♪♪.ကျော်နှင်းဆီလွင်.♪♪

Apr 8, 2012

လူဆိုသည်မှာ

တနေ့ကတီဗွီအစီစဉ်လေးတခုမှာကြည့်လိုက်ရတာပါ။ ကိစ္စအကြောင်းရာတခုနှင့်ပတ်သက်ပြီး
မိမိစိတ် ထဲရှိတာ နှုတ်ဖျားပေါ်အတော်နဲ့မထွက်ပါဘူး။ ကြောက်လို့ သတ္တိမရှိလို့မဟုတ်ပါဘူး။
မိမိထင်မြင်ယူဆချက်ဟာဘယ်အတိုင်းတာထိမှန်ကန်သလဲ။ မိမိမကြည့်မိတဲ့ထဲဘယ်ရှုထောင့်
က ကျန်ရစ်နေသလဲဆိုတာအပေါ် အပြည့်ဝယုံကြည်မှု မရှိလို့ပါ။မိမိတွေးခေါ်မှုအပေါ်ယုံကြည်
မှုအပြည့်ဝရှိတယ်ဆိုတဲ့အနေထားမျိုးကိုလည်းအားမကျသလို ဖြစ်လဲမဖြစ်ချင်ပါဘူး။ ဖြစ်မလာ
နိုင်တာသိလို့ပါ။ မိမိအတွေးမြင် ဟာ ၁၀၀ရာခိုင်နှုန်းမမှန်နိုင်ဘူးဆိုတာ သိထားလို့ပါ။ ဒါကြောင့်အထင်တွေ၊ အမြင်တွေကို ကိုယ်ထင်တိုင်း ရမ်းပြောလို့မရဘူး၊ မပြောခင် မိမိသာ ပြောခံရသူ
နေရာမှာဆို ဘယ်လမ်းကိုရွေးချယ်မလဲလို့အရင်တွေးပေးတတ်ဖို့လိုမှာပါ။ ဒါကြောင့်သုသေသန
ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေက နှစ်ရှည်စောင့်ကြည့်လေ့လာပြီး သုတေသနပြုထားသော
အကြောင်းရာတွေကို တင်ဆက်ပေးသောယင်းTVအစီစဉ်တွေကိုအလွန်နှစ်သက်မိပါတယ်။

ဆက်ရလျှင် တကမ္ဘာလုံးသိခဲ့ကြတဲ့အမှုခင်းတခုဖြစ်တဲ့地下鉄サリン事件(Subway Sarin
Attack)မည်သူမည်ဝါမရွေးသော ဘူတာ၅နေရာရှိ မြေအောက်မီးရထားတွင်း တပြိုင်တည်း
စရင်းဂတ်စ်နှင့်လူအစုလိုက်အပြုံလိုက်လုပ်ကြံသတ်ဖြတ်မှု မှုခင်းဟာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ
၁၉၉၅ခုနှစ်၊ ၃လပိုင်း၊၂၀ရက်နေ့တွင်ဖြစ်ပွားခဲ့ပါတယ်။ဂျပန်နိုင်ငံသူနိုင်ငံသားတွေနှင့်တကမ္ဘာ
လုံးအံ့သြခဲ့ရတာကတော့ဒီမှုခင်းမှာ အဓိကပါဝင်ပတ်သက်သူတွေဟာ ပညာအရည်ချင်းမြင့်
မားသူတွေဖြစ်နေခြင်းရယ်ပါ။
အထူးသဖြင့်ယင်းစရင်းလူသတ်ဂတ်စ်ကိုဖော်စပ်ခဲ့သူ(တီထွင်သူမဟုတ်ပါ)ဟာ土谷 正実
(TsuChiYa MasaMi)ဖြစ်ပြီး၊ ၄င်းသည်筑波大学(TsuKuBa University)၊ 大学院化学研究
修士課程ဘွဲ့လွန်၊ ဓါတုဗေဒဘာသာရပ်၊ သုတေသနတန်းဘွဲ့ရရှိခဲ့သူဖြစ်သည်။ ယင်းအပြင်၊
အခြားပါဝင်ပတ်သက်သူများသည်လည်း ၄င်းကဲ့သို့ ပညာထူးချွန်သူများဖြစ်သည့်အတွက်
လူအများအံ့သြခဲ့ရသော မှုခင်းဖြစ်ပေသည်။

