♪♪.ကျော်နှင်းဆီလွင်.♪♪

Aug 21, 2011

ဗမာ့စောင်း ・ ビルマの竪琴

ကျမကိုဘယ်နိုင်ငံကလာသလဲလို့အမေးခံရတိုင်း မြန်မာလို့ပြန်ဖြေတဲ့အခါ အရင်က
ဘိရုမာလားဆိုတဲ့မေးခွန်းနှင့်အတူ ဟုတ်တယ်လို့ပြန်ဖြေလိုက်တိုင်း အရွယ်ရသူ
ဂျပန်လူကြီးအတော်များများဟာ ဘိရုမာလို့ဆိုတာနှင့် ဘိရုမာနော့တတဲဂိုတိုရုပ်ရှင်ကို
ကြည်ဖူးတယ် လို့ ဆိုရင်း မြန်မာပြည်ကိုသိနေတတ်ကြတာများပါတယ်။
ကြည့်ဖြစ်အောင်ကြည့်ဦးမယ်လို့စိတ်ကူးရင်း ဇာတ်လမ်းကကာလအတော်ကြာက
ရိုက်ထားတဲ့ကားမို့ မကြည့်ဖြစ်ပါဘူး။
ဒီနေ့တော့အားလဲအား အောင်အင်ဖိုမှာရေးထားတဲ့ဆောင်းပါးလေးသွားဖတ်ရင်း
အစဆွဲလိုက်မိသလို သတိတရနှင့်အဆုံးထိကြည့်မိသွားပါတယ်။
ဒီနေရာမှာ အကျဉ်းသွားဖတ်နိုင်ပါတယ်။

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11

ပုဂ္ဂလိကသုံးသပ်ချက်
ဇာတ်လမ်းမှာပါဝင်သော ဗမာလူမျိုးများဟာ ဗမာစကားပြောဆိုကြငြား ဂျပန်တွေချည်း
ဖြစ်ပုံပေါ်ပြီး ပြောကြားသောဗမာစကားတွေဟာ ဂျပန်သံအတော်ဝဲပြီး တချို့ကိုမြန်မာ
လူမျိုးစစ်စစ်ဖြစ်တဲ့ကျမတောင် နားလည်ရခက်ပါတယ်။
စစ်ပွဲရဲ့အနိဌာရုံတွေ၊ လူလူချင်းထားသောမေတ္တာတွေကိုတော့ ကြည့်ရှုခံစားစိတ်လှုပ်
ရှားရပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်


2 comments:

Kyaw Hnin Se Lwin said...

ကျမကြည့်မိတဲ့ကားက ဦးဆုံးရိုက်ထားတဲ့ကားဖြစ်ပြီး အဖြူမဲပါ။
နောက်ပိုင်းရိုက်တဲ့ကားက ကာလာနှင့်လည်းတကားရှိတယ်လို့သိရပါတယ်။
ပုံကို ကာလာနှင့်ကားကပုံတင်မိတာမို့ခွင့်လွှတ်ပါ

Han Kyi said...

မနှစ်က ရန်ကုန်ရောက်ဖြစ်တော့ အဲဒီဇာတ်ကားခွေကို လမ်ဘေးဆိုင်ကလေးတစ်ခုမှာ ရောင်းနေတာတွေ့လို့ မှတ်မှတ်ရရ ၀ယ်ကြည့်ဖြစ်တယ်...မြန်မာ့စိတ်ရင်းနဲ့ ရိုးရာယဉ်ကျေးမှုကို မဖော်ကျူးပေမယ့် ဂျပန်တစ်ယောက်ရဲ့ အနုပညာကို မြတ်နိုးစိတ်ကို ဖော်ကျူးတဲ့ဇာတ်ကား၊ စစ်ရဲ့ အနိဌာရုံတွေကို ဖော်ကျူးနိုင်တဲ့ ဇာတ်ကားလို့ ဆိုရပါလိမ့်မယ်...ဇာတ်ကားထဲက ဂျပန်သရုပ်ဆောင်ရဲ့ သရုပ်ဆောင်ပံကိုတော့ သဘောကျမိပါတယ်...

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews