♪♪.ကျော်နှင်းဆီလွင်.♪♪

Feb 14, 2010

Autocad software ၀ယ်ယူခြင်း


တကယ်လို့များ ကွန်ပျူတာဆော့ဖ်ဝဲလ်သုံးရတဲ့ ပညာရပ်တခုခုကိုသင်ယူမယ်ဆိုရင်
မြန်မာပြည်မှာရှိတုန်း သင်ယူတာ အကောင်းဆုံးလို့အကြံပြုလိုပါတယ်။

ဒီမှာအော်တိုကဒ်သင်တော့ အိမ်မှာပြန်လေ့ကျင့်ဖို့ အင်တာနက်မှာရှာတော့
၁လအစမ်းသုံးအစီစဉ်ရှိတာမို့ ဆော့ဖ်ဝဲလ်ကို downloadလုပ်ပြီးသုံးပါတယ်။
၁လပြည့်သွားတော့ ကျောင်းသားတွေအတွက် ၁နှစ်ကာလကြာ သုံးနိုင်တဲ့ ဆော့ဖ်ဝဲလ်ကို
ဝယ်သုံးလို့ရတာမို့ အဆင်ပြေသွားပါတယ်။
လိုတာကလည်း ဂျပန်versionမို့ ၀ယ်ရုံကလွဲပြီးမရှိပါဘူး။
ဒါတောင် ကျောင်းက ထောက်ခံစာ၊ မိမိရဲ့ ခံဝန်ချက် စတာတွေကို scanဖတ်ပြီး ရောင်းတဲ့
companyဆီ မေးလ်ပို့ရပါတယ်။

အဲတော့သူက အိမ်ကို စာပို့ပါတယ်။ ဘယ်accountကို ငွေသွင်းပါဆိုပြီး။ သွင်းပြီး၁ပတ်ခန့်အကြာမှာ
အိမ်ကို ဆော့ဖ်ဝဲလ်ပါတဲ့ စီဒီပို့လာပါတယ်။

  
အဲဒါကို အင်စတောလုပ်ပြီး အင်တာနက်ကနေ ပြန်activateလုပ်ပြီးရင်တော့ သုံးလို့ရပါတယ်။

အော်တိုကဒ်ကတော့ ၁နှစ်ကာလကို ၇၅၀၀ယမ်းခန့် solidworksကတော့ ၂နှစ်စာကို ယမ်း၁၀၅၀၀ဖြင့်
ဝယ်ယူရကြောင်းပါ။

ဒီမှာကတော့ဘာထက်မဆိုဈေးကြီးတာက ဆော့ဖ်ဝဲလ်ပါ။

 

အမှတ်တရ စာသင်ခန်းလေးပါ။

အားလုံးပဲချစ်သူများနေ့မှာ ချစ်သူခင်သူတွေနှင့် ပျော်ရွှင်နိုင်ကြပါစေ။



2 comments:

လသာည said...

ရောက်ခဲ့ပါတယ် ညီမရေ..
ဗဟုသုတရစေတဲ့ပိုစ်လေးအတွက် ကျေးဇူးအများကြီးတင်ပါတယ် :)

khun said...

အောင်မလေး... ကြီးလိုက်တဲ့ဈေးတွေ။
software ကိုအဲ့လို ၀ယ်မသုံးဖူးဘူး မရယ်။
အမြဲအလကားရလို့ဒေါင်းတာနဲ့ သူများနားကရလို့ယူတာ
ဘဲသုံးတယ် ဟဲ....

金曜日楽しみにしています。

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews