ဘ၀မှာ လူရယ်လို့ဖြစ်လာလျှင် လူ့အသိုက်ဝန်းလူ့ဘောင်နှင့်ကင်းကွာလို့မရဘူးဆိုသလိုပါပဲ
မိဘဆွေမျိုး၊ ဖူးစာဖက်
အဲဒီနောက် လူမှုဘ၀ရဲ့အရေးအကြီးဆုံးပေါင်းသင်းဆက်ဆံမှုက သူငယ်ချင်းပဲပေါ့။
တခါတရံချစ်သူတွေ၊ အိမ်ထောင်ဖက်တွေတောင် ပြတ်စဲကြ ကွဲကွာကြ
တသက်လုံးမခေါ်မပြောဖြစ်တော့တဲ့အခါ သူစိမ်းတွေဖြစ်သွားတတ်တာမျိုး ။
မိတ်ဆွေကောင်းဆိုတာကတော့ စိတ်တူကိုယ်တူ တစိတ်တ၀မ်းတည်းမဟုတ်ရင်တောင်
မတူညီကွဲပြားတာတွေကို နားလည်လက်ခံပေးနိုင်သူ
ရင်ဖွင့်စရာတွေရှိလာတဲ့အခါ မိမိဆီကိုလာပြီး
မိမိကရင်ဖွင့်တဲ့အခါမှာလည်း အတူတူပျော်ပေးသူ အတူတူငိုပေးသူ။
တခါတလေတော့ လူဆိုတဲ့သဘော အကဲမဖြတ်နိုင်တာမျိုးလည်းရှိတယ်
ကြာကြာပေါင်းလေ အကြောင်းသိလေဆိုသလို
တခါတရံ တံလျှပ်လို လက်ရုံသာလက်တဲ့ တခဏတာအဖော်လာလုပ်တာမျိုးလည်းရှိတတ်တယ်
ခွဲခြမ်းစိတ်ဖြာဖို့ခက်ပေမဲ့ နှစ်တွေကြာလာတာနှင့်အမျှ ပိုနားလည်သဘောပေါက်လာမှာမျိုးပေါ့
လူဆိုတာ အမိတ၀မ်းတည်းဖွားတာတောင် အမြင် သဘောထား အကြိုက်မတူတာမျိုးတွေရှိတယ်
ဒါကို ကိုယ့်အကြိုက် ကိုယ့်စိတ်ဆိုတဲ့ပေတံကြီးနဲ့လိုက်တိုင်းပြီးပေါင်းသင်းရင်တော့ မောရုံပဲရှိမပေါ့
မိတ်ဆွေကောင်းရဖို့ဆိုတာ ဦးဆုံး မိမိကမိတ်ဆွေကောင်းဖြစ်ဖို့လိုတယ်။
မိတ်ဆွေကောင်း ဟုတ်မဟုတ်ဆိုတာကလည်း ပေတံနဲ့တိုင်းထွာသလို
အလွယ်တကူ ခန့်မှန်းတိုင်းတာလို့ရတဲ့အရာတော့မဟုတ်ပေဘူး
သို့ငြား တခုခုအရေးကြုံလာတဲ့အခါ ...
အခက်ခဲတွေ တိုက်ခိုက်မှုတွေ စွပ်စွဲမှုတွေ ကိုယ့်အနားဝန်းရံလာတဲ့အခါ
အနားမှာသူက ၀ိုင်းကြံ့ကြံ့ခံလို့အတူရှိနေပေလိမ့်မယ်
တလောကလုံးက သင့်ကိုအထင်မြင်မှားနေတဲ့အချိန်မျိုးမှာတောင်
သူများယောင်လို့လိုက်မယောင်ပဲ မိမိအကြောင်းကောင်းကောင်းသိပြီး
ယုံကြည်စွာ မိမိဘက်ရပ်တည်ပြီး အားပေးနှစ်သိမ့်ပေးမယ့်သူပေါ့။
နှုတ်ဖျားဆီက စကားလုံးတွေက စီးဆင်းဖို့ခက်တယ်။
မင်းအတွက် ကိုယ်အဆင်သင့်ပါ မိတ်ဆွေကောင်းပါ လို့လည်း ဘယ်တော့မှမပြောဘူး
ပေတံမဟုတ်ပေမဲ့ ရင်ထဲမှာ ဘယ်သူဟာ ဘယ်လောက်ထိပဲပေါင်းလို့ရတယ်
ဘယ်သူဟာ ရင်ထဲမှာ နက်ရှိုင်းစွာ အမြစ်တွယ်အလေးထားနေတယ် အဲဒီ့စိတ်ကလေးရှိတယ်
လိုတဲ့အချိန်မှာ သူမသိလိုက်ပေမဲ့လည်း လုပ်ပေးနိုင်သမျှအကုန်လုပ်ပေးလိုက်မယ်
ဒါပေမဲ့ ဘယ်သူ့ကိုမဆိုအဆင်ပြေသလိုပေါင်း အဲဒါမျိုးစရိုက်တော့မကြိုက်ဘူး
စရိုက်ဆန်တယ် ပြီးတော့ အန္တရာယ်များတယ် ပြီးတော့ အချိန်တွေနှမြောဖို့ကောင်းတယ်
သနားဖို့အကောင်းဆုံးက လိုက်ညှိနေရတာတွေနဲ့ စိတ်ဒုက္ခတွေပေါ့။
ဘုရားရှင်တောင်ဟောသောတရား အသေ၀လာစ ဗာလာနံတဲ့။
စရိုက်ကောင်းသော်လည်း မကိုက်တဲ့စရိုက်နဲ့ စရိုက်မကောင်းသောသူဆို မပေါင်းချင်ပါ
ရောင်စုံ ကြက်တောင်ပံကြော်
-
ဒီနေ့ ဒင်ဒင်ကတော့ ရောင်စုံ ကြက်တောင်ပံကြော် နဲ့ ပဲကြာဆံ အချို
ကြော်လေးပါ။ကြက်တောင်ပံကြော် လေးက တစ်ခါမှ အဲ့လိုကြော် မစားဖူးဘူး။ အနံ့လေး
မွှေးပြီး အရမ်းစား...
1 week ago
2:01 PM
ကျော်နှင်းဆီလွင်
Posted in


6 comments:
စဉ်းစားစရာ အတွေးလေးပါ ညီမလေးရယ်။
လူဆိုတာ.. လူ့အသိုက်ဝန်းလူ့ဘောင်နှင့် ကင်းကွာလို့မရဘူးဆိုတာပဲလေ နော်..
သူငယ်ချင်းပေါ့လေ... လို၇င်အကူအညီပေးလိုက်တာပါပဲ..တခါတလေ မကိုက်ညီလဲ တချို့အချက်တွေမသိချင်ယောင်ဆောင်လို့ရရင် လဲဆောင်လိုက်တာပဲ..မရတော့ဘူးဆိုမှ..
တိုက်တိုက်ဆိုင်ဆိုင်
ခုတလော ဒီလူတွေနဲ့ပက်သက်ပြီး
နဲနဲခေါင်းရှုပ်စရာတွေနဲ့ ထွေနေခဲ့တာ မရေ...
