မနက်ကမေးလ်တစောင်လာလို့ကြည့်လိုက်တော့ အရင်ကဖုံးကဒ်ဝယ်ဖို့ဈေးနှုန်းတွေ
သွားကြည့်ဖူးတဲ့ Talksterမှပို့လာတာဖြစ်ပါတယ်။
X'maX မို့ထင်ပါတယ်။ မြန်မာပြည်က အိမ်ဖုံးကိုပဲဖြစ်စေ၊ လက်ကိုင်ဖုံးကိုပဲဖြစ်စေ
၅ဒေါ်လာဖိုး ၅မိနစ်ခန့်ဖုံးပြောခွင့် လက်ဆောင်ရပါတယ်။
ဖောင်ဖြည့်ရပြီး မိမိလက်ကိုင်ရဲ့လက်ကိုင်ဖုံးနံပါတ်လည်းဖြည့်ရပါတယ်။
ပြီးရင် သူက မိမိ ၀င်ထားတဲ့ဆိုဒ်ထဲမှာ ဘယ်နံပါတ်ကိုခေါ်မလဲဆိုတာ ဖြည့်ရပါတယ်။
မြန်မာပြည်ဆိုတော့ အိမ်ဖုံးဆိုရင် 00951(အိမ်ဖုံးနံပါတ်-ရန်ကုန်ဆိုရင်၆လုံး)
လက်ကိုင်ဖုံးဆိုရင် 0095(လက်ကိုင်ဖုံးရှေ့က 0 ၁လုံးဖြုတ်ပါတယ် 90 or 95 or 99 or 80) (လက်ကိုင်ဖုံးနောက်ဆက်တွဲနံပါတ်)ဖြည့်ပါတယ်။
ပြီးရင်သူက Local Phone Numberတခုပေးပါတယ်။ ကိုယ်က ဂျပန်ကဆက်တာမို့
ဂျပန်တိုကျိုနံပါတ်နဲ့စတာကိုဆိုဒ်ထဲမှာဖော်ပြထားပါတယ်။
ဒါ့အပြင်မိမိရဲ့လက်ကိုင်ဖုံးကို ချက်ချင်းပဲ SMS ပို့ပေးတာမို့ အဲဒီထဲမှာ ဆိုဒ်မှာဖော်ပြပေးတဲ့
မိမိဆက်ရမဲ့ Local Phone Numberကိုဖော်ပြပေးထားတာမို့ အဲဒီနံပါတ်ကိုဆက်လိုက်ရင်ပဲ
ချက်ချင်း မြန်မာပြည်ကဖုံးထဲတန်းဝင်သွားပါတယ်။
တခုရှိတာက မိမိစာရင်းသွင်းခဲ့တဲ့ဖုံးကို SMSလာမှာဖြစ်ပြီး အဲဒီဖုံးဖြင့်သာခေါ်ဆိုခွင့်ရှိကြောင်းပါ။
အဲလိုနဲ့သူ့ဖုံးရောကိုယ့်ဖုံးရော၁ကြိမ်ဆီဖောင်ဖြည့်ပြီး ယနေ့မနက် အိမ်ကို ၂ကြိမ်ဖုံးဆက်လိုက်ပါ
တယ်။ တခြားက၀ယ်ထားတဲ့ လက်ကျန်ဖုံးကဒ်ကိုတော့ နှစ်ကူးညမှာ နယူးရီးယားလို့
လှမ်းအော်ဖို့သိမ်းထားလိုက်တာပေါ့။
ခေတ္တလက်ဆောင်ပေးတဲ့စနစ်မို့ သုံးလိုလျှင် ဒီကို အမြန်သွားကြည့်သင့်ကြောင်းပါ။
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ
Dec 26, 2009
ဖုံးအခမဲ့ပြောလိုလျှင်
9:53 AM
ကျော်နှင်းဆီလွင်
Total Pageviews
URL Address
Categories
- ကုန်ပစ္စည်းအညွှန်း (8)
- ကျန်းမာရေးနှင့်ဆေးဝါး (3)
- ဂျပန်ဘာသာ (8)
- ဂျပန်ဘာသာသတင်းများ (7)
- ဂျပန်မှာ (93)
- ဂျပန်သတင်း (22)
- ဂျပန်အစားစာ (12)
- ဂျပန်ဈေးဝယ်အညွှန်း (11)
- မြန်မာအစားစာ (7)
- ဘာသာပြန်သတင်း၊ဆောင်းပါးများ (2)
- ရုပ်ရှင်အညွှန်း (6)
- သတင်းစကား (3)
- သိသမျှကြုံသမျှ (31)
- သီချင်း (4)
- ဟင်းခတ်အမွှေးကြိုင် (3)
- ဟင်းအိုး (25)
- အတိုအစလေးများ (53)
- အခြားအစားစာ (4)
- အိမ်ရှင်မတို့သိမှတ်ဖွယ် (8)
- ဥပဒေရေးရာ (7)
- ဈေးဝယ်အညွှန်း (1)
- ဖျော်ဖြေရေး (7)
Posted in


0 comments:
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