်အတော်များများရှိတာမို့ မြန်မာပါးစပ်နဲ့တော့ကိုက်တယ်။ ညီမလည်းရောက်စ စားရတာ လုံးဝအရသာမရှိသလိုပဲ။ ခုတော့ အရသာကို ကိုယ့်အကြိုက်နဲ့ချိန်တတ်လာတော့ တော်သေးတယ်။
တရုတ်စာတော့အလွန်ကြိုက်။
သူ့ ကိုယ်သူ ညီမတဲ့။ ဟားဟား။ ဘယ်သူကကြီးလဲ မသိသေးဘဲနဲ့။ :)
အိ ၁၉၈၀ ဖွား..
ကြီးဖို့များပါတယ်..
မကြီးတော့လည်းပြန်ပြောင်းမယ်
မမ လို့ :D
ကဲပြော...
အင်း။ ဒါဆိုရင်တော့ ညီမပေါ့။ ငါးနှစ်စောပြီး လူ့လောကထဲရောက်တာ။ စကားမစပ်ဗျာ။ ဆရာမက ဂျပန်လိုတတ်တယ်ဆိုတော့ Kurosawa ရုပ်ရှင်တွေကို အင်္ဂလိပ်စာတန်း မပါဘဲ ကြည့်နိုင်မှာပေါ့။ မနာလိုလိုက်တာ…. သူ့ရုပ်ရှင်တွေထဲက အကြိုက်ဆုံး scene တခု။ သိပြီးသား ဖြစ်ချင်ဖြစ်နေမှာပါ။
http://www.youtube.com/watch?v=uVYKroONpZI&feature=related
အာအိုဂျိရု ကို အရမ်းတော့မကြိုက်ပေမယ့် ခါးတာတွေကို နှစ်သက်လို့ ကောင်းတယ်လို့ပဲပြောပါရစေ။ ကျမ္မာရေးအတွက်လည်း တကယ်ကောင်းပါတယ်။
ကိုဝတုတ်ရေ အထင်မကြီးနဲ့နော်
မသိတာတွေအတော်များတယ်..
ကုရိုစာဝ ဆိုတာ ကိုဝတုတ်ပြောမှရှာကြည့်တာ
အတော်နာမည်ကြီးခဲ့တာပဲနော်..
seven samurai လည်း အတော်ကောင်းဆိုပဲ...
ကြုံရင်ထပ်ကြည့်ဖို့အညွှန်းနော်..
:D
မမွန်ရေ
အခါးကြိုက်တာကျန်းမာရေးနဲ့ညီတယ်နော်
အိမ်မှာဖေပြောနေကျလို..:D
ဟုတ်တယ်။ ယူဘရိုင်းနားတို့၊ ဂျိမ်း(စ)ကိုဘန်းတို့ ပါတဲ့ ကောင်းဘွိုင် သေနတ်ပစ်ကား The Magnificent Seven က အဲဒိ Seven Samurai ကိုပြန်ရိုက်တာတဲ့။ Ikiru ကတော့ ကုရိုစာဝရဲ့ ကားတွေထဲမှာ အိမ်မှာ ခွေဝယ်သိမ်းထားရလောက်အောင် ကြိုက်တဲ့ကားတွေထဲ ပါတယ်။ အဲဒိကားမှာလည်း ခုပြောခဲ့တဲ့ အခန်းရယ်၊ နောက်ဆုံးသူ ဒန်းစီးနေတဲ့ အခန်းနှစ်ခန်းကို သိပ်သဘောကျတယ်။ တခါတခါကျ ကိုယ်ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေအကြောင်း ပြန်ရေးချင်တယ်။ ဒါပေမယ့် ဒီရုပ်ရှင်တွေကတဆင့် ကိုယ်နဲ့ ပတ်သက်တဲ့ ကိုယ့်အကြောင်းတွေ ရောက်ရောက်သွားတတ်လို့၊ အရွှီးလွန်သွားတတ်လို့ မနည်းအရှိန်သတ်ထားရတယ်။
ဗမာကားတွေထဲမှာ မင်းဦးနဲ့ တင့်တင့်ထွန်းပါတဲ့ ‘ကျွန်တော်မကောင်းဘူး’ က ခုထိ အမှတ် တရဖြစ်ကျန်ခဲ့တဲ့ ရုပ်ရှင်ပဲ။ ဒါရိုက်တာတော့ မမှတ်မိတော့ဘူး။ အဲဒိကားကိုကြိုက်ရင် Sean Penn ရဲ့ The Assassination of Richard Nixon (2004) ကိုလည်း ကြိုက်နိုင်တယ်။
http://www.youtube.com/watch?v=GDHRLN66Q2E&feature=related နောက်
အကြိမ်နှစ်ဆယ်မက ပြန်ကြည့်ဖြစ်တဲ့ ကားတွေထဲမှာ Shawshank Redemption လည်းပါတယ်။ ၀တုတ်တို့ လင်မယားနှစ်ယောက်လုံး သဘောထားလုံးဝမကွဲပဲ ကြိုက်တဲ့ နောက်တကားက Life is beautiful တဲ့။ ကြည့်၊ ပြောနေရင်းကို အရှိန်လွန်ဖြစ်အောင် လွန်သွားသေးတယ်။
တော်ပြီ။
နောက်များမှ….
စကားမစပ် Ikiru ထဲကသီချင်းကို အမျိုးသမီးအဆိုတော်တယောက် ပြန်ဆိုထားတာ။
http://www.youtube.com/watch?v=wMSQ1amd7sU&feature=related
ဂျပန်အစားအစာကနေ ဘယ်တွေရောက်လာလဲ မသိဘူး။ မဆိုင်တာတွေဆိုရင် ဆော်ရီးပါ။ ဂျပန်ဆိုင်ကြီးဆီ သွားလည်ပြီး ပြန်လာမှ ဘာဘာတွေရောင်းသလဲဆိုတာ ပြန်ရွှီးတော့မယ်။
အင်း.... သောက်လို့ကောင်းမကောင်းတော့ မသိဘူး။ ကျန်းမာရေးနှင့်ညီတယ်ဆိုတော့ အစမ်းသဘောတော့ သောက်ကြည့်ချင်သား။
ကိုဝတုတ်ရေ
သိနေပြန်ပါရောလား
ညီမကတော့ ရုပ်ရှင်ဆိုမြန်မာကားလည်းသိပ်မသိ၊
ဂျပန်ကားလည်းသိပ်မကြည့်
ဒါကြောင့် ဂျပန်စကားဆိုလည်း ဘန်းစကားသိပ်မရဘူး
ပြီးတော့ရိုင်းတာမကြိုက် ရိုင်းမှကြောက်တော့ အသုံးနှုန်းကိုလည်း ယဉ်ကျေးတာပဲကျက် ယဉ်ကျေးတာပဲပြောကျင့်လုပ်တော့ တခါတလေ မပြေလှဘူး။
ဟောလိဝုဒ်ကားတွေထဲ
အစွဲဆုံးကတော့
Schindler's List ပေါ့။ ရင်ထဲမှာကျန်နေခဲ့တာလေ။
ဂျပန်ကားတွေကတော့ကိုဝတုတ်ဆီကပြန်သင်ရမယ် ဘယ်ကားကောင်းလည်းဆိုတာ :D
ရုပ်ရှင်အညွှန်းလည်းရေးပါ ကိုဝတုတ်ရဲ့ လူ့ဘ၀ဆိုတာရသစုံမှ ကောင်းတာ အဟားဟား
ညီမဆိုမသိတာတွေသိရတော့ အဖိုးတန်တယ်
ကျေးဇူးတင်ရော
သိသူရှိသလို မသိသူလည်းများတာမို့ ရေးသင့်တယ်။
Life is beautifulလည်း ကြည့်ဖြစ်အောင်ကြည့်ဦးမယ်။
အပိုင်း၁ကြည့်လိုက်တာတော့ အစနဲ့တင်ရယ်လိုက်ရတာ တဟားဟားပဲ :D ဒါကြောင့်လင်မယားနှစ်ယောက်တက်ညီလက်ညီကြိုက်ကြသကိုး
Schindler’s List လည်းကြိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော်က Spielberg ဆိုရင် ကြည့်လို့ကို မရချင်ဘူး။ ပြောရရင် စာတပုဒ်ရေးဖြစ်သွားလိမ့်မယ်။ သူရိုက်တာတွေ (နည်းပညာပိုင်းအရ) ကောင်းပါတယ်။ လူလည်းလက်ခံတာပဲ (အနည်းဆုံး အမေရိကားနဲ့ အမေရိကန်ကြိုက်တဲ့ လူတွေထဲမှာပေါ့လေ)။ ဒါပေမယ့် သူ့ကားတွေဆို ဘယ်လောက်ကြည့်ကောင်းကောင်း ကြည့်နေရင်း တချိန်မှာ ‘ဟွန်း… ဒီကောင်ဟာလေ’ ဆိုပြီးကျိန်ဆဲဖြစ်အောင် ကျိန်ဆဲမိစေတဲ့ အခန်းတခန်းမဟုတ်တခန်းပါတယ်။ ဟိုး Indiana Jones ကနေ Saving Private Ryan တို့၊ နောက်ခုပြောနေတဲ့ Schindler’s List မှာလည်းအဲ့သလိုပဲ။ အဲဒိထဲက သီချင်းကတော့ အရမ်းထိတယ်နော်။ ရုပ်ရှင်နဲ့လိုက်တယ်။ အဲ့သလို သမိုင်းနောက်ခံ ကားတွေလည်း သိပ်ကြိုက်တယ်။ ဗမာကားတွေက အဲ့သလို သမိုင်းနောက်ခံ ဇာတ်ကားတွေ ရှားသလားလို့။ ပျဉ်းမငုတ်တို?? Maybe?? ဒါကလည်း အစိုးရတွေရဲ့  ပေါ်လစီကြောင့်ဖြစ်နိုင်ပါတယ်။
ကျော်နှင်းဆီလွင် Polanski ရဲ့  The Pianist ရောမကြိုက်ဘူးလား။ ကျွန်တော်က piano လည်းနည်းနည်း တီးတတ်တယ်။ ဗမာသီချင်းတွေနဲ့ rock and pop တွေတော့ မဟုတ်ဖူး။ တွေ့လား။ ကြွားတဲ့အပိုင်းကိုနည်းနည်းရောက်လာပြီ။
နောက်များမှ….
ကိုဝတုတ် အတော်စုံသကိုး
Indiana Jonesလည်းသိပ်ကြိုက်တာ ရယ်ရလို့...
Saving Private Ryanတော့ ဒီလောက်ကြီးမစွဲလှဘူး
The Pianistလေ အရင်ကွန်မန့်ရေးရင်းတောင် သတိရမိသေး
ကောင်းတယ် ဒါပေမဲ့ Schindler’s Listကိုပိုကြိုက်တယ်။
ရင်ထဲမှာစွဲကျန်လို့ ပြောရရင် ဒါရိုက်တာတို့ ဇာတ်လမ်းတို့ ကောင်းမှလည်း ကြည့်ကောင်းတာဆိုပေမဲ့ ဘာထက်မဆို ရင်ထဲမှာ ကျန်ခဲ့တာ Schindlerဆိုတဲ့လူတယောက်အကြောင်းပါ။
နောက်တခုက Spielbergကိုလည်း အတော်နှစ်သက်ပေမဲ့ ကိုဝတုတ်လိုတော့ သိပ်နားမလည်လှဘူး။ တခုရှိတာက ကိုဝတုတ်ဆိုတဲ့စကားတော့ အနက်နည်းနည်းကောက်လို့ရတယ်။ ဘယ်နာမည်ကြီးဒါရိုက်တာမဆို ဘယ်သမိုင်းကြောင်းဇာတ်လမ်းမဆို ရိုက်သောဒါရိုက်တာရဲ့ နိုင်ငံစွဲ လူမျိုးစွဲ အငွေ့သက်လေးတွေ အနည်းနဲ့အများတော့ ကင်းမယ်မထင်ဘူးပေါ့နော်။
ဒီနောက်ပိုင်း မြန်မာကားတွေကတော့ မကြည့်ဖြစ်ဘူးရှင့်။
ဝေဖန်ရင်လည်းခံရမှာပါပဲ ချစ်ကြိုက်ကွဲနဲ့ပဲ ပြီးနေတော့တာမို့။ ဘာရသမှမပါသလို ပြောရရင် ရုပ်ရှင်တကားအတွက်ပေးလိုက်တဲ့ အချိန် ၂နာရီမှာ ကိုယ့်အတွက် ဘာမှမကျန်ခဲ့ရင် ...
