မရေးတာကြာတော့ ရေးချင်တာတွေအများကြီးထဲကမှ လတ်တလော ၀ယ်သုံးဖြစ်တဲ့မိတ်ကပ်ရည်
အကြောင်းပဲ စရေးလိုက်ပါတယ်။
ကျမက မျက်နှာမှာဝက်ခြံတို့အဖုတို့ ဟိုးငယ်ငယ်တည်းက မထွက်သလောက်ရှားတယ်။ သနပ်ခါး
သိပ်မလိမ်းသလို လိမ်းလျှင်လည်းပါးပါးလေးမို့ သူငယ်ချင်းတွေကအမြဲ မျက်နှာဗြောင်နဲ့လို့ ထင်
လေ့ရှိကြတယ်။
ဂျပန်ကနေ ဗမာပြည်ကိုခဏပြန်တော့ ဗမာပြည်မှာ နေပူလည်းမကြောက်မို့ မြန်မာပြည်မှာရှိခဲ့စဉ်
က ညီအမတွေထဲအညိုဆုံးဖြစ်တဲ့ကျမ အသားဖြူသွားပါတယ်။ သူငယ်ချင်းတွေကအဖုကင်းရှင်း
ဖြူတဲ့ (ဗမာပြည်ကလူတွေထဲပါ)ကျမကို ဘာမိတ်ကပ်လိမ်းလဲ လို့ခဏခဏမေးကြတယ်ရှင့်။
ခက်တာက ကျမကအဲသည့်တုံး က biore moisture cream ဂျပန်သုံး ကလွဲလို့ ဘာမှမလိမ်းတာ
ပါပဲ။ ဂျပန်ကလာတာဆိုတော့ အားလုံးက ဂျပန်မိတ်ပဲထင်ကြတာ။ ဖြေရတာအားနာနာပေါ့။
တကယ်တော့ကျမက သဘာဝကိုဦးစားပေးပြီး chemical သိပ်မသုံးတာကိုနှစ်သက်တာလည်း
တကြောင်း၊ နောက်တစ်ခုက ကျမကအသားရေက အလာဂျီသိပ်ဖြစ်လွယ်တယ်။ နေအရမ်းပူရင်
အနီကွက်လေးတွေ ထွက်တာတို့၊ ခြင်ကိုက်တာချင်းအတူတူ ကျမက အကြီးကြီးယောင်တာတို့
အဲဒါအပြင် နှုတ်ခမ်းနီ၊ မိတ်ကပ် အလှပြင်ပစ္စည်းတွေလည်းမတည့်တာများတယ်။ သူများတွေက
ဗီတာမင်အီးပါတာ ရှာသုံးချိန် ခေတ်စားချိန်မှာ ကျမက ဗီတာမင်အီးပါတာသုံးရင် အလာဂျီဖြစ်
ရော။ မိတ်ကပ်သုံးနေမကျတော့ သုံးလိုက်ရင် ချွေးပေါက်ပိတ်သလိုဖြစ်ပီး အဖုထွက်လာရော။
ပြီးတော့ အရောင်ကျတော့လည်း ကျမက မျက်နှာတရောင် တခြားနေရာတွေကတရောင်ဆို
မကြိုက်ပြန်ဘူး။ ပြီးတော့ ပျစ်ပြီး မျက်နှာပေါ်အားနဲ့ဆွဲရရင်လည်းမကြိုက်ဘူး။ ဘာကြောင့်ဆို
မိတ်ကပ်ဆိုတာနေ့တိုင်းလိမ်းပီး နေ့တိုင်းအဲလိုဆွဲရင် အရေပြားတွန့်တယ်လို့ထင်လို့ပါ။
ခုနောက်ပိုင်း bb creamလို့ခေါ်တဲ့ all in one မိတ်ကပ်တွေတအားခေတ်စားလာတယ်။ မိတ်
ကပ်လိမ်းသူမဟုတ်တော့ ဗမာပြည်ကလာလည်တဲ့သူငယ်ချင်းက လာလည်လို့ဈေးအတူသွား
ဝယ်မှပဲ ကျမက ဂျပန်မှာ bb cream ခေတ်စားနေတာ သိရတော့တယ်။
ခုနောက်ပိုင်း နွေရာသီလည်းဖြစ်လာ၊ ၆ထပ်က လေလည်းတိုက်၊ ရုံးမှာနေ့လည်ထမင်းစားချိန်
