ကျေးဇူးတင်တယ်ဆိုတာ ဂျပန်ရဲ့ဓလေ့အရဆိုရင်တော့
ဂျပန်တွေဟာကျေးဇူးတင်စကားကို
အလွန်သုံးတာပဲလို့တွေးမိဘူးပါတယ်
အမေ၇ိကားလိုမျိုးအနောက်တိုင်းနိုင်ငံတွေမှာလည်းသုံးပေမဲ့
သူတို့သုံးတဲ့ပုံစံက အရမ်းကိုသက်တောင့်သက်သာ၇ှိလွန်းလှတယ်။
မျက်ခုံးနှစ်ခုကိုပင့်ပြီး ရင်ခေါင်းထဲကလာတဲ့အသံမျိုးနဲ့
မျက်ဝန်းထဲမှာကျေးဇူးတင်စိတ်ကိုဖော်ပြပြီး အိုး သင့်ခ်ယူ လို့
တခွန်းအပြောခံလိုက်၇၇င် အတော်ကြီးကို ဝမ်းသာကျေနပ်ဖွယ်ကောင်းတယ်လို့
တွေးမိတယ်။ ဂျပန်ကျပြန်တော့လည်း အတင်လွန်နေတယ်။
ထပ်ခါထပ်ခါ ခါးလေးတညွတ်ညွတ်နဲ့
အကြိမ်ကြိမ်ပြောနေလိုက်တာ စိတ်အိုက်လာတဲ့အထိပါပဲ။
နိုင်ငံအသီးသီးကလူမျိုးစုံနဲ့တွေ့ထိဆက်သွယ်ဖူးလာတဲ့အခါ
အမျိုးမျိုးလေ့လာသုံးသပ်ဆင်ခြင် နှိုင်းယှဉ်ခွင့်တွေလည်း ရလာပါတော့တယ်။
အဲလိုနှိုင်းယှဉ်ကြည့်တဲ့အခါ မြန်မာတွေဟာ
ကျေးဇူးတင်စကားသိပ်မဆိုတတ်တာ
ထင်းထင်းကြီး မြင်သာသုံးသပ်မိပါတော့တယ်။
မိမိနဲ့ဘက်တူရွယ်တူများတွင်မတော့
ဘာမဟုတ်တာလေးဖြင့် ကျေးဇူးတင်စကားဆိုလိုက်လျှင် ပိုလေးသည်။
မသိချင်ယောင်ဆောင်ကြတာများပေသည်။
အထူးသဖြင့် မိမိအောက်ဘက်သားလို့ထင်မိလျှင်ဖြင့်
မိမိကအခွင့်ထူးခံပုဂ္ဂိုလ်ကြီးလို မိမိအားဝတ်ပြုနေလေသည့် ပုံစံဖြင့် နေသည်ကို
တွေ့ရသည်လည်းများပေ၏။
အမှန်တော့ မြန်မာသည် ရှေးကဓလေ့ရိုးရာကို နောက်ကြောင်းကောက်ကြည့်လျှင်ဖြင့်
တလုပ်စားဖူးသူ့ကျေးဇူး၊ ဆရာကိုကျေးဇူးကန်းလျှင်အာခေါင်လှံစူးသည် ကဲ့သို့သော
ကျေးဇူးတရားနှင့်ပတ်သက်လျှင် ဤမျှအလေးနက်ထားသော စကားပုံများရှိသည်ကို
ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပေသည်။
သို့ငြား ၃၈ဖြာမင်္ဂလာတ၇ားတော်များသင်ကြား၇သည်က မူလတန်းအ၇ွယ်မို့
ခေါင်းထဲမစွဲလေေ၇ာ့သလား။
သို့မဟုတ် မိမိပင်သူတော်တွေနှင့်အတွေ့နည်းလေေ၇ာ့သလား။
ကိုယ်ငယ်စဉ်ကဖတ်ဖူးတဲ့စာအုပ်ကိုမှတ်မိပါသေးသည်။
ေ၇းသူကား ဒေးလ်ကာနက်ဂျီ။ စာအုပ်ခေါင်းစဉ်ကား မမှတ်မိတော့ပေ။