ယင်းမှုခင်းကိုကြိုးကိုင်ခဲ့သည်မှာ オウム真理教 OumuShinRiKyoo ဟုခေါ်သည့်ဥာဏ်ရည်
လွန်အသင်းကြီးဧ။်ခေါင်းဆောင်ဖြစ်ပြီး၊ အမည်မှာ 松本知子ဖြစ်ပါသည်။

တီဗွီအစီစဉ်မှာအဓိကသုတေသနပြုလေ့လာသွားတာကတော့ လူအမြောက်အများကိုသေကြေ
ပျက်စီးစေခဲ့သော စရင်း sarinဂတ်စ်ကို ဖော်စပ်ခဲ့သူ အသင်းဝင်TsuChiYa MasaMi ဧ။် သမိုင်း
ကြောင်းနှင့်အတူ၊ စိတ်ပိုင်းဆိုင်ရာ သုတေသနအကြောင်းဖြစ်ပါသည်။

သုတေသန(လက်တွေ့စမ်းသပ်ခြင်း)
ဘာကြောင့် ပညာတတ် ဥာဏ်ရည်မြင့်မားသူတစ်ဦးက လူတွေကိုသတ်ဖို့ အဆိပ်ငွေ့ကို ဖော်စပ်
ခဲ့သလဲဆိုတဲ့ အကြောင်းရင်းကို သုတေသနပြုထားခြင်းရယ်ပါ။
ယင်းသုတသနဟူသည်မှာ သုတေသနအစီစဉ်တွင်ပါဝင်ရန်အတွက် အချိန်ပိုင်းလုပ်ခဖြင့် ၀န်ထမ်း
ရွေးချယ်ခေါ်ယူခန့်အပ်ပြီး၊ ယင်းတို့ကို အုပ်စုနှစ်စုခွဲလိုက်သည်။
တစ်စုမှာ အချုပ်ခန်းထဲတွင်နေရသော အချုပ်ခံ အကျဉ်းသားများဖြစ်ပြီး၊ တစ်စုမှာ ယင်းတို့ကို
စောင့်ကြည့်ထိန်းချုပ်ကွပ်ကဲရသော ရဲအုပ်စုဖြစ်သည်။
ဦးဆုံးရက်သည် အကျဉ်းသားများကလည်းအေးအေးဆေးဆေးနေကာ၊ ရဲများကလည်းအထက်က
ညွှန်ကြားထားသည့်အတိုင်းပြုမူကာ ပြဿနာမရှိပဲ ကုန်လွန်သွားပေသည်။
ဒုတိယနေ့တွင်မှု ရဲများသည်သြဇာအာဏာကိုစတင်အသုံးပြုလာပြီး၊ အကျဉ်းသားများကလည်း
စတင်ဖီဆန်စကား ပြောဆိုရာမှအရှိန်မြင့်လာပြီး လက်တွေ့အကျဉ်းခန်းများစနစ်ကဲ့သို့ဒဏ်ပေး
စနစ်ကိုပါအသုံးပြုလာပြီး၊ ဆူပူသောင်းကျန်းသူကို အုပ်စုလိုက်ဝိုင်းဖမ်းတာမျိုး၊စကားနားမထောင်
သူ၊ပြန်ပြောသူကို ဒဏ်ပေးတာမျိုးနှင့် အခန်းပြင်ထွက်ခွင့်မပြုတော့ပဲ အခန်းတွင်းအိမ်သာသွား
ခိုင်းတာမျိုးတွေ လုပ်လာပေသည်။အကျဉ်းသားများသည် ဘာသုတေသနလဲကွ၊ ဒီလိုအချိန်ပိုင်း
အလုပ်မျိုးမလုပ်ဘူး ကဲ့သို့သောဆူပူသောင်းကျန်းမှုများကို တင်းကျပ်စွာ နှိမ်နင်းကိုင်တွယ်မှုများ
ပြုလုပ်လာသည်။ ဤသို့ဖြင့် အကျဉ်းသားများသည်ရုပ်ပိုင်းဆိုင်ရာတွင်မက စိတ်ပိုင်းဆိုင်ရာပါ
ချိနဲ့လာပြီး တင်းကျပ်စွာထိန်းချုပ်မှုခံလာရတော့သည်။
သုံးရက်မြောက်နေ့တွင်မူကား အကျဉ်းထောင်အစစ်နှင့်မခြားသောပုံစံဖြစ်လာပြီး၊သုတေသန
ပညာရှင်များက အခြေအနေကိုမေးမြန်းစစ်ဆေးရန် အကျဉ်းသားများကို ခေါ်ယူစကားပြောသော
အခါတွင် ၄င်းတို့သည် အမည်ဘယ်လိုခေါ်သလဲဟုမေးခြင်းကိုပင် ထောင်ကျအကျဉ်းသားပုံစံ
အတိုင်း နံပါတ်စဉ်နှင့်တွဲကာဖြေကြလေတော့သည်။
ဤသို့ဖြင့်နှစ်ပတ်ခန့်ပြုလုပ်ရန်စီစဉ်ထားသော သုတေသနသည် ၃ရက်မြောက်နေ့တွင်ပြီးဆုံး
သွားပေတော့သည်။