မညရေ အမှန်ပဲနော် လူ့ဘောင်နဲ့ကင်းကွာလို့မရတော့လည်း
မမိုရေ မရတော့ဘူးဆိုမှ...ပြီးတော့ ဘာလုပ်ပစ်လိုက်လဲဟင်
:D
ခွန်ရေ စိတ်ရှုပ်မနေပါနဲ့ တခါတလေကျတော့လည်း တည့်တည့်ဝင်တိုက်ပစ်လိုက်ပြီး များသောအားဖြင့် ဥပေက္ခာပြုလိုက်တာကောင်းတယ်။
;)
တို့ကတော့ သူငယ်ချင်း အတော်နဲတယ်
မူလတန်းဘဝမှ အရမ်းအရမ်းကို ခင်ရတဲ့ သူငယ်ချင်းတယောက်ရှိခဲ့တယ်
နယ်ပြောင်းရင်း ခွဲခဲ့ရတာတောင် လတိုင်း စာမှန်မှန်ရေးခဲ့တာ
သူလဲ တခြားထပ်ပြောင်းတော့ လိပ်စာတွေလွဲပြီး အဆက်အသွယ်ပြတ်သွားတော့တာ
အလယ်တန်းနှစ်မှာ အရမ်းခင်တယ်လို့ သတ်မှတ်ထားတဲ့သူငယ်ချင်းကြောင့်
စိတ်ဒါဏ်ရာအကြီးအကျယ်ရရာက သူငယ်ချင်းဆိုတာ ကြောက်သွားမိတယ်
အဲဒီကတည်းက ကိုယ့်ကိုခင်လို့ လာပေါင်းမှ သူငယ်ချင်းဖြစ်တော့တာ
တက္ကသိုလ်မှာ အခန်းထဲ အယောက် (၅၀)ဝန်းကျင်ဘဲရှိလို့ အားလုံးကို သိပေမယ့်
အားလုံးက သူငယ်ချင်းတော့ မဟုတ်ခဲ့ဘူး
အဆောင်တူသူငယ်ချင်းတွေရယ် အတူထိုင်တဲ့သူငယ်ချင်းတွေရယ်
ဒါတွေကဘဲ ကိုယ့်အတွက် ခုချိန်ထိ သူငယ်ချင်းပေါ့
မြန်မာစကားမှာ အသိ မိတ်ဆွေ သူငယ်ချင်း စတာရှိသလိုပေါ့
ဂျပန်စကားလုံးအလိုက်အတိုင်း 友達 友人 親友 同級生 知り合い 同僚
လို့ ကိုယ့်ဘောင်လေးနဲ့ကိုယ် သတ်မှတ်ထားမိတယ်
တို့အတွက်တော့ မဖြစ်နိုင်ဘူးဆိုတာ သိရက်နဲ့
友達 友人ဆိုတာကိုပါ 親友ဆိုတဲ့ဘောင်ထဲ ဆွဲထည့်ထားချင်တဲ့အတွက်
အတော်ကျဉ်းမြောင်းသွားတယ် ပြောရမယ်ထင်တယ် :)
မြရွက်ဝေသောသူငယ်ချင်းသို့
လူတွေဟာကြီးပြင်းဖြတ်သန်းပြုစုပျိုးထောင်လာခဲ့ရတဲ့ဘ၀ပေါ်မူတည်ပြီး ကိုယ်စီကိုယ်စီကွဲပြားကြတာသဘာဝပါ။
အကြိုက်မတူရင်ရန်သူဆိုတာမျိုး မဟုတ်ပဲ
ဒီ့အတွက် တယောက်နဲ့တယောက် သူ့အကြိုက် ကိုယ့်အကြိုက် တလှည့်စီ ဦးစားပေးနားလည်ပေးသွားရင် ပြီးတာပါပဲ။
မြရွက်လို (ရိုက်ရတာမောလို့ဝေဖြုတ်လိုက်ပါတယ်ကွယ်:))
လူတွေအပေါ်ကိုယ့်ဆန္ဒကိုသိပ်ပြီး ဦးစားပေးထုတ်မပြောတတ်သူမျိုးဟာ တခါတလေ ပိုခံရတတ်တာနားလည်ပါတယ်။
ဒါပေမဲ့လူမှုပေါင်းသင်းဆက်ဆံရေးဟာစရိုက်မတူရင် ရေရှည်မှာစိတ်အနှောင့်ယှက်ဖြစ်ရုံတင်ဆို သည်းခံကျိုးနပ်ပေမဲ့ တခါတလေ မလိုတဲ့အပိုပြသနာတွေပါလိုက်ရှင်းရတဲ့ လူ့မှုအသိုက်ဝန်း ဆက်နွယ်မှုမျိုးတွေလည်း ရှိတတ်တာမို့ တအားစိတ်ပျက်ပါတယ်။
ဒီလိုအသိမျိုးဆိုရင်တော့ အသိများများရှိတာထက်
ကောင်းမွန်တဲ့မိတ်ဆွေအနည်းစုသာ ကိုယ့်အနားရှိတာ
ပိုကောင်းပါတယ်။
;)
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