အဲလိုတကိုယ်ကောင်းဆန်တဲ့အတွေးလည်းပါမယ်။
ကောလိပ်ဂျင်ကားတွေကမှကြိုက်ခဲ့သေးတယ်။
ကိုဝတုတ်ရေ ပီယာနိုတီးတတ်တာတော့ အားကျတယ်။
အနုပညာနဲ့ပတ်သက်ရင် အဆိုပဲရတယ် ဒါပေမဲ့ မြန်မာသီချင်းတော့မဟုတ်ဘူးနော် အဟားဟား
နောက်တာပါ မြန်မသီချင်းအများကြီးရပါတယ်။
အမျိုးသမီးကော ဆိုတတ်လား
ဒါနဲ့စကားမစပ် Inspiration Song ကို ပီယာနိုနဲ့တီးတဲ့
နှုတ်ခမ်းမွှေးတိုတို လူကို သိလားဟင်.
နာမည်မေ့နေတာ ခုပြန်မရှာတတ်ဖြစ်နေတာလေ...
သို့ နာမည်ကြီး အဆိုတော်တယောက်ယောက်ပေါ့
ကိုဝတုတ်ကစွယ်စုံရဆိုတော့
...
Saving Private Ryan ကို မကြိုက်ပါဘူး။ ရိုက်ထားတာတွေကတော့ technically အရမ်း အရမ်းကို ကောင်းပါတယ်။ meticulous ဖြစ်တယ်။ ဒါပေမယ့် ကြိုက်တဲ့ကားထဲမှာ မပါဘူး။ စစ်ကားမို့ မကြိုက်တာလည်း မဟုတ်ဖူး။ အကြိုက်ဆုံးကားတွေထဲမှာ စစ်ကားတကားဖြစ်တဲ့ Apocalypse Now လည်းပါတယ်။ Martin Sheen, Harrison Ford တို့အားလုံး အဲဒိထဲမှာ ငယ်ငယ်လေးတွေပဲ ရှိသေးတယ်။ အဲဒိကားက ခဏ ခဏပြန်ကြည့်ချင်တဲ့ကားပဲ။ ဒါပေမယ့် ရှည်လွန်းလို့ ပြန်ကြည့်ရမှာ ပျင်းတယ်။ youtube မှာတော့ ဒီအခန်းပဲ ချက်ချင်းရှာတွေ့တယ်။
http://www.youtube.com/watch?v=vHjWDCX1Bdw
Spielberg အကြောင်းကတော့ ကျော်နှင်းဆီလွင် ပြောသလိုပဲ သူ့အစွဲလေးနဲ့သူရှိတာ ဟုတ်ပါတယ်။ Spielberg ကို မကြိုက်ဘူးဆိုတာထက် သူ့ကို မကြိုက်တာကို statement of intent တခုအဖြစ် ပြချင်တာက ပိုများပါတယ်။ Schindler’s list ကတော့ အရမ်း ကောင်းပါတယ်။ အဲဒိအခန်းက theme music ရောမကြိုက်ဘူးလား။ မြန်မာကားတွေကတော့ မကြည့်ဖြစ်ပါဘူး။ ဗီဒီယိုလည်း မကြည့်ဖြစ်ဘူး။ ရုပ်ရှင်ဆိုလည်း ပြီးတဲ့အထိ ကြည့်ဖြစ်ပြီး မှတ်မိတဲ့ကားက ခပ်ရှားရှားရယ်။ သင်္ကြန်မိုးနဲ့ ဒဏ္ဍာရီလောက် ရှိတာ။ ‘ကျွန်တော် မကောင်းဘူး’ ကတော့ သူငယ်ချင်းတွေက မင်းကျိန်းသေ ကြိုက်နိုင်တယ် ဆိုပြီးပြောလို့ ကြည့်ဖြစ်သွားတာ။ ကြိုက်မကြိုက် မသဲကွဲပေမယ့် အမှတ်တရတော့ ဖြစ်ကျန်ခဲ့တာ သေချာတယ်။ အရှေ့  တောင်အာရှနိုင်ငံတွေမှာ ဗီယက်နမ်က ဒါမှမဟုတ် ဗီယက်နမ်နဲ့ ပတ်သက်တဲ့ကားတွေက မိုက်တယ်ထင်တယ်။ sophisticated ဖြစ်တယ်။ ဒါကလည်း ဒါရိုက်တာတွေက ပြင်သစ် အငွေ့အသက် မကင်းကြလို့ ဖြစ်နိုင်ပါတယ်။ ကျွန်တော့်မိန်းမ MA လုပ်တော့ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ course တခုယူတယ်။ အဲဒိမှာ ကျွန်တော်လည်း သူနဲ့ရောပြီး အရှေ့ တောင်အာရှက ရုပ်ရှင်အတော်များများကြည့်ဖြစ်တယ်။ ဗီယက်နမ်နဲ့ တချို့ ကမ္ဘောဒီးယား ရုပ်ရှင်တွေက အဆင့်အတန်းမြင့်တယ်လို့ ခံစားမိတယ်။ ကျွန်တော်က ကြီးကျယ်တယ်ပြောပြော နိုင်ငံရေး message ဒါမှမဟုတ် society နဲ့ပတ်သက်ပြီး critique လုပ်ထားတဲ့ message ပါတဲ့ ရုပ်ရှင်တွေ၊ ပြဇာတ်တွေကိုပဲ ကြိုက်တယ်။ အဲဒါကြောင့်ပဲ သမိုင်းနောက်ခံ၊ နိုင်ငံရေး နောက်ခံထားတဲ့ ကားတွေကို ကြိုက်တာ။ ဥပမာ ခုခေါင်းထဲပေါ်လာတာဆို No Man’s Land နဲ့ Rabbit-Proof Fence ရှိတယ်။ youtube မှာရှိမလားမသိဘူး။ အိမ်မှာတော့ ရှိတယ်။ ပြဇာတ်လည်း အလားတူပဲ။
ဂီတကိုတော့ ရုပ်ရှင်တွေ၊ ပြဇာတ်တွေထက် အများကြီးပိုခံစားဖြစ်တယ်။ မြန်မာဂီတက စာသားကပိုအားကောင်းပြီး တူရိယာပိုင်းက အားနည်းတယ်။ ကျွန်တော်တို့ဆီမှာ seven octave အပြည့်ရှိတဲ့ တူရိယာ ဘာရှိလဲမသိဘူး။ နောက် composition ကလည်း ရိုးရိုးကြီး။ ဗမာသီချင်းတွေအားလုံးကို ဥပမာမြို့ မငြိမ်းသီချင်းတွေကို သီချင်းထက် စာသားတွေနဲ့ ထောက်ထားတယ်လို့ မြင်မိတယ်။ ဒါ့ကြောင့် ဗမာသီချင်းမှာ စာသားကို ပီပီသသနဲ့ သစ္စာရှိရှိဆိုတတ်ဖို့ အရေးကြီးတယ်လို့ ထင်တယ်။ ဗမာက ဟိုးကတည်းက ကဗျာတွေ၊ လင်္ကာတွေမှာ အားကောင်းခဲ့လို့ ဒီအချက်က ဂီတမှာလည်း လာပေါ်ပုံရတယ်။
ပြဇာတ်မှာလည်း အလားတူပဲ။ ဆဒ္ဒန်ဆင်မင်းတို့၊ ဝေသန္တရာတို့က ဇာတ်လမ်းက ဒီလောက်မဟုတ်ဘဲ စာသားတွေက သိပ်ထိ၊ သိပ်အားကောင်း၊ သိပ် powerful ဖြစ်တယ်လို့ မြင်မိတယ်။ ဥပမာ Oedipus the King တို့၊ ခု recent ဖြစ်တဲ့ထဲမှာဆို Arthur Miller ရဲ့ Death of a salesman လိုမျိုးကို ဗမာတွေထဲက ရေးနိုင်မယ့်သူကို သတိမထားမိဘူး။ Oedipus ကို ဆိုဖီးကလီးက ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်ထောင်ကျော်က ရေးတာ။ သူတို့ အနုပညာက ဘယ်လောက် ရှေးရောက်သလဲဆိုတာ စဉ်းစားသာကြည့်။
http://www.youtube.com/watch?v=WS9KJ_bAJLE