ထီးမဆောင်းပဲ ထမင်းဘူးသွားသွားဝယ်လေ့ရှိတဲ့ကျမ မျက်နှာညိုလာတာကို စိတ်အနှောင့်
ယှက်ဖြစ်လာတယ်။ အဲလိုနဲ့ ကျဲကျဲလေးဖြစ်တဲ့ BB CREAM တဗူးလောက်ဝယ်မယ်လို့စိတ်
ကူးတာ လွန်ခဲ့တဲ့ ၃လလောက်တည်းကပါ။ မိတ်ကပ်ရည်ရောင်းတဲ့ဆိုင်တွေရောက်တိုင်း အမျိုး
စားတွေကလည်းများနဲ့ တဗူးပြီးတဗူးညှစ်ပြီး လက်ပေါ် ပါးပေါ် အရောင်နဲ့မိတ်ကပ်သားစမ်းလိမ်း
ခဲ့တာ မနည်းပါဘူး။ ကျမမှန်းထားတဲ့ အကျဲအပြစ်အချိုးစား၊ အရောင် ကို စိတ်ကြိုက်မတွေ့ပါ
ဘူး။ အမြဲစိတ်ထဲ တခုခုလိုနေသလိုချည်းပါပဲ။
အဲလိုနဲ့ တနေ့က ရုံးအပြန်နှစ်ဦးသားခေါက်ဆွဲသွားစားမယ်ဆိုပြီး၊ အမျိုးသားက အလုပ်အပြန်
သွားလုပ်လေ့ရှိတဲ့ GYMရှိရာ အောက်မှာစောင့်ရင်း အဲသည့်ထဲက ဆိုင်မှာ ဟိုဟိုသည်သည်
လျှောက်ကြည့်ရင်း အသစ်ထုတ်လိုက်တဲ့ 3D မိတ်ကပ်ရည်ဆိုပြီး တွေ့တော့ စမ်းလိမ်းကြည့်
တော့ အလွန်နှစ်သက်သွားပြီးချက်ချင်းပဲဝယ်လာဖြစ်ပါတယ်။
ပစ္စည်းသစ်မို့ ပေါင်ဒါဘူးလေးတဘူးပါလက်ဆောင်ပေးပါတယ်။
ရေစိုလည်း မပျက်ပါဘူးတဲ့။

အပျစ်အကျဲလည်းအနေတော်နှင့်မပျစ်လွန်းမကျဲလွန်းပါဘူး။
ငွေရောင်မှုန်လေးတွေလည်းခပ်ပါးပါးပါပါတယ်။
လိမ်းလိုက်လျှင်မပြောင်တပြောင်နဲ့အသားလည်းညက်ပါတယ်။
မေ့နေတယ်။ ဈေးကတော့ ယမ်း 4200ပါ။
ကျမဆီမေးလ်လှမ်းပို့မေးကြတဲ့မိတ်ဆွေတွေလည်းများတာမို့ ရေးရာမှာကျန်ခဲ့တာလေးတွေ
ထပ်ဖြည့်လိုက်ပါတယ်။ ကုန်ပစ္စည်းအကြောင်းအသေးစိတ်ပါ။
brand ကတော့ only minerals လို့ခေါ်ပါတယ်။ ဒီနေရာမှာ home page ပါ။
လောလောဆယ် ရောင်းအရဆုံးနံပါတ်တစ်ဖြစ်နေတဲ့ Only Mineral BB Cream
(オンリーミネラル BB クリーム)ဟာ ထူးခြားချက် ၃ခုရှိပါတယ်တဲ့။ဒီနေရာမှာဖတ်ပါ။
1)အသားရေကိုပြောင်လက်တင်းရင်းစေပြီး၊ လင်းလက်ကာ၊ ညက်နေစေပါတယ်
2)အသက်ကြီးလာလို့ဖြစ်တဲ့ရင့်ရော်မှုကိုကုစားပေးတဲ့ဓါတ်ဖြစ်ပြီးခုတလော အလွန်ခေတ်
စားလာနေတဲ့ EGFကိုသုံးထားပါတယ်။ အခြားသော...ဓါတ်တွေကိုလည်းသုံးထားလို့ အသား
ရေတင်းရင်းနုပျိုစေခြင်းပါ။
3)မိတ်ကပ်အောက်ခံဘေ့စ်၊ ခရင်မ်၊ ဖောင်ဒေးရှင်း၊ အသားလှရည်၊ နေလောင်ခံ ဒီ၅မျိုးလုံးပါဝင်
ပြီးသားဖြစ်တာမို့ ဒီတမျိုးတည်းသုံးရုံပါပဲတဲ့။
အားလုံးပဲလှပပျော်ရွှင်ပါစေရှင်။