ဥပမာတွေးကြည့်ကြ၇အောင်
အမေက အိမ်မှာကိုယ်ကြိုက်တဲ့ဟင်းကလေးသီးသန့်ချက်ကျွေးတယ်။
အား၇ပါး၇စား၇ုံမဟုတ်ပဲ အား သိပ်စားလို့ကောင်းတာပဲ ဒါကြောင့်အမေ့ကိုချစ်တာလို့
သွယ်ဝိုက်တဲ့နည်းဖြင့်ကျေးဇူးတင်စိတ်ကိုဖော်ပြတဲ့စကားလေးပဲ ဆိုကြည့်ပါဦး။
မြေကြီးလက်ခတ်မလွဲ ကြည်နူးဝမ်းသာသွားမယ့်အမေပါ။
ကိုယ်ကတော့ဆိုပါတယ်။
၇င်ထဲကကျေးဇူးတင်စိတ်ကိုကပဲ ကြီးလေးလေေ၇ာ့သလားမသိ။
ကိုယ့်နဲ့အဆင်မပြေသူကိုတောင်မှ
သူက ငါ့ကိုလေ အဲဒီတုံးက အဲလိုလေးကောင်းခဲ့ဖူးတာ ကျေးဇူးတင်စ၇ာပဲ လို့
တွေးမိ၇ုံနဲ့တင် တဖက်သားအပေါ်ထားမိတဲ့ ဒေါသမောဟစိတ်ဟာ
အလိုလိုလျော့သွားတာမျိုး စိတ်အေးချမ်းသွားတာမျိုးပါ။
ပေါ်လီယာနာ လိုမျိုး အကောင်းဘက် အပြုသဘောဆောင်တဲ့ဘက်ကို တွေးဖို့
အဲဒီဘက်ကို ဆွဲသွားဖို့ဆိုတာ လူ့ဘဝနှင့် လူမှုပေါင်းသင်းဆက်ဆံေ၇းမှာ
အလွန်အေ၇းကြီးပါတယ်။ေ၇ှ့မှာတော့ အား သူကနည်းနည်းစွမ်းတယ်
လိုတာ၇ှိ၇င်ပြောလို့၇အောင် ပေါင်းထားမှဆိုတာမျိုးနဲ့
ကွယ်၇ာမှာအလေးနက်မထားပေမဲ့ အဲလိုစိတ်မျိုးဟာလည်း
တကယ်တမ်းတော့ ဖုံးကွယ်မ၇ ၇ိပ်မိလွယ်တာမျိုးပါ။
အဲလိုမိတ်ဖွဲ့မှုမျိုးသာဆို၇င် စစ်မှန်တဲ့မိတ်ဆွေ သင့်အနားမှာလျော့နည်းလာပါလိမ့်မယ်။
လေးစားအားကျမိတဲ့ဂျပန်၇ဲ့အားသာချက်တစ်ခုက
ကျင့်ဝတ်၊အပြုမှုနှင့်စိတ်ထားကို အလေးအနက်ထားပြီး စနစ်တကျ သင်ကြားခြင်းပါ။
ဒါဟာလည်းတန်ဆေးလွန်ဘေးဆိုသလိုပါပဲ
လိုတာထက်လွန်တော့လည်း သဘောမကျမိဘူး၇ယ်လို့ တွေးမိပေမဲ့
၇ှိသင့်သလောက်လည်း၇ှိဖို့လိုတာ မမေ့စေလိုပါ။
ရောင်စုံ ကြက်တောင်ပံကြော်
-
ဒီနေ့ ဒင်ဒင်ကတော့ ရောင်စုံ ကြက်တောင်ပံကြော် နဲ့ ပဲကြာဆံ အချို
ကြော်လေးပါ။ကြက်တောင်ပံကြော် လေးက တစ်ခါမှ အဲ့လိုကြော် မစားဖူးဘူး။ အနံ့လေး
မွှေးပြီး အရမ်းစား...
1 week ago
12:01 PM
ကျော်နှင်းဆီလွင်


4 comments:
မှတ်သားစရာလေးတွေပါ ညီမလေးရယ်။ ကျေးဇူးတင်ပါတယ်လို့..