TsuChiYa
အချုပ်အားဖြင့်ဆက်ရလျှင်၊TsuChiYa သည် လူကုံထံမိဘတွင် မွေးဖွားလာသူဖြစ်ပြီး၊ ငယ်စဉ်
ခလေးဘ၀မှစ၍ ပညာရေးတွင်မက အားကစားဘက်တွင်လည်းထူးချွန်သူဖြစ်ပြီး၊ အထက်တန်း
ကျောင်းသားဘ၀မှာရည်မှန်းခဲ့သည့်အတိုင်းTsuKuBa Universityသို့ဝင်ခွင့်ရရှိခဲ့သည်။
ယင်းနောက်ခြေထောက်တွင်ဒဏ်ရာရရှိကာ အမျှော်လင့်ကြီး မျှော်လင့်ထားသောအားကစား
ကို ရပ်နားလိုက်ရပြီး၊ ချစ်သူအမျိုးသမီးနှင့်လည်းလမ်းခွဲသည့်အခြေနေသို့ရောက်ရှိသွားသည်။ တနည်းဆိုရသော် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုမှာ ယင်းအချိန်တွင် အစပျိုးဖြစ်ပွားလာခြင်းပင်။
တက္ကသိုလ်ဘွဲ့ရပြီးနောက် ဘွဲ့လွန်တက်ကာ သူငယ်ချင်းအသီးသီးအလုပ်ကိုယ်စီသတ်မှတ်ပြီး
(ဂျပန်တွင်ကျောင်းမပြီးခင်တနှစ်အလိုမှစကာအလုပ်ရှာဖွေရွေးချယ်သတ်မှတ်ခံရလေ့ရှိသည်)
ချိန်တွင် မိမိမှာအလုပ်မသတ်မှတ်သေးပဲ၊ပါရဂူတန်သို့ဆက်လက်တက်ရောက်ခဲ့ပေသည်။
ယင်းအချိန်တွင် မထင်မှတ်ပဲ သူငယ်ချင်းတဦးနှင့်အတူဥာဏ်ရည်မြင့် (preternatural power)
အသင်းဧ။်စုဝေးပွဲအား သွားရောက်ခဲ့ရာမှစတင်ကာအသင်းဝင်ဖြစ်လာသူဖြစ်သည်။ အသင်းမှ
ပညာရေးနောက်ခံမြင့်မားကောင်းမွန်သောTsuChiYaကို အလေပေးဆက်ဆံခြင်းအပေါ်
သာယာလာပေသည်။ ယင်းနောက် အထူးအသင်းဝင်အနေဖြင့် လေ့ကျင့်ဖတ်ရှုရန်၊ နားထောင်
ရန် တိတ်ခွေများအသင်းခေါင်းဆောင်ဧ။်ပုံများ၊ဆောင်ပုဒ်များကိုဈေးကြီးသော်လည်း အကြွေးဖြင့်ရောင်းချပေးလေသည်။
ယင်းအကြွေးကိုဆပ်ရန်အတွက် TsuChiYa သည် မနက်ပိုင်းတွင်စာပြသည့်အလုပ်များ၊ ညပိုင်း
တွင်လမ်းပြင်ရာတွင် အစောင့် စသည့် အချိန်ပိုင်းအလုပ်အမျိုးမျိုးကိုလုပ်လေသည်။ စိတ်ပိုင်းဆိုင်ရာတွင်သာမကရုပ်ပိုင်းဆိုင်ရာပါချိနဲ့လာသောအချိန်တွင် အသင်းခေါင်းဆောင်မှ
တွေ့ခွင့်ပြုဖို့ ရွေးချယ်ခံရပေသည်။