တူရိယာကတော့ နည်းပညာတိုးတက်မှုနဲ့လည်းဆိုင်တော့ အနောက်တိုင်းက ပိုသာတာ တနည်းတော့ အံအားသင့်စရာ မရှိဘူးထင်တယ်။ သူတို့က ဂီတတူရိယာပိုင်းမှာ ကျွန်တော်တို့ထက် အပုံကြီးသာတယ်။ အသံပိုစုံသလို composition လည်းအများကြီး ပိုပြီး sophisticated ဖြစ်တယ်။ နှစ်မျိုးလုံးကို သူ့ဟာနဲ့သူ သဘောကျပါတယ်။ မိန်းမက သီချင်းကို ကျွန်တော့်လောက် ၀ါသနာမကြီးဘူး။ ကျွန်တော်က ခုနောက်ပိုင်း classic တွေကိုပဲနားထောင်တာများတယ်။ ပီယာနိုက ကျွန်တော့်ရဲ့ အကြိုက်ဆုံး တူရိယာပစ္စည်း။ အကြိုက်ဆုံး pianist နှစ်ယောက်က Arrau နဲ့ Kissin။ Kissin ကိုစကြားဖူးတော့ သူ့အသက် ကိုးနှစ်ဆယ်နှစ်သားက လက်သံကို စကြားဖူးတာ။ Claudio Arrau ကတော့ သေသွားရှာပြီ။ Kissin ကတော့ ကျွန်တော့်ထက် လေးနှစ်ကျော်ကြီးတယ်။ ကျွန်တော့်ရဲ့  အကြိုက်ဆုံး composer ရဲ့  အကြိုက်ဆုံး piano concerto ကိုအကြိုက်ဆုံး pianist တီးတာ နားထောင်ရတာလောက် အရသာ ရှိတာမရှိဘူး။ youtube ပေါ်မှာအပိုင်း ငါးပိုင်းရှိတယ်။
http://www.youtube.com/watch?v=akc0v_KTZBM
နောက်တခါ Kissin ရဲ့ လက်သံကိုနားထောင်ချင်ရင်တော့ ဒီမှာ။ youtube မှာ တွေ့သမျှထဲမှာ ဒါကို အကြိုက်ဆုံးပဲ။
http://www.youtube.com/watch?v=eW2eahQfGTY&feature=related ဒီအပိုင်းက လေးမိနစ် သာသာပဲ ရှိတယ်။ ဒါပေမယ့် သူစင်ပေါ်တက်လာတဲ့ ပြကွက်၊ နောက် သူ့အဖိုး အရွယ် conductor ကြီးနဲ့တွဲထွက်လာတာကို သဘောကျလွန်းလို့ တင်ပေးလိုက်တာ။ နောက်တခုက http://www.youtube.com/watch?v=8oS7Gk7-KZ8 ဒီပြကွက်ကိုကြည့်တာ အခါတရာမကတောင် မကတော့ဘူးထင်တယ်။ မြန်မာသီချင်းတွေက notes ရှိရင် ကျင့်လို့ရမလားမသိဘူး။ ကျော်နှင်းဆီလွင်ပြောတဲ့ inspiration တော့မကြားဖူးဘူး။ နောက်ပိုင်း composer တွေထဲမှာတော့ Andrew Lloyd-Webber ကိုကြိုက်တယ်။ ကျော်နှင်းဆီလွင်လည်း သူ့သီချင်းတပုဒ်ကို တင်ထားတာ သတိထားမိတယ်။ Don’t cry for me Argentina ကိုတွေ့မိသလိုပဲ။
ကျွန်တော် စွယ်စုံမရပါဘူး။ မနေ့က ဂျပန်က သူငယ်ချင်းတယောက်နဲ့ chat လုပ်တော့ သူက ကားအကြောင်းတွေချည်းပြောတယ်။ ကျွန်တော်ကလည်း ကားဆိုစီးပဲစီးတတ်တာ၊ ဘာမှသိတာမဟုတ်ဖူး။ သူက ဘယ်ကားက အင်္ဂလန်မှာ ဈေးဘယ်လောက်ရှိလဲ စုံစမ်းခိုင်းတာ။ သူငယ်ချင်းပြောတာ သတိရလို့၊ သူက ‘မင်းက ဘာမှလည်းမသိဘူး’ တဲ့။
ညီမရေ
နေကောင်းလား။
လာနှုတ်ဆက်ပါတယ်။
ခင်မင်လျှက်။
ကိုဝတုတ်ရေ
အတော်စုံတာပဲ
Oedipusက အတော်ကောင်းတာပဲ
ရိုက်ကွက်တွေထက်ကို တီးလုံးထဲမှာမြောသွားတယ်။
inspiration ကလည်း ညီမကသိပ်နားမလည်လို့ နားလည်သလိုပြောလိုက်တာပါ။ အဲလောက်ကြီး သီးသန့်တခုခွဲထားပုံတော့မပေါ်ဘူး။
http://www.youtube.com/watch?v=WrQiWoxbvyk&feature=related
အဲလိုမျိုးပေါ့။
မြန်မာသီချင်းတွေက notes ရှိရင် ကျင့်လို့ရမလားမသိဘူး။
အဲဒါတော့သိပ်နားမလည်ဘူး။
Andrew Lloyd-Webber လည်း နားထောင်ကြည့်လိုက်တယ်။
အိုး အဲလိုမျိုးလည်း ကြိုက်တယ်။
ကျေးဇူးပါကိုဝတုတ်ရေ မသိတာတွေအများကြီးသိရတတယ်။
လူတိုင်းတနေရာတော့ အားနည်းချက်ရှိတာပါပဲ။ ဒါကို သိခြင်းမသိခြင်း လက်ခံခြင်းလက်မခံခြင်းသာကွာတာမို့..
ဆိုရရင် ညီမလည်း မသိတာအတော်များတာ။
:D
မမွန်ရေ
လာလည်တာကျေးဇူးပါ
ညီမလည်းခုတလော အသက်မရှုနိုင်ဖြစ်နေတယ်
နည်းနည်းအလုပ်ရှုပ်တာကိုပြောတာပါ
အတင်စားလွန်သွားဦးမယ်
:D
ကိုဝတုတ်ရေ
အချိန်ရရင် ဒါလေးလည်းနားထောင်ကြည့်ပါဦး
အမလည်း ဒါမျိုးဆို ကြိုက်ရင်ကြိုက်မှာ
:)
http://www.youtube.com/watch?v=QJhVM930YXY&feature=related
hmmmm...
it looks and sounds eerie but i must admit it's very powerful.. is it part of a film?
ဟုတ်တယ် ကိုဝတုတ်ရေ ဂျပန်ကမစ်ဆူဘီရှီထောင်ခဲ့တဲ့သူဌေးတို့ အဲဒီ့ခေတ်က သမိုင်းကြောင်း ကို ရိုက်ထားတဲ့ကားကပေါ့။ :)
ညီမရေ
မင်္ဂလာပါ။
ကော်မန့်လာရေးပေးသွားတာ ကျေးဇူးနော်။
လျှာကိုက်မိတာပေါ့။
သိပြီ။ သိပြီ။
ခင်မင်လျှက်
ဆော်ရီး ဆရာမရေ.. အဲဒိရုပ်ရှင်နံမယ်ကို ခုထိရှာမတွေ့ လို့။ ပြောလို့ရမလား.. The host of Seraphim ကသီချင်းနံမယ်ထင်တယ်။
ကားနာမည်က 竜馬伝 (ryoumaden) ဆိုတဲ့ SaKaMoTo RyooMa ဆိုသူရဲ့အတ္ထုပတ္တိကို NHK က ရိုက်ထားတဲ့ကားပေါ့
ဂျပန်မှာ အပတ်တိုင်း တနင်္ဂနွေည၈နာရီဆိုလာနေကျပေါ့ ခုတလော...
သီချင်းနာမည်တော့ ကိုဝတုတ်ပြောမှသိတော့တယ် ကျေးဇူးပါကိုဝတုတ်ရေ..
မမွန်ရေ
သိသွားပြီလား
လည်လည်လာတာကျေးဇူးနော်မ
:D
ညီမ ရေ အသစ်မတင်သေးဘူးလား
အမလင်ခ် ပြောင်းချိတ်ပေးအုန်းနော် http://www.shwezinu.com
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