“မျက်ခုံးနှစ်ခုကိုပင့်ပြီး ရင်ခေါင်းထဲကလာတဲ့အသံမျိုးနဲ့
မျက်ဝန်းထဲမှာကျေးဇူးတင်စိတ်ကိုဖော်ပြပြီး” ပြောသွားပါတယ်နော်။ :D
အရမ်းကောင်းတဲ့ပို့စ်..။
ကိုယ်ကတော့ ကျေးဇူးတကယ်မတင်နိုင်ပဲနဲ့ ပါးစပ်ကြီးကပြောမထွက်။ ထွက်လဲ ရင်ထဲကမပါတာ ကိုယ့်ဟာကိုယ်သိပီးပြုံးမိမှာ။
ဒါပေမဲ့ မဇာခြည်သိလား ..။ ဂျပန်လူငယ်ပိုင်းတွေမှာလဲ အခုဆို ..အကျင့်ပျက်စပြုနေပီ။..ပါးစပ်ကပဲပြောပီး စိတ်ကမလာတဲ့ သမာရိုးကျတွေပြောဆိုတတ်နေပီနော်။ ၀မ်းနဲစရာပဲ။
ဟုတ်တယ်..မြန်မာအများစုက ကျေးဇူးတရားအကြောင်းတွေ ထဲထဲဝင်ဝင်သင်ခဲ့ရပီး ကျေးဇူးရှိမှ ကျေးစွပ်တာဆိုတာ လက်တွေ့အတော်များတယ်။ ကျေးဇူးမတင်လဲနေပါစေတော့ ကျေးမစွပ်ရင်တော်ပါပီ။ ဒါကတချက်
ကိုယ်မြန်မာပြည်မှာနေတုန်းက ကျေးဇူးလို့ပြောရမှာမေ့တတ်တယ်။ အကြောင်းက သူလုပ်ပေးတာ ကိုယ်အသိအမှတ်ပြုတယ်။ ကိုယ့်အနေနဲ့ သူဘာလိုလို ပြန်ကူညီပေးမယ်ပေါ့။ ဒါပေမဲ့ အဲဒီမှာ အဲ့အမကဂျပန်တွေရဲ့ စက်ကတ်ကြေး ကိုယ်ကအဲ့မှာအလုပ်လုပ်တိုင်း ကိုယ်လိုသမျှအားလုံးကူညီပေးတိုင်း ..အဲ့အမကထုတ်ကိုပြောတယ်..ကျေးဇူးလို့ တခွန်းမှမပြောလို့တဲ့..။အာ..အမကလဲ..အမကိုကျေးဇူးမတင်လို့ ဟုတ်ဘူးလေ..မပြောမိတာဆိုတော့ အဲ့အမက သင်ပေးတယ်။ကျေးဇူးလို့ပြောရမယ်တဲ့..။အဲ့ကထဲက ကိုယ်လည်း ကျေးဇူးပြောတတ်လာတယ်။
နောက်တချက် ဒီနိုင်ငံရောက်တော့ အားပါး..တွေ့သမျှသူတွေက ခေါင်းငုံ့ပီးပြောကြတယ်။ ရောက်စက တသက်လုံးခေါင်းမငုံတတ်ခဲ့တဲ့ ကိုယ့်အဖြစ်မြင်ကြည့်ပါ...။ အင်းခုတော့လဲ နေသားကျသွားပါပီ။
နောက်တခု ..ဟုတ်တယ် မြန်မာတွေက ကျေးဇူးလို့ပြောလိုက်ရမှာကိုမေ့နေကြတာ။ ငယ်ငယ်က မသိလို့သာ အိမ်မှာထမင်းစားတိုင်း..ဟာ..ဒီဟင်းသိပ်ကောင်းတာပဲ..အရမ်းစားချင်နေတာ လို့ မပြောခဲ့မိခဲ့ဘူး အတော်ကြီးလို့ သိတတ်ချိန်မှာလုပ်မိတော့ .. ဟင်းချက်ပေးသူတွေက ကျေနပ်လို့...။ အဲဒီလိုနဲ့ ဘယ်အိမ်သွားသွား ခုချိန်ထိပဲဆိုပါတော့... အဲလိုပြောပီး ညာစား..အဲ စားတတ်လာတော့ ဟင်းတွေလဲအားလုံး ကိုယ့်အကြိုက်လေးတွေဖြစ်ရော..ကိုယ်တွေ့နော်..။
ဂျပန်တွေရဲ့ ကျေးဇူးကတော့
မြန်မာတွေအနေနဲ့ နဲနဲအိုဗာဖြစ်နေတာ
အမှန်ဘဲ မရေ။
စိတ်ထဲမှာ ရှိလည်းပြော မရှိလည်းပြောဆိုတော့
ကြာတော့ ဘယ်ဟာက အမှန်လဲဆိုတာ မသိတော့ဘူး။
ဒါပေမယ့် အခုတော့ မမိုမိဂျိပြောသလိုဘဲ အသားကျသွားပါပြီ။
အသားအကျမလွန်အောင်လဲ ကြိုးစားရအုံးမယ် မရေ။
ဘာလို့လဲဆိုတော့ ခွန်တို့က မြန်မာတွေမဟုတ်လား....
ပျော်ရွင်ပါစေ
ခွန်သဒ္ဒါ
မညရေ မျက်ခုံးပင့်သွားတယ်လား အဟားဟား
မမိုရေ အဲဒီ့နည်းတော့မမိုဆီကပြန်သင်ရမယ်
ညီမက လုပ်ပေးချင်အောင်သိပ်မချွဲတတ်ဘူး
တခုခုလိုချင်ရင် ရမလား မရဘူးလားပြော ဆိုတာမျိုးမို့
အိမ်ကလူကအမြဲပြောတယ် ချိုချိုသာသာလေးတောင်းဆိုတတ်အောင်ကျင့်တဲ့ အဟဲ
ခွန်ရေ
အားလုံးကို အမတို့ ကိုယ်ပိုင်ဓလေ့လေးတွေနဲ့ ညှိပြီး
လိုတိုး ပိုတာလျှော့ကအကောင်းဆုံးပေါ့နော်
;)
Post a Comment
ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