ယင်းနောက် ယင်းအသင်းဧ။် အဓိကအဖွဲ့ဝင်ဖြစ်လာပေသည်။ TsuChiYa ဧ။် အသင်းဝင်ရာထူး
မှာ 第二厚生省大臣 (Vice Ministery of Welfare)လူမှုဖူလုံ(စောင့်ရှောက်)ရေး ဒုတိယ
ဝန်ကြီးဖြစ်သည်။ယင်းနောက်ပိုင်း အသင်းကြီးဧ။်လှုပ်ရှားမှုများနှင့်ယင်းအသင်းကိုစောင့်ကြည့်
သည့်ရှေ့နေမိသားစု သေဆုံးမှုစသည်တို့နှင့်အတူ အစိုးရမှစောင့်ကြည့်တင်းကျပ်လာသော
အခါ ယင်းကိုတုံ့ပြန်သည့်အနေဖြင့် အဆိပ်ငွေ့လူသတ်မှုကြီးပေါ်ပေါက်လာခြင်းဖြစ်ပေသည်။
ယင်းအဆိပ်ငွေ့ကိုဖော်စပ်ရန်တာဝန်ပေးအပ်ခံရသူမှာTsuChiYaဖြစ်ပြီး၊ လူမရွေးဘဲ လူတွေ
အမြောက်များ ကိုလုပ်ကြံသတ်ဖြတ်မှာသိလျှက်ပညာတတ်တစ်ဦးက ဘာကြောင့်အဆိပ်ငွေ့ကို
ဖော်စပ်ခဲ့သလဲဆိုသည်မှာ အားလုံးအတွက် ပဟေဠိတပုဒ် အလားဖြစ်ပေသည်။

အချုပ်
အကြောင်းရင်းမှာ ဖတ်ရှူသူလည်း အထက်ပါသုတေသနနှင့် TsuChiYaအကြောင်း စာပိုဒ်နှစ်ပိုဒ်
ကိုဖတ်ရှုခြင်းအားဖြင့် နားလည်နေလောက်ပြီဟုထင်ပါသည်။
အဓိကအကြောင်းရင်းကြီးနှစ်ခုမှာ
(1)စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာချိနဲ့လာသည့်အချိန်တွင် Mind Controlဟုခေါ်သော
စိတ်ပိုင်းဆိုင်ရာကို ထိန်းချုပ်ဖို့လွယ်ကူလာသည်။
(2)လူဟူသည် ရာထူးပေးအပ်လိုက်သောအခါ (တနည်း) ပတ်ဝန်းကျင် ပြောင်းလဲသွားသော
အခါတွင် ပုံစံခွက်ထဲချလိုက်သကဲ့သို့ ပြောင်းလဲသွားကြပေသည်။

ယင်းTVအစီစဉ်ကိုကြည့်ပြီး အများကြီး ဆက်စပ်စဉ်းစားမိသည်။
မြန်မာနိုင်ငံသည် ဧပြီတစ်ရက်နေ့ကကျင်းပသွားခဲ့သော လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်
မဲပေးပွဲနှင့်အတူ ပျော်ရွှင်နေကြသော ပြည်သူပြည်သားများနှင့် အမျိုးမျိုးကွဲပြားသောအသံတွေ
လည်း လွင့်ပျံ့နေပေသည်။ မြန်မာပြည်ဧ။်သမိုင်းကိုပြန်လည်စဉ်းစားလိုက်သည့်အခါတိုင်း
လူမျိုးရေးကိုအခြေခံကာ အဖွဲ့ကွဲ၊အုပ်စုကွဲ တိုက်ခိုက်လာသည်မှာလွတ်လပ်ရေးရပြီးနောက်
တင်မဟုတ်ပဲ သီပေါမင်းလက်ထက် မတိုင်မီတည်းကပင်ဖြစ်သည်။ ယင်းကဲ့သို့ဖြစ်ရပ်မျိုးသည်
မြန်မာပြည်တစ်ခုတည်းတွင်မဟုတ်ပဲ သက်ဦးဆံပိုင်ဘုရင်စနစ်ကိုကျင့်သုံးသည့်နိုင်ငံနှင့်
လူမျိုးအုပ်စုကွဲရှိသောနိုင်ငံတိုင်းတွေ့ကြုံရလေ့ရှိသော သမိုင်းမျိုးပင်။
ဆိုလိုသည်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းနှင့်အသင်းဝင်များအပေါ်သရော်ခြင်းများအပေါ်
ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်ဆုံးမသည့်စကားမှာ အလွန်ကို လေးစားမိပါသည်။
ရပ်ကွက်ရုံးကိုဧည့်စာရင်းတိုင်ဖို့သွားတဲ့အခါ ထောင့်ကလေးမှာ ခပ်ကုပ်ကုပ်နှင့်ဆယ်အိမ်မှူး
တွေ၊ ပြာတာစာရေးတွေရဲ့ ဟောက်စားခံရတဲ့ ဆင်းရဲတဲ့လူတဦးဟာ ကြံ့ဖွံ့အသင်းဝင်ပြီး
လူတွင်ကျယ်လုပ်ခွင့်ရမယ့် အနေထားမျိုးကိုကြုံလာတဲ့အခါ အသင်းဝင်ဖြစ်ဖို့မဖြစ်ဖို့
သူဘယ်လမ်းကို ရွေးချယ်မယ်လို့ ထင်ပါသလဲ။ သည်လိုဥပမာပေးတော့ ဒါဆို တချို့ဂုဏ်သရေ
ရှိလူကြီးတွေကကော ချမ်းသာလျှက် ဘာလို့လုပ်ကြသလဲလို့မေးခံရမယ်ထင်ပါတယ်။
အဲဒါကလည်းအဲသည့်ချမ်းသာတဲ့ဂုဏ်သရေရှိ လူကြီးတွေမက်မောလောက်တဲ့အခွင့်ရေးမျိုးရလို့
ပေါ့လို့ဖြေရမှာပါပဲ။ ဒါကြောင့်အသင်းဝင်တိုင်းကို အရောင်မဆိုးလိုက်ဖို့နှင့် ပြည်သူတွေ ချစ်ခင်
ညီညွတ်ကြပါစေလို့ ဆုမွန်တောင်းပါတယ်ရှင်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်


10 comments:

မီးမီးငယ် said...

စိတ်ဝင်စားစရာတွေးတောစရာတွေ၊
တလှေကြီးဘဲ...။
ကိုယ်သာအဲဒီလိုနေရာမျိုးမှာရောက်ခဲ့ရင်...။
ဒီလိုများလုပ်မိနေမလားလို့ လည်းစဉ်းစားဖူးခဲ့တယ်။
ညနေကပြန်ရောက်ပြီး မအိပ်နိုင်ဘဲလျောက်လည်နေတယ်လေ။
:)))

ကျော်နှင်းဆီလွင် said...

မလုပ်တဲ့သူ လည်းရှိမှာပါ မမီး လေးစားစရာပါ။
ဒါပေမဲ့ သေချာတာကတော့ လုပ်တဲ့သူရာခိုင်နှုန်းများတယ် မ။
ညီမလည်း လုပ်ရင်လုပ်မိမယ် မလုပ်ဖူးလို့ အာမမခံနိုင်ဖူး။
သေချာနားဦးနော်
:)))

ဟန်ကြည် said...

မှန်တယ် ဒီကိစ္စက ထည့်စဉ်းစားသင့်တဲ့ အကြောင်းအရာ တစ်ခုခုပဲ...လျှာမြက်ပေါက်ပါစေ ဒါမျိုးလုပ်မစားဘူးဟေ့ဆိုတဲ့ လူတွေ ရှိမှာပါပဲ...ဒါပေမယ့် ဒါက လူနည်းစုပဲဖြစ်မယ်လို့ ယူဆမိတယ်...တိုင်းပြည်မှာ လတ်တလောအနေအထားအရ စာရိတမဏ္ဍိုင်ကလည်း သိသိသာသာကို ကျဆင်းနေလေတော့...ရပ်ကွက်ထဲမှာ ထဘီလှည့်ခိုးနေတဲ့ လူတစ်ယောက်ဆိုရင်လည်း တရားဝင်ခိုးခွင့်ရမယ့် ဒီနေရာမှာ ၀င်လုပ်ခွင့်ရရင် လုပ်မှာပါပဲ...ပို့စ်ထဲမှာ ပြောထားသလို ပါဝါလိုချင်တဲ့ လူတစ်ယောက်အနေနဲ့လည်း ပါဝါရဖို့ ၀င်လုပ်နိုင်တာပါပဲ...

တစ်ခုပဲ သတိရတယ်...စလေဦးပုညရဲ့ စာတစ်ပိုင်းတစ်စပါ...

- ပညာရှင်ဆိုကတည်း မွဲရင်ဖြင့် မိုက်ရတော့မယ် - တဲ့

ဒီအနေအထားကို သုံးသပ်မယ်ဆိုရင် အပြင်ကနေ သုံးသပ်တာထက် ကိုယ်တိုင်လက်တွေ့ကြုံလာတဲ့ ဖြစ်ရပ်ပေါ်မှာ အခြေခံပြီး သုံးသပ်မှ အမှန်နဲ့ ပိုနီးစပ်မယ်လို့လည်း ယုံကြည်မိတယ်...

ဘာရည်ရွယ်ချက်နဲ့ပဲ ၀င်လာဝင်လာ အုပ်စုရဲ့ သဘောအရ ပုံစံပြောင်းတတ်တာမို့ အဖွဲ့ဝင်ဖြစ်လာပြီးတော့ ရလာတဲ့ ပါဝါကို အလွဲသုံးစားလုပ်လာတာကတော့ သက်ဆိုင်တဲ့ အဖွဲ့အစည်းမှာ တာဝန်ရှိတယ်လို့ ထင်ပါရဲ့...ဘာကြောင့်လဲဆိုရင် လူကြားထဲမှာ လူရာဝင်ဖို့ ရည်ရွယ်ချက်ခပ်သေးသေးနဲ့ ၀င်လာတဲ့ လူတစ်ယောက်ဟာ သိသိသာသာ အရောင်ပြောင်းသွားပြီး အလွဲသုံးစားသမားတစ်ယောက်ဖြစ်လာရင် ဒါဟာ အဖွဲ့ရဲ့ ကြိုးကိုင်တာ ညံ့ဖျင်းမှုဆိုတာ သေချာနေလို့ပေါ့လေ...

ma said...

ညီမ ရေ ။မင်္ဂလာပါနော် ။အမက saitama ken မှာနေသူပါ ။အမ ရဲ့ ရောဂါဝေဒနာအတွက် koomonka (ဆရာဝန် )နဲ့  ကုသချင်တာ အမ ကဂျပန်လို မကျွမ်းကျင်တာမို့ (အင်္ဂလိပ်လိုလဲ မရပါဘူး )။ဖြစ်နိုင်ရင် ညီမ အနေနဲ့  အင်တာနက်ကနေ လိပ်စာလေးရှာပြီး လမ်းညွှန်ပေးလို့ ရမလား ။ကျေးဇူးတင်စွာဖြင့်

ကျော်နှင်းဆီလွင် said...

ကိုဟန်ကြည်ရေ
ဟုတ်ပါတယ်
မြန်မာပြည်မှာက မုန့်လုံးကိုသူ့အမေရိုက်သလိုပါပဲ
အကြောင်းရင်းကိုမြင်တတ်ဖို့သာအရေးကြီးပါတယ်

အမရေ
ကျမကို မေးလ်ပို့ပေးလို့ရမလား
မေးချင်တာတွေရှိတယ်
kyaw.hnin.se@gmail.comပါ
အမ နေတဲ့ဘူတာ၊ လမ်းကြုံအလုပ်တို့ဘာတို့သွားလေ့ရှိတဲ့ဘူတာ
ကျန်းမာရေးကဒ်ရှိမရှိ ဒါပေါ်မူတည်ပြီး သက်သာတာရှာပေးနိုင်အောင်ပါ။

Anonymous said...

ဒါဟာအလွန်နက်နဲတဲ့ကိစ္စပါ။
လူတစ်ယောက်ရဲ့ စိတ်အတွင်းဆုံးတစ်နေရာမှာရှိနေနိုင်တဲ့ဓါတ်သဘောကိုကိုယ့်ကိုကိုယ်တောင်မသိနိုင်ဘူးလို့ ကြားဘူးပါတယ်။
ကိုယ်လည်းအတွေးတွေဆက်သွားပြီကျော်ရေ။
အိုင်အိုရာ

Yeemon Thet said...

မတွေ့တာကြာလို့ လာချောင်းသွားပါတယ် မရေ ...;)

ミンアウン said...

လူဆိုတာကလဲ အခွင့်အရေးရရင် အသိစိတ်လွတ်သွားတတ်ပါတယ် အသိတရားမြဲတဲ့လူကတော့ ရှားတယ်လေ လောကကြီးမှာ အရာရာဆင်ခြင်သုံးသပ်နေရင်းတောင် အသိစိတ်လွတ်ပီးမှားခဲ့တာတွေလဲရှိခဲ့ဘူးကြတာပါပဲ အသိဥဏ်ကြွယ်ဝဘို့ ခုလို အတွေ့အကြုံမျိုးတွေကို ဖတ်ဖူးမှတ်ဖူးမယ်ဆိုရင်တော့ ကိုယ်တိုင်ရင်ဆိုင်လာရရင် ဘယ်လမ်းကိုရွေးမယ်ဆိုတာကို ကိုယ်တိုင်စဉ်းစားနိုင်မှာပါ အခွင့်အရေးရတိုင်းမိုက်မဲတဲ့လူကတော့ စဉ်းစားဥဏ်လဲမရှိဘူး မိမိရဲ့ ဂုဏ်သိခါလဲ ထည့်မစဉ်းတတ်တဲ့လူတွေပဲ အပစ်ပြောရအောင်လဲ သူမှာဘယ်လို စိတ်အနာရခဲ့တွေရှိခဲ့ဘူးလဲဆိုတာလဲ ရှိနေပြန်ရောဗျာ....ဘယ်လိုပဲဖစ်ဖစ်ပါဗျာ တိုက်ခိုက်ခြင်းတွေရပ်တန့်သွားစေချင်ပါတယ် မိမိရဲ့စကားတခွန်းက သူ့အတွက်ဘယ်လောက်တာသွားတယ်ဆိုတာ ပြောတဲ့သူကိုယ်တိုင်ရော ပြောသင့်လား လုပ်သင့်လားဆိုတာ ကိုယ်ချင်းစာ တရားလူတိုင်းထားနိုင်ရင် ဘယ်လောက်များကောင်းလိုက်မလဲ ငါ့ကိုအဲလိုပြောရင်ငါသာသူ့နေရာမှာဆိုငါရောခံနိုင်ရည်ရှိပါ့မလားလို့ လူတိုင်း တွေးကြည့်စေချင်တယ် ကို့ကိုကိုလဲအမြဲပြန်သုံးသပ်နေစေချင်တယ် ငါဘ၀မှာဘာတွေလုပ်ခဲ့လဲ ငါဘာတွေမှားခဲ့လဲ ဆိုတာပြန်တွေးနေရင် ပြောင်းလဲလာမယ်လို့ မျှော်လင့်ပါတယ်ဗျာ မြန်မာပြည်ကြီးထဲက မြန်မာပြည်သားတွေအားလုံး အမုန်းရန်ငြိုး တိုက်ခိုက်ခြင်းတွေ ကင်းဝေးကြပါစေလို့ Anemone

ミンアウン said...

အမ ရေ အကူအညီတောင်းချင်လို့ ပါ ဖုန်းနံပတ်ဖစ်ဖစ် သိပါရစေဗျာ

ကျော်နှင်းဆီလွင် said...

ကိုမင်းအောင်ရေ
တန်ဖိုးရှိတဲကမှတ်ချက်အတွက်ကျေးဇူးပါ
ကျမဖုံးကဒီမှာရေးရတာခက်တော့ အီးမေးလ်တချက်ပို့ပေးပါရှင်
kyaw.hnin.se@gmail.com

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews